Introduction to Child Psychology_End of Module
UNIVERSAL PATTERNS OF DEVELOPMENT ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ
အရင်ပိုင်းတွေမှာပြောခဲ့တဲ့ အတိုင်း ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွေဟာမျဥ်းဖြောင့်အတိုင်းပဲ ဖြစ်ပါတယ်။ အခြားကလေးများကို လေ့လာရင်း သူတို့တွေ ခုလိုအခြေအနေတွေဖြစ်နေရတဲ့ အချိန်တွေကို သိနားလည်လာရတယ်။ ကိုယ့်ဘေးက ရှိနေတဲ့ လူကြီးသူမတွေကိုလည်း လေ့လာမိပြန်တယ်။ ကိုယ့်မိတ်ဆွေ တွေကိုလည်း ကြည့်ပြီး သူတို့ ခုလိုတွေ ဖြစ်နေတာဘာကြောင့်လဲဆိုပြီးတွေးမိပြန်တယ်။ တကယ်စိတ်ဝင်စားစရာ ကောင်းပါတယ်။
မိတ်ဆွေက ခုအချိန် စကားတွေ ဖောင်ဖွဲ့နေနိုင်အောင် ပြောဆိုနိုင်နေပေမယ့် ငယ်ငယ်တုန်းကတော့ အသံနဲ့ အမူအယာနဲ့ပဲ ပြောဆိုဆက်ဆံနိုင်ခဲ့တယ်။
ဘယ်နို့စို့အရွယ်ကမှ မွေးရာပါဘာသာစကားတွေ ကျွမ်းကျင်မနေပါဘူး။ ဒါပေမယ့် သူတို့က ဘာသာစကားတစ်ခုကို လေ့လာနိုင်ဖို့ စွမ်းရည်တော့ ပါလာတယ်။ ဒါကလည်း သူတို့ မိဘတွေ၊ပတ်ဝန်းကျင်မှာ ရှိတဲ့ ဘာသာစကားဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု ပုံစံက ကလေးတိုင်းမှာရှိပါတယ်။ ပျမ်းမျှအနေနဲ့ ဆိုရင် ကလေးတွေ ၆ လ သားမှာ ထိုင်တတ်လာတယ်။ တစ်နှစ်လောက်မှာ စကားစပြောလာတယ်။ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းကို အသက် ၁၂ နှစ်မှာ ဖြစ်လာတယ်။ ဝမ်းလျားမှောက်မသွားတတ်ခင် ကလေးငယ်က ထိုင်တတ်မှဖြစ်မယ်။
ဒီလိုပဲ ဘယ်ကလေးငယ်မှ သူတို့ မူလ အုပ်ထိန်းသူ မဟုတ်တဲ့ အခြားလူတွေနဲ့ သွားပြီး ဆက်ဆံမှု မပြုနိုင်ပါဘူး။ ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အမြဲ ရှေ့တစ်ခုပြီးမှ နောက်တစ်ခုဖြစ်လာပါတယ်။
ဟုတ်တယ် ကလေးတိုင်းကတော့ တူညီတဲ့ ပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်လာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အလျင်အတိုင်း ဖွံ့ဖြိုးကြပါတယ်။
အဲဒီလို လူတိုင်းရဲ့ ကိုယ်ပိုင် အလျင်၊အစဥ်တွေကို စုပေါင်းလိုက်တဲ့ အခါ ပျမ်းမျှအနေနဲ့ ဘယ်လိုအခြေအနေမှာ ဘယ်လို အရည်အသွေးမျိုး ပိုင်ဆိုင်သင့်ပြီးလဲ ဆိုတာကို ခန့်မှန်းမိတော့တယ်။
