Skip to main content

Introduction to Child Psychology_ Part four

 

Introduction to Child Psychology_ Part four



Areas of Development
ကလေးသူငယ် စိတ်ပညာရပ်မှာ ကလေးငယ်တိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတဲ့အခါ နေရာလေးတွေရှိတယ်။
Physical Development ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှု
Motor Development မော်တာ ဖွံ့ဖြိုးတိုးတက်မှု
Social Development လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု
Emotional Development စိတ်ခံစားချက် ဖွံ့ဖြိုးတိုးတက်မှု
Cognitive Development အသိဉာဏ ဖွံ့ဖြိုးတိုးတက်မှု
Language Development ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု
Physical Development ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှု
ကိုယခန္ဓာဖွံ့ဖြိုးတိုးတက်မှုဆိုတာ မြင်သာထင်သာရှိပြီး၊ တိုင်းတာလို့ရတဲ့ ကလေးငယ်ရဲ့ ပြောင်းလဲမှုတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု၊အများအပြား၊ ပြီးတော့ ဒီပြောင်းလဲမှုတွေက ဘယ်လို အချိုးကျကျ ပြောင်းလဲနေလဲဆိုတာကို လေ့လာတာဖြစ်ပါတယ်။
Motor Development မော်တာ ဖွံ့ဖြိုးတိုးတက်မှု
မော်တာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကိုယ်ခန္ဓာပြောင်းလဲမှုတွေကို ကလေးငယ်က ဘယ်လို ထိန်းကျောင်းနေလဲဆိုတာကို ‌စောင့်ကြည့်လေ့လာတာ ဖြစ်ပါတယ်။ ကလေးငယ်က ခုလို ထိန်းကြောင်း နေနိုင်မှုများလာတာနဲ့ ကိုယ်ခန္ဓာပြောင်းလဲလာမှုပါ တွဲကပ်ပါဝင်လာတော့ ပိုမို ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ လုပ်နိုင်လာပါတယ်။
ပန်းကန်ပြားလေးကို သယ်လာပြီး စားပွဲပေါ်တင်ကာ ကိုယ်တိုင်ယူစားနိုင်နေတာမျိုး ပေါ့။ လူကြီးတွေက ခုလို လုပ်နိုင်နေတာကို အလွန်ပဲ လွယ်ကူသေးငယ်တဲ့ အရာလေးတွေဆိုပြီး တွေးမြင်နေကြတယ်။ တကယ်တော့ ခုလို လွယ်တယ်လို့ ခံစားနိုင်ဖို့ ဆိုတာ ကလေးငယ်ဘဝမှာ အခြေခံကောင်းကောင်းနဲ့ သေချာ သင်ယူလာနိုင်ခဲ့လို့ပါပဲ။
ထိုင်၊ထ၊ သွားလာ၊ ပြေးလွှား၊ ခုန်ပေါက်ကစားတာ၊‌ရေကူးတာတွေက အစ ကလေးငယ် ကမွေးရာပါ ကျွမ်းကျင်လာတာ မဟုတ်ဘဲ လေ့လာ သင်ယူ လေ့ကျင့်ရင်း ကျွမ်းကျင်လာတာပဲ ဖြစ်ပါတယ်။
