Rocker ကြီးတွေက ဂီတာ စကေးလ်တွေ၊ ဒရမ်စကေးလ်တွေ အရမ်းပြ ပြီး သူတို့လောက်မတီးတက် မဆိုတက်ရင် စာရင်း မသွင်းဘူး။ ခေတ်တစ်ခုကို သူတို့ လွှမ်းခဲ့တယ်။ မျိုးဆက်သစ် လူငယ်တွေဟာ ဒါကို မကျေနပ်ဘူး။ Round Chord လေးနဲ့လည်း သီချင်းကောင်းကောင်း တီးလို့ရကြောင်း ပြချင်တယ်။ ဂီတာ ကိုင်ပုံတွေကိုလည်း ပြောင်းပြလိုက်တယ်။ ဒါတင်မက သီချင်း စာသားထဲ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဝူးဝူးဝါးဝါးတွေ ထည့်ဆိုကြတယ်။ ခေတ်သစ် တစ်ခု ပြောင်းလဲလာချိန်မှာ အနုပညာဆိုလိုရင်း အဓိပ္ပါယ် ဖွင့်ဆိုချက်တွေပါ ပြောင်းလဲလာရတော့တယ်။ အနုပညာဆိုပြီး တသဝေမတိမ်း လူတွေ မြတ်နိုးခဲ့မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လမ်းဘေး အနုပညာဆိုပြီး ဂရပ်ဖက်တီတွေ ဆွဲ ကြရင်း မူလ အနုပညာကို ဆန့်ကျင်ပြတယ်။ postmodern လို့ဆိုရမှာပေါ့ဗျာ။ ဒါပေမယ့် မူလက ရည်ရွယ်ရင်း ကောင်းခဲ့တဲ့ အနာဂါတ်ချစ်မြတ်နိုးသူတွေဟာ ရှေးရိုးစွဲရောဂါ မျိုး ကူးစက်ခံရပြန်တယ်။ ဆံပင်ထောင်ထောင် လမ်းသလား ရင်း round chord နဲ့ ဝူးဝူးဝါးဝါးအော်နေတဲ့ လူငယ်Punk တွေ ပြီးတော့ Alternative Rock ဆိုပြီး rap ရော၊ pop ရော၊ rock ရော အစုံသုပ်ထားတဲ့ လူတွေ….. သူတို့ အားလုံး ရှေးရိုးစွဲ ရောဂါ စွဲကပ်ကုန်ကြရပြီ။ Punk တစ်ယောက် က rocker တစ်ယ...
Emergent property အချိန်က ထွန်းထွက်ပေါ်လာသော အရာတစ်ခုသာ ဖြစ်တယ်။ မဟာပေါက်ကွဲမှုကြီး ဖြစ်ပြီးမှ Spacetime ဆိုတာ ဖြစ်ပေါ်လာရတယ်။ အချိန်ကို ဒီစကြာဝဠာမှာ အခြေခံ အရာတစ်ခု အဖြစ် နှူတန်က တွက်ချက်သလို၊ quantum gravity မှာလည်း တွက်ချက် လက်ခံထားတယ်။ ဒါပေမယ့် စကြာဝဠာကြီးက လည်ပတ်နေတာ မဟုတ်ဘဲ ပြန့်ကားနေတာဖြစ်လို့ အချိန်ကို fundamental အဖြစ် နားလည်ဖို့ဆိုတာ ခက်တယ်။ ဂြိုလ်တွေ၊ ကြယ်တွေ အားလုံးဟာလည်း ထွန်းထွက်ပေါ်လာတဲ့ အရာတစ်ခုသာဖြစ်တယ်။ နဂိုပကတိ က ရုန်းရင်းဆန်ခတ် အခြေခံ သဘောတွေမှ ထွန်းထွက်ပေါ်လာတဲ့ အရာတွေသာဖြစ်တယ်။ အက်တမ်ဆိုတဲ့ အသေးဆုံးအရာလေးတွေကို ထပ်မံ ခွဲစိတ်လေ့လာကြည့်တော့ quarks အဆင့်ထိ ရှာဖွေလေ့လာမိကြတယ်။ Quarks လေးတွေကို အခြေခံနဂိုပကတိ အဖြစ် လက်ခံထားကြတယ်။ Quarks တွေကို ထပ်မံခွဲစိတ်ဖို့အတွက်က တော့ လုံလောက်တဲ့ စွမ်းအင်မရှိထားလို့ လက်ရှိလူသားတို့ ရဲ့ နည်းပညာမှာ မဖြစ်နိုင်သေးဘူး။ Spacetime ဆိုတဲ့ ချည်မျှင်ထည်ကြီးမှာလည်း quarks လေးတွေ ရစ်တွယ် နေတဲ့ သဘောအဖြစ်နားလည်မိတယ်။ Quarks တွေဟာ သူ့ချည်း သီးသန့်ရှိနေကြပြီး ဗရမ်းဗတာ ဆန်ဆန် ပြုမှုနေထိုင်ကြတယ်။ သူတည်ရှိနေမှန်း သိကြတယ်။ ဘယ်လိုမျိုးအလုပ်လုပ်လ...