ကလေးတွေက ၁ နှစ်လောက်မှာ လမ်းလျှောက်နိုင်ပြီ ဆိုပေမယ့် အချို့က ၉လ သားတင် လမ်းလျှောက်နိုင်နေတာမျိုး၊ အချို့ဆို ၁၀လ သားမှ၊ အချို့ ဆို ၁၅ လ လောက်မှ လမ်းလျှောက်နိုင်တာမျိုးလည်း ရှိတယ်။
ဒါ့ကြောင့် ကလေးသူငယ်စိတ်ပညာရှင်တွေက ကလေးသူငယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို ခြုံငုံလေ့လာပြီး ပျမ်းမျှအနေနဲ့ အများစုပိုင်းမှာသေချာ ဖွံ့ဖြိုးနေပြီး အချို့ အပိုင်းမှာ ဖွံ့ဖြိုးမှု နှေးနေတဲ့ အခါ မိဘတို့ စိုးရိမ်တာမှန်ပြီး တကယ့်ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသသင့်ကြောင်းကို သုံးသပ်ပါတယ်။
ဥပမာ ကလေးငယ်က ၁၂ လ မှာ လမ်းစလျှောက်တာ ပုံမှန် ဆိုရင် ၉ လ နဲ့တင် လမ်းလျှောက်ရင်စောတာဖြစ်ပြီး ၁၅ လထက် ပိုပြီး နောက်ကျ နေရင်တော့ မိဘတို့ စိုးရိမ်တာ မှန်တယ်ဆိုတာမျိုးပါ။
Individual Differences in Development
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံရှိနေပေမယ့် ဘယ်ကလေးမှ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။
သူတို့ရဲ့ ကြိုက်နှစ်သက်မှုပုံစံ၊ သူတို့ စိတ်ဝင်စားတဲ့ အရာ၊ သူတို့ ကျွမ်းကျင်မှုအပိုင်း၊ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူတို့ ဘယ်လို စကားပြောလဲ၊ သူတို့ ဘယ်လိုပုံစံရှိလဲ၊ သူတို့ ဘယ်လိုပြုမူနေထိုင်လဲဆိုတာတွေကြောင့် တစ်ယောက်ခြင်းစီရဲ့ ကိုယ်ကျင့်စရိုက်တွေ၊ ကျွမ်းကျင်မှုတွေ၊ စိတ်နေစိတ်ထားတွေ ပါ မတူညီကြတာဖြစ်ပါတယ်။
တစ်အိမ်ထဲနေတဲ့ မောင်နှမသားချင်းတွေကို လေ့လာတဲ့အခါ အချို့က မိဘစကားကို လုံးဝနားထောင်ပြီး ငြိမ်ငြိမ်နေတယ်၊ အချို့ကတော့ ရရင် ရသလို လွန်ဆန်တယ်။ အချို့က အမြင့်ခုန်နိုင်ပေမယ့် အချို့ က နိမ့်နိမ့်ပဲ ခုန်နိုင်တယ်။
အဲဒီလို ကလေးတစ်ဦးစီတိုင်းမှာ မတူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရှိတာကို သိနားလည်လာတဲ့ အခါ မိဘတွေ၊အုပ်ထိန်းသူတွေက အခြားလူတွေနဲ့ နှိုင်းယှဥ်တာမျိုး မလုပ်ဖို့လိုတာကို သဘောပေါက်လာလိမ့်ပါမယ်။