ပြီးတော့ ကလေးငယ်ရဲ့ အာရုံခံ အင်္ဂါတွေ (အမြင်၊အကြား၊ခံစားနိုင်မှု၊အရသာခံနိုင်မှု၊အနံ့ခံနိုင်မှု)တွေဟာ သူ့ရဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြောင်းလာမှုနဲ့ ဟန်ချက်ညီ ချိတ်ဆက် လုပ်နိုင်ဖို့အတွက်ဆို မွေးကင်းစ အရွယ်ကစလို့ နှစ်ပေါင်းတော်‌တော်ကြာအောင် သင်ယူလေ့ကျင့်ရပါတယ်။
ဥပမာ ကလေးငယ်ရဲ့ မျက်လုံး နဲ့ သူ့ရဲ့ လက် ဟန်ချက်ညီညီ လှုပ်ရှားနိုင်နေရင် အစားအစာကို သေချာ ပါးစပ်ထဲရောက်အောင် စားနိုင်လိမ့်မယ်။ မျက်နာပေါ်မှာ ပေကျံ မနေတော့ဘူး ပေါ့။
အဝတ်အစားတွေကိုလည်း ကိုယ်တိုင် ဝတ်ဆင်လာနိုင်လိမ့်မယ်။ ပုံလေးတွေ လည်း ဆွဲလာနိုင်လိမ့်မယ်။ စာတွေ လည်း ရေးနိုင်လာမယ်။ က ပါ က နိုင် လာလိမ့်မယ်။
မော်တာ ဖွံ့ဖြိုးတိုးတက်လာမှုက နှစ်မျိုး ရှိပါတယ်။ ပထမဆုံး ကလေးငယ်က သူသင်ယူထားတာတွေကို ပိုပြီး အသုံးဝင်အောင် လေ့ကျင့်လာတယ်။
ပြီးတော့ သူသင်ယူလေ့လာပြီးသား ကို အခြေခံပြီး လုံးဝ မတူတဲ့ အသစ် တွေကို ထပ်မံလုပ်ဆောင်ရင်း အရည်အသွေးတွေ တိုးတက်လာမယ်၊
ဒီလိုမှ ကလေးငယ်ဟာ ဘယ်လို ကျွမ်းကျင်မှုတွေရှိနေမလဲ၊ ပြီးတော့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ ဆိုတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Social Development လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု
လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုမှာတော့ မွေးကင်းစ နို့စို့အရွယ်မှာ ပတ်ဝန်းကျင်၊လူ့ဘောင်ထဲ ဘာ စည်းကမ်းဥပ‌ဒေ၊ ဘာတားဆီးမှု မှ မရှိတာကနေ သင့်လျော်လျောက်ပတ်အောင်ဘယ်လိုနေထိုင်မလဲဆိုတာကို လေ့လာသင်ယူတဲ့ အဆင့်တွေကို လေ့လာတာဖြစ်ပါတယ်။
ကလေးငယ်ရဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကို ပကတိအနေနဲ့ အဓိကထား လေ့လာတာကတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေနဲ့ ဘယ်လို ဆက်နွယ် ဆက်ဆံနေလဲ၊ သူ့ရဲ့ ဆက်ဆံပုံကဘယ်လိုလဲဆိုတာဖြစ်ပါတယ်။
မွေးကင်းစ နို့စို့အရွယ်မှာတင် ကလေးငယ်က သူ့ကို ဘယ်လိုလူတွေက ချစ်ခင်မှုအပြည့်နဲ့ ဆက်ဆံလဲဆိုတာကို နားလည်နေပြီး အဲဒီ လူတွေကို သူကရွေးချယ်တတ်လာပြီ။ အချိန်ကြာလာတဲ့အခါ ကလေးငယ်ဟာ ဘေးနားက လူတွေကို ပိုပြီး ခွဲခြားတတ်လာတယ်။ မိခင်ရဲ့ အသံပဲ ဖြစ်ဖြစ်၊ မိခင်က ဘယ်လိုပုံစံရှိလဲဆိုတာကို သေချာခွဲခြားသိလာပြီ။ ဒီလို ခွဲခြားသိလာရင်းကနေ ကလေးငယ်က ဘေးနားက ပြုစုသူတွေကို ပိုပြီး သံယောဇဥ် ရှိပြီး ခင်တွယ် လာပြီ။
