Skip to main content

Posts

Showing posts with the label စိတ်ပညာရပ်ဆိုင်ရာအတွေးအမြင်များ

Introduction to Child Psychology

“Introduction to Child Psychology” WHAT IS CHILD PSYCHOLOGY? ကလေးသူငယ်စိတ်ပညာဆိုတာ ယနေ့ခေတ်မှာ လူစိတ်ဝင်စားဆုံး ပညာရပ်တစ်ခုထဲမှာပါပါတယ်။ ကလေးသူငယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာတဲ့ ပညာရပ်ပဲဖြစ်ပါတယ်။ ကလေးသူငယ်စိတ်ပညာဆိုတာ တကယ်တော့ မွေးကင်းစနို့စို့အရွယ် က စလို့ မြီးကောက်ပေါက်အရွယ်အထိ လေ့လာတဲ့ ပညာရပ်ဆိုပေမယ့် အဓိက လေ့လာမှုများတာကတော့မွေးကင်းစနို့စို့အရွယ် (၁ နှစ် ၂ နှစ်ကို) အရွယ်တွေကို ဖြစ်ပါတယ်။ ဒီအရွယ်က တကယ့်ကို ခရာကျတဲ့ အချိန် အခြေအနေဖြစ်လို့ပါပဲ။ ကလေးသူငယ်စိတ်ပညာဟာ ကလေးသူငယ်တို့ရဲ့ ကိုယ်ခန္ဓာဖွံ့ ဖြိုးတိုးတက်မှုတစ်ခု ထဲကိုပဲလေ့လာတာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်တွေ၊ပြီးတော့ လူမှုဆက်ဆံရေး တွေကိုပါ လေ့လာကြတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု လို့ ဆိုလိုက်ရင် လူအများက မျိုးရိုးဗီဇ ကိုသာ လက်ညှိးထိုးလေ့ရှိပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကလည်း အရေးကြီး အခန်းတစ်ခုကနေ ပါဝင်ပါတယ်။ Social Background ကလေးသူငယ်တို့ရဲ့ မိဘ ဆွေးမျိုး၊ ကျောင်းက ဆရာ ဆရာမတွေ အားလုံးက ဒီကလေးတစ်ဦးရဲ့ တွေးခေါ်မှု၊ ဖွံ့ဖြိုးမှု၊ အပြုအမူ ကစလို့ အခြားအခြား မျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Cultural Background ကလေးသ...

စိတ်ပညာ ၄ - သိစိတ်တွေရဲ့ အကြောင်း (အိပ် နေချိန်မှာ ပုံမှန် သိစိတ်ရှိနေလား မရှိဘူးလား)

စိတ်ပညာ ၄ - သိစိတ်တွေရဲ့ အကြောင်း (အိပ် နေချိန်မှာ ပုံမှန် သိစိတ်ရှိနေလား မရှိဘူးလား) သိစိတ် ဆိုတာ ဘာလဲ လို့ အဓိပ္ပါယ် ဖွင့်ရရင် တစ်ကျောင်း တစ်ပါဒဖြစ်နေလို့တိကျတဲ့ ဖွင့်ဆိုချက်မရှိသေးပါဘူး။ ဒီစာမှာတော့ သိစိတ် ကို ကိုယ့်ကိုကိုယ် သိစိတ်၊ ကိုယ့် ပတ်ဝန်းကျင်ကို သိနေတဲ့ စိတ်လို့ပဲရိုးရိုးလေး အဓိပ္ပါယ် ဖွင့်ပါရစေ။ ဆစ်ဂမွန် ဖရိုက် ကြီး ပြောခဲ့တဲ့ မသိစိတ်တွေ က ပိုများတယ် ဆိုတာ ဒီနေ့ခေတ် လက်တွေ့စိတ်ပညာ(Clinical Psychology) မှာလည်း မသိစိတ်ကလူတွေကို လွှမ်းမိုးနေတယ် ဆိုတာ လက်ခံထားပြီး ဖြစ်ပါတယ်။ ပါမောက္ခ ဘလွန်း က (Professor Bloom from University of Yale) က ဘာပြောလဲဆိုတော့ သိစိတ် ကဘာလဲလို့ မေးခွန်း ထုတ်တာထက် ဘာလို့ မသိစိတ်တွေထဲကနေ ဒီနည်းနည်းလေး သိတဲ့စိတ်က ဖြစ်နေရတာလဲ လို့မေးခွန်း ထုတ်သင့်တယ် လို့ ဝေဖန် မှုပြုခဲ့တယ်။ ဟုတ်ပါတယ်။ ဒီခန္ဓာကိုယ်ကို မောင်းနှင်နေတဲ့ မသိစိတ်တွေထဲ မှာ ဘာလို့ သိစိတ် နည်းနည်းလေးက ဖြစ်နေ ရတာလဲ ဆိုတာ ပိုကောင်းတဲ့ မေးခွန်းပါ။ ဒီလောက်ခက်ခက်ခဲခဲ လေ့လာနေရတဲ့ သိစိတ်ရဲ့ သဘောကို နားလည်သလောက်လေး ရေးပြပေးချင်ပါတယ်။ အမေရိကန် စိတ်ပညာရှင် William James က “သိစိတ် ဆိုတာ အစဉ်မပျက် စီးဆင်းနေတဲ့...