ဒါ့အပြင် ကလေးငယ်တစ်ဦးရဲ့ အမျက်ဒေါသကြီးပုံကို ဒီအတိုင်းပြစ်ထားလိုက်တာမျိုး မလုပ်ဘဲ မိဘတွေက ကြိုးစားပြီး ပြောပြဖို့ လိုတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေရတာကိုမှန်တယ်၊ သင့်တော် တဲ့ တုံ့ပြန်မှု လို့ ထင်နေရလဲဆိုတာ လေ့လာဖို့ လိုပါတယ်။
အချို့ အခြေအနေမှာ ကလေးငယ်က ဒီလိုလုပ်တာက လူကြီးသူမ တို့ရဲ့ အာရုံစိုက်မှုကို လိုချင်တာမျိုးကြောင့်ဖြစ်တယ်။ လူကြီးတွေက သူ့တို့ကို အာရုံမစိုက်တဲ့အခါ ကလေးငယ်တို့က မလုံခြုံမှုကို ခံစားလာရတယ်။
ကလေးအများစုရဲ့ အမူအယာတွေဟာ လူကြီးတွေရဲ့ အမူအယာတွေပေါ်မှာ အုတ်မြစ်တည်နေတယ်။
Understanding Human Behavior လူတွေရဲ့ အပြုမူတွေကို နားလည်ခြင်း
ဒီလောက်ဖတ်လာရရင် ခု ကိုယ့်ကိုယ့်ကို ပြန်သုံးသပ်မိနေလောက်ပါပြီ။
ခုအချိန်ထိ ကိုယ်တိုင် ပြဿနာတွေကို ဘယ်လိုရှင်းလဲ၊ လူတွေကို ဘယ်လိုဆက်ဆံလဲ၊ ကျရုံးရှုံးတဲ့အခါ ဘယ်လို ပြုမူလဲ၊ အောင်မြင်တဲ့အခါဘယ်လို ပြုမူလဲ ဆိုတာ ကို ပြန်သုံးသပ်မိမှာပါ။
ကလေးငယ်က မိဘတွေရဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝမရတဲ့ အခါ လူကြီးဖြစ်တဲ့ အခါ မလုံမခြုံစိတ်တွေ လွှမ်းပြီး ဘယ်သူမှ သူ့ကို မကြိုက်ဘူးလို့ ခံစားမိလာတယ်။ ကလေးဘဝမှာ အမှားသေးသေးလေးတွေကို တောင် အတင်းအကျပ် အဆူခံရတဲ့ အခါ ကြီးလာတဲ့ အခါ အရာရာ အသေးစိတ်တွေးတော လုပ်ကိုင်လာလိမ့်မယ်။
ဒါပေမယ့် ခုလို အပြုအမူတွေဟာ တချိန်နဲ့ တချိန် မတူညီတတ်မှာမို့ ဒါ့ကြောင့် ဒါဖြစ်ရတယ်ဆိုပြီး မပြောခင် ကလေးငယ်ရဲ့ မျိုးစုံတဲ့ အခြေအနေတွေကို နားလည်ဖို့ လိုတယ်။
ဥပမာ။ ။ ဒွေးဆိုတဲ့ ၄ နှစ်ကလေးလေးက မူကြိုကျောင်းမှာ ဆရာမတွေ သင်ပြတာကို ငြိမ်ငြိမ်လေးနားထောင်တယ်။ ခိုင်းတာကိုလည်း လုပ်တယ်။ အခြားဘေးနားက ကျောင်းဖော် တွေနဲ့ ကစားတာမျိုးလည်းမလုပ်ဘူး။ တစ်ယောက်တည်းကစားနေတယ်။ ဒါပေမယ့် ဒွေး က အိမ်ပြန်ရောက်တဲ့အခါ အခြားလူတစ်ယောက်လို ပြောင်းသွားတယ်။ မိသားစုဝင်တွေကြားထဲ သူကျောင်းမှာ သင်လာတာတွေ ကို တက်တက်ကြွကြွပြောပြတယ်။ သီချင်းတွေဆိုတယ်။ သူ့ညီနဲ့လည်း ပျော်ပျော်ပါးပါး ပြေးလွှားဆော့ကစားနေသေးတယ်။