နောက်တော့ သူက မိသားစုနဲ့ သူစိမ်းတွေကို ဆက်ဆံမှုပုံစံမတူတာလေးတွေ ဖြစ်လာတယ်။
မွေးကင်းစ နို့စို့အရွယ်မှာတော့ ကလေးငယ်က သူ့ကိုသူသာ ဗဟိုပြုပြီး ပတ်ဝန်းကျင်ကို ဆက်ဆံပါတယ်။
အသက် ၇ နှစ်၊ ၈ နှစ်လောက်မှာတော့ “ Give and Take” အပေး၊အယူ သဘောမျိုးနဲ့ ဘေးကလူတွေကို ဆက်ဆံပါတယ်။
ကလေးငယ်က ဘေးနားမှာရှိတဲ့ လူကြီးသူမတွေနဲ့ ဆက်ဆံပြောဆိုလာရင်းနဲ့ ဘယ်လို အပြုအမူတွေ သင့်လျော်လဲ၊မသင့်လျော်ဘူးလဲဆိုတာကို သိလာတယ်။
သူတို့ရှိတဲ့ ပတ်ဝန်းကျင်၊ယဥ်ကျေးမှုအခြေအနေမှာ သင်လျော်တဲ့ နေထိုင်ဆက်ဆံမှုတွေကို သိနားလည်လာတယ်။
အချိန်ကြာလာတဲ့ အခါ ကလေးငယ်က မိဘ အုပ်ထိန်းသူတွေက ပြောဆိုနေစရာမလိုတော့ဘဲ နေထိုင်ပြုမူတတ်လာတယ်။
ဒီအချိန်မှာ ကလေးငယ်ဟာ ပိုမိုရှုပ်ထွေးတဲ့ အရာတွေကိုသိနားလည်လာတယ်။ အကူအညီပေးတတ်လာတယ်။
အခြားလူတွေရဲ့ အမြင်၊ရှုထောင့် ကနေ တွေးတော တတ်လာတယ်။
Emotional Development စိတ်ခံစားချက် ဖွံ့ဖြိုးတိုးတက်မှု
‌မွေးကင်းစနို့စို့အရွယ်မှာ ကလေးငယ် က သက်တောင့်သက်သာ ဖြစ်တာ မဖြစ်တာလောက်ပဲ သိနားလည်ပါတယ်။ တဖြေးဖြေးနဲ့ ပိုမိုရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေကို ထိတွေ့နားလည်လာတယ်။ ‌ဒေါသထွက်တာ၊ ကြောက်တာ၊ ဝမ်းနည်းတာ ပျော်တာတွေ ဖြစ်လာတယ်။ ပြီးတော့ ဒီ စိတ်ခံစားချက်တွေကို ပတ်ဝန်းကျင်နဲ့ သင့်လျော်အောင် ထုတ်ဖော် ပြတတ်လာတယ်။
အစ မှာ ဒေါသထွက်လာရင် လူတွေကို ရိုက်တာ၊ ပစ္စည်းတွေနဲ့ ပေါက်တာ၊ အော်ဟစ်သောင်းကျန်းတွေလုပ်ရင်လုပ်မယ် သေချာ သင်ပြလမ်းညွှန်ပေးရင်း ပိုပြီးကောင်းမွန်လာနိုင်ပါတယ်။
စိတ်ခံစားချက် ဖွံ့ဖြိုးတိုးတက်မှုကို လူတစ်ယောက်ရဲ့ အကျင့်စရိုက်လက္ခဏာအဖြစ်မှတ်ယူကြသေးတယ်။
အကျင့်စရိုက်ဆိုတာ အဲဒီလူတစ်ယောက်ရဲ့ တွေးတောပုံ၊သူ့ရဲ့ ခံစားတတ်ပုံ၊ ဘေးပတ်ဝန်းကျင်ကို မတူညီတဲ့ အခြေအနေ အချိန်အခါတွေမှာ ဘယ်လို ဆက်ဆံလဲ ဆိုတာကို ကြည့်ရင်းဝေဖန်ကြတယ်။
လူတစ်ယောက်က မတူညီတဲ့ ပတ်ဝန်းကျင်မှာ အချိန်အခါအလိုက်လည်း ပုံစံပြောင်း လုပ်နိုင်ကြတယ်။
