Introduction to Child Psychology_End of Module UNIVERSAL PATTERNS OF DEVELOPMENT ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ အရင်ပိုင်းတွေမှာပြောခဲ့တဲ့ အတိုင်း ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွေဟာမျဥ်းဖြောင့်အတိုင်းပဲ ဖြစ်ပါတယ်။ အခြားကလေးများကို လေ့လာရင်း သူတို့တွေ ခုလိုအခြေအနေတွေဖြစ်နေရတဲ့ အချိန်တွေကို သိနားလည်လာရတယ်။ ကိုယ့်ဘေးက ရှိနေတဲ့ လူကြီးသူမတွေကိုလည်း လေ့လာမိပြန်တယ်။ ကိုယ့်မိတ်ဆွေ တွေကိုလည်း ကြည့်ပြီး သူတို့ ခုလိုတွေ ဖြစ်နေတာဘာကြောင့်လဲဆိုပြီးတွေးမိပြန်တယ်။ တကယ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ မိတ်ဆွေက ခုအချိန် စကားတွေ ဖောင်ဖွဲ့နေနိုင်အောင် ပြောဆိုနိုင်နေပေမယ့် ငယ်ငယ်တုန်းကတော့ အသံနဲ့ အမူအယာနဲ့ပဲ ပြောဆိုဆက်ဆံနိုင်ခဲ့တယ်။ ဘယ်နို့စို့အရွယ်ကမှ မွေးရာပါဘာသာစကားတွေ ကျွမ်းကျင်မနေပါဘူး။ ဒါပေမယ့် သူတို့က ဘာသာစကားတစ်ခုကို လေ့လာနိုင်ဖို့ စွမ်းရည်တော့ ပါလာတယ်။ ဒါကလည်း သူတို့ မိဘတွေ၊ပတ်ဝန်းကျင်မှာ ရှိတဲ့ ဘာသာစကားဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ပုံစံက ကလေးတိုင်းမှာရှိပါတယ်။ ပျမ်းမျှအနေနဲ့ ဆိုရင် ကလေးတွေ ၆ လ သားမှာ ထိုင်တတ်လာတယ်။ တစ်နှစ်လောက်မှာ စကားစပြောလာတယ်။ စိတ်ကူးယဥ်တွေးတောနို...
This blog is to share knowledge and experiences of my life