ဒီလိုအခြေအနေမှာ ဒွေးရဲ့ အပြုအမူကို တစ်ခုထည်းကြည့်ပြီး သုံးသပ်လို့မရဘူး။ ကျောင်းမှာရှိနေတဲ့ ဒွေးကို သုံးသပ်ကြည့်ရင် ဟုတ်တယ် သူက ရှက်တတ်တယ်။ နာခံတတ်တဲ့ကလေးလေးလို့ သုံးသပ်မိလိမ့်မယ်။
ဒါပေမယ့် က ဒွေး လေးရဲ့ စရိုက်ကို လုံးဝ သိနိုင်မှာတော့ မဟုတ်ဘူး။
အိမ် ပြန်ရောက်တဲ့ အခါ ပြုမူနေတဲ့ ဒွေးကို ပါ လေ့လာ သုံးသပ်နိုင်မှ သေချာ သိနိုင်မယ်။
Application in Day-To-Day Interactions with Children နေ့စဥ်ကလေးတွေနဲ့ ဆက်ဆံမှုကိုအသုံးချတဲ့အခါ စိတ်ထဲသေချာ မှတ်ထားဖို့ လိုမယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ က ရှိနေပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်မတူတာကိုလည်း သိနားထားရမယ်။
ဒီလိုမှ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို လေ့လာသုံးသပ်နေတဲ့အခါ ထိရှလွယ်တာကို နားလည်လိမ့်မယ်။ ပြီး တော့ ဘယ်လို ကူညီပေးရမလဲဆိုတာကို နားလည်လာလိမ့်မယ်။
တချိန်ထဲမှာပဲ ကလေးငယ်တစ်ဦးက ရောက်ရှိတဲ့ အသက်အရွယ်မှာ ရှိရမယ့် ကိုယ်ရည်ကိုယ်သွေးရှိနေလား၊ မရှိဘူးဆိုတာတွေကို မှတ်ယူထားကြတဲ့ စံတွေကို လည်း မှတ်ထားရမယ်။
ကလေးငယ်ဟာ စံသတ်မှတ်ချက်တွေထဲမှာရှိတဲ့ ဖွံ့ဖြိုးမှု မှတ်တိုင်တွေကို မရောက်နိုင်ဖြစ်နေရင် မိဘတွေ အနေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီ လိုအပ်နေတယ်လို့ ပြောလို့ရပါတယ်။
ဥပမာအနေနဲ့ ကလေးငယ်က စကားပြောရမယ့် အရွယ်မှာ စကားပြောနေရင် နောက်တစ်ဆင့်ကိုရောက်အောင် မိဘတွေက လုပ်ပေးရလိမ့်မယ်။ ဘာသာစကား ပိုကျွမ်းကျင်လာအောင် သင်ပြပေးတာမျိုးလုပ်ရမယ်။ သီချင်းလေးတွေ ဆိုပြရမယ်။ကလေးငယ်တွေနဲ့ စကားစမြည်လုပ်ဖို့ လိုလာလိမ့်မယ်။
အဲသလိုပဲ ကလေးက အဆင်သင့်မဖြစ်သေးဘဲ အဆင့်ကျော်ပြီး လုပ်ခိုင်းတဲ့အခါ မယုံမကြည်စိတ်ခံစားချက်တွေဖြစ်ပေါ်လာလိမ့်မယ်။ ကလေးငယ်တွေက ခုလို စံသတ်မှတ်ချက်ကို မသိပါဘူး။ ပြီးတော့ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာရမလဲဆိုတာကိုလည်း မသိပါဘူး။
ကိုယ့်ဘဝကို အပြည့်အဝရှင်သန်နေကြတာပါ။
ဒါ့ကြောင့် ဥပမာ ကလေးငယ်လေးတွေနဲ့ ဘာသာစကားကစားနည်းတွေကို ကစားတဲ့ ကလေးငယ်လေးတွေကို စကားပြောစေချင်လို့ဆိုတာ မှန်သလို ကစားတဲ့အခါ ကလေးငယ်လေးတွေက ပျော်ကြတယ်။