ကလေးငယ်တစ်ဦးချင်းရဲ မတူကွဲပြားတဲ့ အကျင့်စရိုက်တွေဟာ သူက သူ့ကိုယ်သူ ဘယ်လိုပုံစံတွေးမြင်လဲ၊ အခြားလူတွေကို ဘယ်လို ဆက်ဆံလဲ ဆိုတဲ့အခြေအနေတွေမှာ ဖြစ်ပေါ်လာပါတယ်။
ကိုယ့်ကိုယ် ကို ယုံကြည်မှု အပြည့်ရှိပြီး ‌ပျော်တတ်တဲ့ ကလေးက ဘေးနားက လူတွေကို ဒီလိုပုံစံလေးနဲ့ ဆက်ဆံပါတယ်။
ကလေးငယ်တစ်ဦးရဲ့ အကျင့်စရိုက်ဆိုတာ သူကိုယ်တိုင် ထိတွေ့ဆက်ဆံမှုတွေက ရလာတဲ့ အတွေ့အကြုံတွေ၊ ပြီးတော့ သူကိုယ်တိုင်အောင်မြင်လာတဲ့ အရာတွေပေါ်မှာ မူတည်ပြီးဖြစ်ပေါ်လာပါတယ်။
Cognitive Development အသိဉာဏ ဖွံ့ဖြိုးတိုးတက်မှု
အသိဉာဏ ဖွံ့ဖြိုးတိုးတက်မှုမှာတော့ ကလေးငယ်တစ်ဦးက တစ်နှစ်နဲ့ တစ်နှစ်မတူအောင် ပြောင်းလဲတွေးခေါ်လာတာကို လေ့လာတာဖြစ်ပါတယ်။
လူကြီးတွေက စဥ်းစားတွေးတော ဆင်ခြင်နိုင်ကြပေမယ့် ကလေးငယ်ဘဝမှာ ခုလို ရှုပ်ထွေးတဲ့ တွေးခေါ်မှုတွေကို မလုပ်နိုင်သေးပါဘူး။
မွေးကင်းစနို့စို့အရွယ်မှာဆိုရင် ကလေးငယ်က လက်ရှိအချိန်အခါ အခြေအနေကိုပဲ သိနားလည်တယ်။ ပစ္စည်းတစ်ခုကို အဲဒီမူလနေရာကနေ ပြောင်းလိုက်ရင် သူတို့က လုံးဝ မရှိတော့ဘူးလို့ ထင်လိုက်တော့တာပဲ။
တူတူရေဝါး Peekaboo လိုမျိုး မျက်နာလေးအုပ်လိုက်ရင်မျက်နာ က မရှိတော့ဘူး ထင်လိုက်တယ်။ ပြန်ပေါ်လာရင် အံ့သြနေရော။
အသက် ၅ နှစ်လောက်ရောက်တဲ့ အခါမှာတော့ ကလေးက အလေးချိန်တွေ၊ အရောင်တွေ၊ပုံစံမတူတာတွေရဲ့ ကွာခြားချက်ကို သေချာနားလည်လာတော့တယ်၊ လေးတယ်၊ပေါ့တယ်၊ အရောင်မျိုးစုံ စတာတွေကို အရင်က သေချာ မသိနိုင်ခဲ့ဘူးလေ။
တချိန်မှာ တော့ ကလေးငယ်က မေးခွန်းတွေအမြဲမေးလာတော့တယ်။ ဘာလို့လဲ၊ ဘယ်လိုဖြစ်တာလဲ ဆိုပြီး သူက ဘေးနားမှာ ဖြစ်ပျက်နေတာတွေကို နားလည်ဖို့ ကြိုးစားလာတယ်။
သူ့ အတွေးလေးတွေ ဖွံ့ဖြိုးလာပေမယ့် သူက အခြားရွယ်တူ ကလေးလေးတွေပဲဖြစ်ဖြစ် ငယ်တဲ့ ကလေးတွေပဲ ဖြစ်ဖြစ် သူ့နဲ့ မတူတာကို နားမလည်သေးဘူး။ ဘာလို့ သူ့လို မပြေးနိုင်တာလဲ။ ဘာလို့ သူ့လို သစ်ပင်မတက်နိုင်တာလဲ ဆိုတာ ကို သူကနားမလည်သေးဘူး။
ဒါကြောင့်ပဲ က‌လေးငယ် အခြားလူတိုင်းကို သူနဲ့ အတူတူ၊ သူ့လို ဖြစ်ရမယ်ဆိုပြီး တွေးတောကြတယ်။
ကလေးငယ်က သက်ရှိသက်မဲ့ ဆိုပြီး နားမလည်သေးဘူး။
