Skip to main content

Posts

Psychology 2 - စိတ်ပညာ ၂

  Psychology 2 - စိတ်ပညာ ၂ KNOW YOUR MASTER ! သင့် သခင်ကို သိပါ "ဘာသာမဲ့တွေက သရဲကြောက်တယ်။ ကြားလို့မှ မကောင်းဘူး။ အစကတည်းက ဒီဘုရားဝါဒတွေ ပုံပြင်တွေထဲက သရဲတစ္ဆေတွေကို မယုံပါဘူးဆိုပြီး ခုတော့ ကြောက်တတ်နေလိုက်တာ" ဒီမေးခွန်းကိုကြားတိုင်း "မရှိတာကိုဘာလို့ကြောက်ရမှာလဲ။ နည်းနည်းလန့်တာ" ဒီ လောက်ပဲပြန်ပြောနိုင်ခဲ့ပါတယ်။ တစ်ကယ်က ကြောက်တာ၊ လန့်တာ၊ အနံ့ရတာ၊ အထိအတွေ့သာယာတာ၊ ကျွန်တော်တို့လုပ်နေတာ၊ သိနေတာတွေ အကုန်လုံးက  Nerve Cells or Neurons  တွေကြောင့်ပါ။ ကျွန်တော်တို့သခင် ဦးနှောက်ကြီးအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆေးပညာ အသုံးအနုန်းတွေ ကို ဘာသာ ပြန် ရခတ် လို့ အဆင်ပြေသလို ရေးထား ပါတယ် ပျင်းစရာ ကောင်း နေမှာ ပါ စိတ်ပညာ ကို လေ့လာသူဆို ဒီအကြောင်းတွေကို သိထားသင့်ပါတယ် အကြီး ကြီးတွေက မစခင် သေးသေးလေးတွေက စကြရအောင်။ ဒါကတော့ Neurons တွေပါပဲ။ Unipolar – Sensory Neurons  – ခံစားမှု အထိအတွေ့တွေ သိတဲ့ neurons Multipolar – Motor Neurons  - လှုပ်ရှားမှုတွေကိုထိန်းချုပ်တဲ့ neurons Bipolar – Interneurons  - ခံစားမှု၊ လှုပ်ရှားမှုတွေကို ကြားထဲကနေ ကူညီဆုံးဖြတ်ချက် ချပေးတဲ့ Neurons ဒီလို သု...

Psychology - စိတ်ပညာ သမိုင်းနှင့် လေ့လာ စမ်းသပ်မှုများ

  Psychology - စိတ်ပညာ သမိုင်းနှင့် လေ့လာ စမ်းသပ်မှုများ အတွေးအခေါ်ပညာရှင်  Rene Descartes  (ရီနေး ဒေးကားတ်) က ပြောတယ် “ဘာတွေ က သေချာလဲ” တဲ့ သူ့အမေးအဖြေတွေ ထဲ နာမည်အကြီးဆုံး မေးခွန်း တွေကတော့ “ဘုရားသခင်ရှိတယ်ဆိုတာ ယုံတယ် ဒါပေမဲ့ မသေချာဘူး” “ငါ ချမ်းသာတဲ့ တိုင်းပြည်မှာနေနေတယ်လို့ သိတယ် ဒါပေမဲ့ ငါအလိမ်ခံနေရတာလဲဖြစ်နိုင်တယ်” “ငါမှာ မိတ်ဆွေသူငယ်ချင်း၊ မိသားစု တွေ ရှိတယ် ဒါပေမဲ့ လှည့်စားခံထားရတာလဲ ဖြစ်နိုင်တယ် နတ်ဆိုးတွေက လှည့်စားနေတာ လဲ ဖြစ်နိုင်တယ်၊ အခြားအရာ တစ်ခုခုက ငါတို့ ကို လှည့်စား ပြီး ယုံနေရတာ ဖြစ်နိုင်တယ်။ ငါ့မှာ တစ်ခါမှ မရှိတဲ့ အရာတွေ ကို ရှိနေတယ် ထင်နေအောင် လှည့်စားနေတာ ဖြစ်နိုင်တယ်” “ငါခု အိပ်မက်မက်နေတာ မဟုတ်ဘူး ဆိုတာကော ဘယ်လို သိရမလဲ” (ခေတ်သစ် အတွေးအခေါ်အရ) လူတွေ က Matrix ထဲရှိနေပြီး စိတ်ထဲ မှာ ခုလို စာဖတ်နေတယ်၊ လမ်းလျောက်နေတယ်၊အလုပ်လုပ်နေတယ် ဆိုပြီး ထင်နေတာ ဖြစ်နိုင်တယ် - Keanu Reeves ရဲ့ The Matrix ကား က ဒီ  Dualism  ပေါ် မူတည်ပြီး ရိုက်ပြထားတာ။ တခါက Elon Musk ကိုယ်တိုင်ပြောဖူးတယ် ကျနော်တို့က Galactic Simulation ထဲမှာ Higher Dimension ကသူတွေ ဖန်းတီးထာ...