အဓိက ကတော့ ကလေးငယ်ကို သူတို့ လုပ်နိုင်တဲ့ စိန်ခေါ်မှု တစ်ခုကို သင်ယူစေဖို့ပါ။
ရှုပ်ထွေးတဲ့ အရာတွေကို သင်ယူစေချင်လို့ မဟုတ်ဘဲ သူသင်ယူပြီးတဲ့ အရာတစ်ခုကို ထပ်ပြီးနည်းနည်းလေး ပိုခက်တဲ့ အရာလေးကို သင်စေချင်လို့ဖြစ်ရမယ်။
ဒါပေမယ့် ဒီလို သင်ယူတဲ့အခါ ကလေးငယ်က သင်နေရင်း အရမ်းခက်ခက်ခဲခဲ သင်ယူနေရတာမျိုးမဟုတ်ဘဲ အကြိမ်ကြိမ်လုပ်ရင်လည်း လူကြီးက ဖြစ်စေချင်တဲ့အတိုင်း မလုပ်နိုင်ဘူးဆိုတဲ့ အရာမျိုးလည်း မဟုတ်ဘူး။
အရေးတကြီးအချက်အနေနဲ့ ပြောချင်တာကတော့ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုဟာ အခွင့်အလမ်းပေါ်မှာ ပိုပြီးမူတည်ပြီး အတိအကျ မဖြစ်မနေ ရလဒ်တွေရရမယ်ဆိုတဲ့ အတွေးပေါ်မှာ မူတည်ထားတာမဟုတ်ပါဘူး။
ကလေးဘဝမှာ ချစ်ခြင်းမေတ္တာမရလို့ လူကြီးဘဝမှာ မချစ်တတ်တော့ဘူးဆိုတာမျိုး အလုံးစုံရလဒ်တစ်ခုအနေနဲ့ ပြောမရပါဘူး။
ဒါပေမယ့် ဖွံ့ဖြိုးမှုပိုင်းမှာ ပြဿနာတစ်ခုခု ရှိတော့မယ်ဆိုတာကိုတော့ပြောလို့ရတယ်။ ဖြစ်လာခဲ့ရင်လည်း ဘာ့ကြောင့်ဆိုတာကို သိရပြီ။
တကယ်ဖြစ်မဖြစ်ဆိုတာကိုတော့ နောက်ပိုင်းမှာ သူက မိဘဆွေမျိုး တွေဆီက ဘယ်လို မေတ္တာတရား ရရှိပြီး သူကိုယ်တိုင်က ဘယ်လိုစိတ်ကျေနပ်တာမျိုး အပေါ် မူတည်ပါတယ်။
ပြီးတော့တစ်ခုမှတ်ထားရမှာက ပြင်ပအခြေအနေတွေဟာ လုံးလုံးလျားလျားကြီး ကလေးငယ်ရဲ့အပြုအမူကို လွမ်းမိုးတာမျိုးတော့ မဟုတ်ပြန်ဘူး။
ကလေးငယ် နှစ်ယောက်က တူညီတဲ့ ပြဿနာကို ကြုံတွေ့ရပေမယ့် တစ်ဦးက ရှက်ကြောက်တာမျိုး ဖြစ်နိုင်သလို၊ တစ်ဦးက သူ့ကို စိန်ခေါ်နေတာပဲ ဆိုပြီး ဒီပြဿနာကို ရအောင် ရှင်းပြတာမျိုးလည်းဖြစ်နိုင်တယ်။
သူတို့ရဲ့ စရိုက်လက္ခဏာပေါ်မူတည်ပြီး သူတို့ ရင်ဆိုင်ပုံကမတူကွဲပြားပါတယ်။
ဒါ့ကြောင့်ပဲ မိဘတွေနဲ့ စိတ်ပညာရှင်တွေဟာ ဘယ်တော့ မှ ကလေးတစ်ဦးရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တသမှတ်တည်း မဆုံးဖြတ်ကြဖို့ လိုတယ်။
တစ်ဦးခြင်းတစ်ယောက်ခြင်းက မတူညီတဲ့ဖွံ့ဖြိုးမှုလမ်းကြောင်းတွေရှိပါတယ်။
Erik Erikson’s Theory of Development
Erik Erikson ရဲ့ ဖွံ့ဖြိုးမှုသီအိုရီ က စရိုက်လက္ခဏာစိတ်ပညာထဲမှာခုအချိန်ထိ လူသိများနေပါသေးတယ်။