အသက်၁၀ နှစ်လောက်မှာ ကလေးငယ်တစ်ဦးက စဥ်းစားဆင်ခြင်၊ ဝေဖန်နိုင်ပေမယ့် အနာဂါတ်အခြေအနေကို ခန့်မှန်း မတွေးတောနိုင်သေးပါဘူး။
မြီးကောက်ပေါက်အရွယ်မတိုင်ခင်ထိ ပုံမှန်ကလေးတွေက စိတ်ကူးယဥ် တွေးတောဆင်ခြင်နိုင်စွမ်းမ ဖွံ့ဖြိုးသေးပါဘူး။
တဖြေးဖြေး တစ်ဆင့်ပြီး တစ်ဆင့် ကလေးငယ်တွေရဲ့ အသိဉာဏက ဖွံ့ဖြိုးတိုးတက်လာတာပါ။
ကလေးသူငယ်စိတ်ပညာမှာ Intelligence ဉာဏ်ကောင်းတာနဲ့ Cognitive Development အသိဉာဏ ဖွံ့ဖြိုးတိုးတက်မှုကို ဖလှယ် သုံးလို့ရပါတယ်။
Cognitive Development အသိဉာဏ ဖွံ့ဖြိုးတိုးတက်မှုကို ကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံး စိတ်ပိုင်း ဖွံ့ဖြိုး တိုးတက်လာကို ဆိုချင်တာဖြစ်ပြီး။
Intelligence ဉာဏ်ကောင်းတာကိုတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ၊ သေချာ စိစစ်တွေးတောတာ၊ ပတ်ဝန်းကျင်နဲ့ အကျိုးရှိရှိ ထိတွေ့ လုပ်ဆောင်နိုင်တာတွေကို ညွှန်းဆိုပါတယ်။
Cognitive အသိဉာဏ ပိုင်းရဲ့ အသုံးအနုန်းကွဲ တစ်ခုအနေနဲ့ ကတော့ “Come to know” သိလာတယ် ဆိုတာပါပဲ။ ဘယ်လို သိလာလဲ ဆိုရင် ကလေးငယ်ဟာ ဗဟုသုတတွေကို စုဆောင်းပြီး ပြန်လည် အသုံးချရင်းက သိလာတာ ဖြစ်ပါတယ်။
ကလေးငယ်ဟာ ဗဟုသုတတွေကို များများစုဆောင်းမိလာလေ သူရဲ့ အသိဉာဏပိုင်း ပိုပြီးဖွံ့ဖြိုးလာလေပါပဲ။
နောက်ဆုံးသူတို့က မှတ်မိလာတယ၊တိတိကျကျ မှတ်မိလာတယ်၊။ဘေးပတ်ဝန်းကျင်ကို သေချာသိလာတယ်။ ပြဿနာတွေကို ဖြေရှင်းလာနိုင်တယ်။ ပစ္စည်းတွေကို ဘေးနားမှာ မရှိလည်း စိတ်ကူးနဲ့ တွေးတောနိုင်လာတယ်။
အသိဉာဏဖွံ့ဖြိုးတိုးတက်လာမှုက ကလေးငယ်ကို ကိုယ်ကျင့်သီလပိုင်းမှာ နားလည်လာစေတယ်။ မွေးကင်းစနို့စို့အရွယ်မှာ ကိုယ်ကျင့်သီလပိုင်း မှန် မမှန်၊တရားမျှတ တာတွေ ဘာကိုမှ မသိနားလည်ခဲ့ဘူး။
ဒါကြောင့်ပဲ ပတ်ဝန်းကျင် ယဥ်ကျေးမှုတွေက အကြီးအကျယ်သက်ရောက်မှုရှိလာတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ဆရာ ဆရာမ တွေနဲ့ လူကြီးသူမ တွေက သူ့ကိုဘယ်လို ပြုမှုနေထိုင်ရမလဲ၊ ဘယ်လို ပြောဆိုရမလဲ ဆိုတာတွေနဲ့ ကိုသင်ပြရင်း သူတို့ နေထိုင်တဲ့ လူ့ဘောင်ဝန်းကျင်က လက်ခံထားတဲ့ စည်းမျဥ်းစည်းကမ်းများကို ကလေးငယ် လက်ခံလုပ်ကိုင်လာရတော့တယ်။
Language Development ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု
