Skip to main content

Posts

Showing posts with the label အတွေးအမြင်စာစုများ

Apology By Plato

  Apology By Plato    အို အေသင်မြို့သားတို့     ငါ့ကို စွပ်စွဲသောသူတို့၏ ဟောပြောချက်များကို ကြားရတဲ့ အခါ    ဘယ်လို ခံစားရသလဲဆိုတာ ငါ မပြောနိုင်။   သို့သော် သူတို့ရဲ့ ဆွဲဆောင်စေ့ဆော် စကားတွေက ငါဘယ်သူလဲဆိုတာတောင် မေ့သွားလုနီးပါးဖြစ်စေတယ်။   ဒီစကားတွေရဲ့ အကျိုးသက်ရောက်မှုပါပဲ။   သို့တိုင် အမှန်တရားစကား တခွန်းမျှ သူတို့ မပြောခဲ့ချေ။ သူတို့ မုသားစကားတွေထဲ တစ်ခုကတော့ ငါ့ကို အတော် အံ့သြမိန်းမောစေတယ်။   ဆိုလိုချင်တာက သူတို့အပြောထဲ  “ ကိုယ့်ကိုယ်ကို သေချာ ထိန်းချုပ်စောင့်ကြပ်ဖို့၊   ငါ့ အပြောအဆိုဆွဲဆောင်အားကြောင့် လှည့်စားခံရတာမျိုး မဖြစ်စေနဲ့ပေါ့ ” ။    ဒီလို ပြောလိုက်ဖို့ ဆိုတာတောင် သူတို့က ရှက်နေကြပုံ၊ ဘာလို့ဆို ငါ ပါးစပ်ဟလိုက်တာနဲ့ သင်တို့ လှည့်စားခံရတော့မယ်ဆိုပြီး သူတို့က အတပ်သိနေကြလို့ပဲ။   ဒီစကားပြောရတာကို သူတို့ကသိသိသာသာရှက်ဝံ့နေကြဟန်။ တကယ်လို့ ငါ့အပြောအဆိုဆွဲဆောင်အား ဆိုတာ အမှန်တရားလို့ သူတို့ ဆိုလိုတယ်ဆိုရင်တော့ ဟုတ်တယ် ငါက အပြောအဆို ဆွဲဆောင်အားကောင်းတယ်ဆိုတာကို လုံးဝ ဝန်ခံပါတယ်။   သို့သော် သူတို့နှင့်...

Victimization

  Victimization သားကောင် အလုပ် ခံရချင်း ကျနော် တို့ တွေဟာ အမှောက်ဘက်ကျလွန်း တဲ့ စိတ်တွေ နဲ့ တစ်ခုခု ဆို အမြင် မတူ တဲ့ ဘက် က ကြည့်ချင်ကြတယ်။ သူများ နည်းတူ “ဤ”ကို “ကျွဲ” မဖတ် ချင်ကြသူ တွေ ပေါ့ ။ လူတိုင်းမှာ ဒီစိတ်ရှိပါတယ် ။ ဒါပေမယ့် လူ့ဘောင် လူ့လောက မှာ ရှင်သန်နေထိုင်တဲ့ အခါ ဒီ အမှောင်ကျ တဲ့ ဉာဉ့်ဆိုး တွေ ကြောင့် သားကောင်လုပ်ခံရသူ တွေ ရှိလာပါတယ် ။ Victimization ဆိုတာ ကိုယ်ကာယ ငြင်းပန်း နှိပ်စက် ခံရမှု ၊စိတ်ပိုင်း ငြင်းပန်း နှိပ်စက်ခံရမှု လို့ ဘုံယူ ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် သားကောင်လုပ်ခံရချင်း က မတူ ကြပါ ဘူး ။ George Floyd ကို ရဲများ က အာဏာ တလွဲ သုံး ပြီး ရက်ရက်စက်စက် လည်မျိုနင်းသတ် ခဲ့တယ် ။ ဒီ ကိစ္စနဲ့ ပတ်သတ် ပြီး တစ်ကမ္ဘာလုံး က ဒေါသ ထွက် ကြတယ် ။ ကျနော် တို့လဲ အတူတူ ပါပဲ ။ Black community ကို white community က ဘယ်လို မျိုး ခွဲခြား ဆက်ဆံ နေလဲ ဆိုတာ အမေရိကား မနေပေမယ့် သတင်း တွေ ထဲ မြင်တွေ့နေရတာ စုံလင်နေတာ ပါပဲ ။ အရောင်မတူ လို့ ခွဲခြား နေရင်း က “သားကောင်” အဖြစ် လုပ် ကြပါတော့ တယ် ။ Covid-19 စဖြစ်ချိန်မှာ America မှာ ရှိတဲ့ အာရှသား လူမျိုးတွေ ကို ဘယ်လို ခွဲခြား ဆက်ဆံ ခံ ရပြီး ကိုယ်ထ...