ဆစ်ဂမွန်ဖရွိုက်လိုပဲ စရိုက်လက္ခဏာတွေက အစီအစဥ်လိုက် ဖွံ့ဖြိုးတယ်လို့ မှတ်ယူတယ်။ ဖရွိုက်နဲ့ မတူတာက လူမှုရေးနယ်ပယ် က အရေးပါတယ်ဆိုတာပါပဲ။
Erikson ရဲ့ Psychosocial သီအိုရီတွေထဲထူးခြား တာကတော့ Ego Identity ပါ။ အဓိပ္ပါယ်ကတော့ ကလေးငယ် က လူမူရေးနယ်ပယ်ထဲကနေ မိမိကိုယ်ကို သိတဲ့စိတ်၊ မိမိကိုယ်တိုင်ဆိုတာဘာလဲ ကိုနားလည်တဲ့ သဘောဖြစ်ပါတယ်။ Identity ဆိုတာတကယ်တော့ အတွေ့အကြုံအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်တွေကြောင့် ပြောင်းလဲနေပါတယ်။
”ဒွေး” လေးရဲ့ အခြေအနေကို ပြန်သုံးသပ်ကြည့်ရင် ကျောင်းမှာရှိတဲ့ သူ့ရဲ့ Identity နဲ့ အိမ်မှာ ရှိတဲ့ Identity က မတူပါဘူး။
ကလေးငယ်တွေဟာ သူ့ရဲ့ ဖွံ့ဖြိုးမှု လမ်းစဥ်မှာ တတ်က်မြောက်ခြင်း ဆိုတဲ့ သဘောတရားကို မဖြစ်မနေလိုအပ်တယ်လို့ Erikson က ယုံကြည်ပါတယ်။ ကလေးငယ်က သူလေ့လာသင်ယူနေသမျှတိုင်းမှာ တက်မြောက်ခြင်းဆိုတဲ့ သဘောလေးမရခဲ့ရင် ကလေးငယ်က ယုံကြည်မှု အားနည်းသွားတယ်။
အဆင့်တိုင်းက အခက်အခဲလေးတွေနဲ့ ကလေးငယ်တွေက ရင်ဆိုင်ရတယ်။ ဒီအခက်အခဲလေးတွေက ကလေးငယ်အတွက် စိတ်အခြေအနေ ဖွံ့ဖြိုးတိုးတက်လာမလား မလာဘူးလားဆိုတာကို ဖြစ်စေတယ်။
ကလေးငယ်ရဲ့ အတွင်းစိတ်က ခုလို အခက်အခဲတွေကို မဖြစ်မနေအောင်မြင်အောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်လို့ သူ့ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးမှုလည်းများတယ်။ ကျရှုံးမှုကလည်း များနိုင်တယ်။
Psychosocial Stages: A Summary
Infancy (birth to 18 months)။ ။ အခက်အခဲ အနေနဲ့ ယုံကြည်မှုနဲ့ မယုံကြည်မှု လွန်ဆွဲနေတယ်။Trust vs. Mistrust။ ဒီအချိန်မှာအရေးတကြီးဖြစ်ရပ်အနေနဲ့ က အစားအစာကျွေးတာပါ (Feeding)။ ရလဒ်အနေနဲ့ကတော့ မျှော်လင့်ချက်(Hope)လေးဖြစ်လာတယ်။
Early Childhood (2 to 3 years)။ ။ အခက်အခဲ အနေနဲ့ မိမိကိုယ်ကိုထိန်းသိမ်းနိုင်မှုနဲ့ အရှက်တရားပြီးတော့ သံသယ နဲ့ လွန်ဆွဲနေတယ်။ Autonomy vs. Shame and Doubt။
ဒီအချိန်မှာအရေးတကြီးဖြစ်ရပ်အနေနဲ့ က အိမ်သာတက်ဖို့ သင်ယူခြင်းဖြစ်တယ်(Toilet Training)။ ရလဒ်အနေနဲ့ စိတ်ခွန်အား(Will)ရလာတယ်။