မွေးကင်းစနို့စို့အရွယ်ကလေးငယ်ရဲ့ ဆက်သွယ်မှုက ငိုတာနဲ့ ရယ်တာပဲရှိပါတယ်။
တဖြေးဖြေးနဲ့မှ ကလေးငယ်က သင်ယူလာခဲ့တယ်။ ပထမတော့ ရေဆာလည်း ငိုပြီးပဲ တောင်းတတ်လိမ့်မယ်။ ဘာသာစကားဖွံ့ဖြိုးလာတဲ့ အခါ ရေဆိုတဲ့ ဝေါဟာရကို သိလာရင် မေမေ ရေရေ ဆိုပြီး တောင်းဆိုလာလိမ့်မယ်။
အသက် ၃ နှစ်လောက်ကျရင်တော့ “မေမေ ရေဆာတယ်” ဆိုပြီး ဝါကျ အပြည့်အစုံကို ပြောနိုင်လာလိမ့်မယ်။
Interrelationship among Various Areas of Development ဖွံ့ဖြိုးမှု ပုံစံမျိုးစုံကြားထဲက ဆက်နွယ်မှု
ဖွံ့ဖြိုးတိုးတက်မှုတွေကို တစ်ခုခြင်း တစ်ပိုင်းခြင်းလေ့လာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဖွံ့ဖြိုးမှုတိုးတက်မှုတွေက တစ်နေရာဖြစ်ရင် အခြားနေရာတွေမှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။
ကလေးငယ်က ခန္ဓာကိုယ်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်တာလာတာနဲ့အမျှ သူက ဘေးပတ်ဝန်းကျင်ကို လျှောက်သွားလျှောက်လာရင်း လေ့လာသင်ယူလာပါတယ်။ ဒါက သူ့ရဲ့ အသိဉာဏပိုင်း ကိုလည်း ဖွံ့ဖြိုးစေတယ်။ ဘာသာစကားကိုလည်း ဖွံ့ဖြိုးစေတယ်။ ဘာသာစကား ဖွံ့ဖြိုးလာတာနဲ့ သူက ပတ်ဝန်းကျင်က လူတွေ နဲ့ ချိတ်ဆက်စကားပြောဆိုကြရင်း လူမှုရေးနယ်ပယ်မှာပါ ဖွံ့ဖြိုးလာပါတယ်။ ပြီးတော့ သူက ပတ်ဝန်းကျင် ယဥ်ကျေးမှုကနေ သင်ယူလာတဲ့အခါ ကိုယ်ကျင့်သီလ ပိုင်းကိုပါ နားလည်လာတယ်။
ဒါ့ကြောင့် ကလေးသူငယ်စိတ်ပညာရှင်တွေက ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတစ်ပိုင်းတည်းကိုပဲ လေ့လာလို့မရဘဲ အကုန်လုံးကို နားလည်မှသာ ကလေးငယ်ရဲ့ အကြောင်းကို သိနိုင်တော့တယ်။
Importance of the Study of Child Development ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခြင်းရဲ့ အရေးကြီးပုံ
ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာတဲ့ အခါ သူတို့ ဘယ်လို အသက်အရွယ်မှာ ဘယ်လို ပြုမူလဲ၊ဘယ်လို ပတ်ဝန်းကျင်မှ ဘယ်လို ပြုမူလဲဆိုတာကို နားလည်လာတယ်။
ဒါကစိတ်ပညာကို လေ့လာနေသူကိုယ်တိုင်ရဲ့ ဘဝ အခြေအနေကိုပါ သေချာ နားလည်လာစေတယ်။ လေ့လာနေသူ ကိုယ်တိုင်ခုလို အခြေအနေမျိုးမှာ ရှိနေတာကိုပါ နားလည်စေတယ်။
အခြားအကျိုးရှိတဲ့ အပိုင်းတွေလည်း ရှိပါသေးတယ်။
ဆက်ရန်...