အနုတ်သဘော ဆောင်မှု ကို ထပ်တလဲလဲ ပြုရတာ ကြိုက်တဲ့ လူသား များ

  အနုတ်သဘော ဆောင်မှု ကို ထပ်တလဲလဲ ပြုရတာ ကြိုက်တဲ့ လူသား များ ကျနော်တို့ ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေမှာ အနုတ်သဘောဆောင် တဲ့ စိတ်ခံစား ချက်က လည်းတစ်ခု ပါ သောက ပရိဒေဝ မီးတွေ လောင်မြိုက် တိုင်း အားကိုးရာရှာ မရအောင် ဖြစ်တတ်ကြ တယ် ဟုတ်တယ် ကျနော်တို့ ဒီခန္ဓာ ဟာ အနုတ်သဘော ဆောင်တဲ့ စိတ် တွေ ကို ပိုကြိုက်ကြတယ် ပျော်စရာ စိတ်ဆို ခဏ လေး မသိမသာ ပျောက်ကွယ်သွားတယ် အနုတ်သဘောဆောင်တဲ့ စိတ်ဆို အကြာကြီး ရှိတတ်ကြတယ် ကျနော် တို့ က ဝမ်းနည်းစရာ ၊ စိတ်ညစ်စရာ တွေ ကို မှတ်ဉာဏ်အဖြစ် သိမ်းချိန်မှာ နူရွန် တွေ က  နှစ်ဆ  ကိန်းအောင်း အောင်ကို သိမ်းပါတယ် ပျော်စရာ မှတ်ဉာဏ်တွေ ကိုတော့ ပုံမှန်အတိုင်း သိမ်း တယ် ဒီနူရွန်တွေ နှစ်ဆ သိမ်းထား တော့ ဝမ်းနည်း စရာတွေ က အလွယ်တကူ ဖြစ်နေတာ၊ ပြန်ဖော် နိုင်တာ တွေ က မထူးဆန်းတော့ပါ ဘူး ဒါက Evolution ဖြစ်စဉ် မှာ ကျနော်တို့ရဲ့ ရှေး ဘိုးဘွား  Homo Sapiens  တွေ ရဲ့ အသက်ဆက်လက်ရှင်သန်ရေး အတွက် အသုံး ဝင်ခဲ့ပါတယ် သားရဲတိရိစ္ဆာန် တွေ ဘေးမှာ မရှိပေမဲ့လည်း ရှိတယ် ဆိုတဲ့ စိတ်နှင့် နေနေခြင်း က သူတို့အတွက် ဆက်လက် ရှင်သန်ဖို့ အားဖြစ်စေခဲ့ သလို  သတိ  ရှိစေခဲ...