Preschool (3 to 5 years)အခက်အခဲ အနေနဲ့ ဦးဆောင်လုပ်တာနဲ့ နောင်တနဲ့ လွန်ဆွဲနေတယ်။ (Initiative vs. Guilt) ။ ဒီအချိန်မှာအရေးတကြီးဖြစ်ရပ်အနေနဲ့ က ဘေးပတ်ဝန်းကျင်ကို လေ့လာကြတယ်။ (Exploration)။ ရလဒ်အနေနဲ့ ကတော့ ရည်ရွယ်ချက် (Purpose) ရှိလာတယ်။
School Age (6 to 11 years) အခက်အခဲ အနေနဲ့ ကြိုးစားလုပ်ကိုင်မလား သိမ်ငယ်မှုရမလား( Industry vs. Inferiority) ကြားမှာ လွန်ဆွဲပါတယ်။ ဒီအရွယ်မှာတော့ ကျောင်တက်ကြပြီ။ ကျောင်းက သင်ယူမှုနဲ့ အတူ ယုံကြည်မှုတွေရလာပါတယ်။
Adolescence (12 to 18 years)အခက်အခဲ အနေနဲ့ မိမိကိုယ်ကို သိခြင်း နဲ့ ကိုယ်က ဘယ်သူလဲဆိုပြီး မသိမှုမှာ လွန်ဆွဲနေပါတယ်။ (Identity vs. Role Confusion)ဒီ အချိန်မှာ အရေးတကြီးဖြစ်ရပ်အနေနဲ့ လုပ်ရမှာတော့ လူမူဆက်ဆံရေးတွေကို လုပ်ဖို့ လိုပါတယ်။ ရလဒ်အနေနဲ့ သစ္စာရှိမှုဖြစ်လာတယ်(Fidelity)
Young Adulthood (19 to 40 years)-Intimacy vs. Isolation>Relationships>Love
Middle Adulthood (40 to 65 years)-Generativity vs. Stagnation>Work and Parenthood>Care
Maturity (65 to death)-Ego Integrity vs. Despair>Reflection on Life>Wisdom
Psychosocial Stage 1- Trust vs. Mistrust
မွေးဖွားချိန်ကနေ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ကလေးငယ်က ဘေးနားက ပြုစုစောင့်ရှောက်သူကို ယုံမလား မယုံဘူးလားဆိုတာကို စတင် သိလာတယ်။
ဒါက အခြေခံအကျဆုံးအုတ်မြစ်ဖြစ်တာမို့ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အပံ့ ဖြစ်စေတယ်။
ယုံကြည်မှုကို သေချာ ရရှိထားတဲ့ ကလေးက ကမ္ဘာကြီးနဲ့ ထိတွေ့တဲ့ အခါ လုံခြုံတယ်လို့ ခံစားကြလိမ့်မယ်။
ပြုစုစောင့်ရှောက်သူက ချစ်ခြင်းမေတ္တာကို အမြဲမပေးနိုင်တာ၊ စိတ်ခံစားချက်တွေလည်း လုံလုံလောက်လောက်မပေးနိုင်တဲ့ အခါ ကလေးငယ်တွေက မိဘတွေနဲ့ လောက ကြီးအပေါ်မှာ ဘာက အမြဲမရှိနိုင်တာလို့မှတ်ယူတော့တယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာတွေကလည်း လုံလုံလောက်လောက်မရနိုင်ဘူး လို့ မှတ်ယူကြတော့ တယ်။