Comments

Popular posts from this blog

TABOO 1

  Taboo 1 ညီမ ပထမဆုံးက married ဖြစ်နေတဲ့လူနဲ့ စင်္ကာပူရောက်တုန်း ဖြစ်ခဲ့တာ။ သူက နာမည်ကြီးပဲ။ သူ့နာမည်က *******။ ဟာ သူက အိမ်ထောင်ရှိတာလား။ သူ့စာတွေ တော့ ဖတ်ဖူးတယ်။ လူပျိုပဲ ထင်တာ။ မဟုတ်ဘူး။ အိမ်ထောင်နဲ့။ အာ့ညက သူနဲ့ အတူတူ ပထမဆုံးဖြတ်သန်းမိတယ်။ ကြောက်လိုက်တာပြောမနေနဲ့။ ငိုပြီးတော့ morning after pill ဆိုပြီး ဆေးဆိုင်ပြေးပြီး ချက်ချင်းဝယ်သောက်ခဲ့ရသေး။ ရယ်ရတယ်။ နောက်ပိုင်းရော သူနဲ့ တွေ့ဖြစ်လား။ ရန်ကုန်ကို သူပြန်ရောက်ချိန်တော့ နေဖြစ်တယ်။ Threesome ရော နေဖြစ်လား။ သူကတော့ သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ ပြီးတော့ threesome ဖို့ ပြောပါသေးတယ်။ မနေဖြစ်ဘူး။ တစ်ယောက်ခြင်းပဲ တလှည့်ကျ နေလိုက်တယ်။ ပြုံးပြုံးကလေး လုပ်ပြနေလေရဲ့။ သူ့ကို ကျနော်က V လို့ ခေါ်တယ်။ သူနဲ့ က ဆန္ဒပြရင်း ဆိုင်းဘုတ်မှာ စာရေးထားတာခြင်း အဓိပ္ပါယ် ခပ်ဆင်ဆင်ဖြစ်နေတော့ စကားပြောဖြစ်ကြတယ်။ ပြီးတော့ သူ့တိုက်ခန်းကို လိုက်သွားဖြစ်ခဲ့တယ်။ … တံတွေးထွေးထည့်ပေး။ ရုတ်တရုတ်အတူတူ နေနေရင်း သူထပြောလိုက်တယ်။ မျက်လုံးတွေကို မှိတ်ထားနေလေရဲ့။ သူပြောသလို တံတွေးတွေ သူ့ပါးစပ်ထဲကိုထွေးထည့်ပေးလိုက်တယ်။ သူ့မျက်နာမှာ အရမ်းကျေနပ်နေယောင် ပုံရိပ်တွေ မြင်ရတယ်။ ...

“တာဘူး TABOOS” 2

Taboo 2  သူ့နာမည် က ****** ။ မျက်ဝန်းနက်နက်ကလေး။ နဖူးပြင် ကျဉ်းတယ်။ ပါးလေးတွေက ဖောင်းအိနေတာပဲ။ နှုတ်ခမ်းလေးက က ကြီး သေးသေးရေးထားသလို။ မျက်နာမှာ အမွှေးပါးပါးလေးတွေလည်း ရှိထားသေးတယ်။ အရပ်ကလေးက ပုတယ်။ MARRY သီချင်းတွေကို ရူးသွပ်ရုံတင်မကဘူး။ စကားပြောရင်လည်း အသံတိုးတိုးလေး နဲ့ Marry သီချင်းသံနေလေးကြားနေရသလို။ စကားတစ်လုံးခြင်းကို ဆွဲငင်ပြီးပြောတက်တယ်။ စကားပြောတိုင်း ဝိုင်တခွက်လို ချိုသွားတယ်။ ပြီးတော့ ရီဝေဝေလေး ဖြစ်စေတယ်လေ။ ခါးနားလေးက စပြီး ဒူးခေါင်းအထိ classical guitar အိုးလေး တစ်လုံး ပြောင်းပြန်လှန်ထောင်ထားသလိုပဲ။ Classical Guitar လေးတီးဖို့ ဆိုရင်ခွင်ထဲ အပြည့်ထည့်ထားမှ အသံကောင်းကောင်း ထွက်လာတယ်။ သူ့ကို လည်း ရင်ခွင်ထဲ အပြည့်ထည့်ပြီး ရင်သားလေးတွေကို ကိုင်တွယ်ဆော့ကစားတော့ သူ့ဘဝရဲ့ လွမ်းမောဖွယ်လေးသံစဉ်လေးတွေကို ကြားလိုက်ရတယ်။ Recuerdos De La Alhambra သီချင်းသံစဉ်လေး နားထဲ ဆွတ်ပျံ့ ကြားနေရသလိုလို။ ….. ကျေးဇူးတင်ပါတယ် လို့ စင်ပေါ်က ဒေါက်တာ ဦးတင့်စိုးနိုင်ပြောလိုက်ချိန် ဟောပြောပွဲတစ်ခုလုံးမှာ ပရိသတ်အားလုံး ခြိမ့်ခြိမ့်သဲ လက်ခုပ်တွေတီးပြီးအားပေးကြတယ်။ သူကလေးကတော့ ထူးထူးခြားခြား ရင်ခုန်စိတ်လှ...

Emergent property

  Emergent property အချိန်က ထွန်းထွက်ပေါ်လာသော အရာတစ်ခုသာ ဖြစ်တယ်။ မဟာပေါက်ကွဲမှုကြီး ဖြစ်ပြီးမှ Spacetime ဆိုတာ ဖြစ်ပေါ်လာရတယ်။ အချိန်ကို ဒီစကြာဝဠာမှာ အခြေခံ အရာတစ်ခု အဖြစ် နှူတန်က တွက်ချက်သလို၊ quantum gravity မှာလည်း တွက်ချက် လက်ခံထားတယ်။ ဒါပေမယ့် စကြာဝဠာကြီးက လည်ပတ်နေတာ မဟုတ်ဘဲ ပြန့်ကားနေတာဖြစ်လို့ အချိန်ကို fundamental အဖြစ် နားလည်ဖို့ဆိုတာ ခက်တယ်။ ဂြိုလ်တွေ၊ ကြယ်တွေ အားလုံးဟာလည်း ထွန်းထွက်ပေါ်လာတဲ့ အရာတစ်ခုသာဖြစ်တယ်။ နဂိုပကတိ က ရုန်းရင်းဆန်ခတ် အခြေခံ သဘောတွေမှ ထွန်းထွက်ပေါ်လာတဲ့ အရာတွေသာဖြစ်တယ်။ အက်တမ်ဆိုတဲ့ အသေးဆုံးအရာလေးတွေကို ထပ်မံ ခွဲစိတ်လေ့လာကြည့်တော့ quarks အဆင့်ထိ ရှာ​ဖွေလေ့လာမိကြတယ်။ Quarks လေးတွေကို အခြေခံနဂိုပကတိ အဖြစ် လက်ခံထားကြတယ်။ Quarks တွေကို ထပ်မံခွဲစိတ်ဖို့အတွက်က တော့ လုံလောက်တဲ့ စွမ်းအင်မရှိထားလို့ လက်ရှိလူသားတို့ ရဲ့ နည်းပညာမှာ မဖြစ်နိုင်သေးဘူး။ Spacetime ဆိုတဲ့ ချည်မျှင်ထည်ကြီးမှာလည်း quarks လေး​တွေ ရစ်တွယ် နေတဲ့ သဘောအဖြစ်နားလည်မိတယ်။ Quarks တွေဟာ သူ့ချည်း သီးသန့်ရှိနေကြပြီး ဗရမ်းဗတာ ဆန်ဆန် ပြုမှုနေထိုင်ကြတယ်။ သူတည်ရှိနေမှန်း သိကြတယ်။ ဘယ်လိုမျိုးအလုပ်လုပ်လ...