Psychosocial Stage 2- Autonomy vs. Shame and Doubt
ကလေးငယ်က သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်ဆိုတာကို သိနားလည်ဖို့ လိုတယ်။
ကလေးငယ်တွေ က ဒီအချိန်မှာ အိမ်သာတက်ဖို့ သင်ပေးဖို့ လိုတာကို ဖရွိုက်လိုပဲ Erikson လည်း ယုံကြည်တယ်။
ကလေးငယ်က သူ့ခန္ဓာကိုယ်ပိုင်းကို လုံးဝထိန်းချုပ်နိုင်တဲ့ အခါ သူကယုံကြည်မှု ပိုလာတယ်။ လွတ်လပ်တဲ့ လူတစ်ယောက်အဖြစ်လက်ခံလာတယ်။
Psychosocial Stage 3- Initiative vs. Guilt
မူကြိုအရွယ်မှာ ကလေးငယ်တွေဟာ ကစားနည်းမျိုးစုံကစားရင်းနဲ့ ကိုယ်ပိုင်ပါဝါတစ်ခုကို လက်ခံရရှိလာတယ်။
ဒီအဆင့်မှာ အောင်မြင်တဲ့ ကလေးတွေက အခြားလူတွေကို ဦးဆောင်နိုင်တဲ့ အရည်အသွေးပိုင်ဆိုင်လာတော့တယ်။ မဟုတ်ရင် ကလေးက မယုံမကြည်ဖြစ်လာတယ်။ နောင်တ စိတ်တွေ ဖြစ်ပေါ်လာတယ်။
Psychosocial Stage 4- Industry vs. Inferiority
ဒီအဆင့်မှာတော့ ၅ နှစ် ကနေ ၁၁ အရွယ် ရှိပြီးဖြစ်တဲ့ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။
လူမူရေးဆက်ဆံနေရင်း အောင်မြင်မှုတွေကနေ ကလေးငယ်က အောင်မြင်မှုမာန်ရလာတယ်။
မိဘတွေနဲ့ ဆရာ ဆရာမတွေက ဒီအချိန်မှာ သူတို့ လုပ်ကိုင်နေတာတွေကို အောင်မြင်မှုရတယ် ဖြစ်ကြောင်းနဲ့ အားပေးအားမြှောက်လုပ် ပေးဖို့ လိုပါတယ်။ မလုပ်ပေးနိုင်ရင်ကလေးငယ်တွေက သူတို့ ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံကြည်မှုနည်းလာတော့တယ်။
Psychosocial Stage 5- Identity vs. Confusion
မြီးကောင်ပေါက်အရွယ်မှာ ကလေးတို့ဟာ လွတ်လပ်မှုနဲ့ သူတို့ ဖြစ်တည်မှုကို သိလာတယ်။
လူကြီးသူမတွေနဲ့ ဆရာ ဆရာမတွေက အားပေးအားမြောက် ကူညီထောက်ပံ့ပေးနိုင်ခဲ့ရင် သူတို့တွေကလည်း ပတ်ဝန်းကျင်ကို လွတ်လွတ်လပ်လပ်လေ့လာ သင်ယူနိုင်တယ်။ ဒီလို အခြေအနေ ကတစ်ဆင့် ကလေးငယ်က သူ့ရဲ့ ဖြစ်တည်မှုကို ပိုယုံကြည်လာတယ်။ သူရဲ့ ထိန်းချုပ်နိုင်စွမ်းကို သူသိလာတယ်။
တကယ်လို့ ခုလိုမျိုး မရရှိဘူးဆိုရင် သူတို့ ဖြစ်တည်မှုမှာသူတို့ရှုပ်ထွေးလာတယ်။ ပြီးတော့ အနာဂါတ်ကိုလည်း မရေမရာဖြစ်လာပါတော့တယ်။
MODULE 1 ပြီးပါပြီ။

Comments