Psychology 2 - စိတ်ပညာ ၂
KNOW YOUR MASTER ! သင့် သခင်ကို သိပါ
"ဘာသာမဲ့တွေက သရဲကြောက်တယ်။ ကြားလို့မှ မကောင်းဘူး။ အစကတည်းက ဒီဘုရားဝါဒတွေ ပုံပြင်တွေထဲက သရဲတစ္ဆေတွေကို မယုံပါဘူးဆိုပြီး ခုတော့ ကြောက်တတ်နေလိုက်တာ"
ဒီမေးခွန်းကိုကြားတိုင်း "မရှိတာကိုဘာလို့ကြောက်ရမှာလဲ။ နည်းနည်းလန့်တာ"
ဒီ လောက်ပဲပြန်ပြောနိုင်ခဲ့ပါတယ်။ တစ်ကယ်က ကြောက်တာ၊ လန့်တာ၊ အနံ့ရတာ၊ အထိအတွေ့သာယာတာ၊ ကျွန်တော်တို့လုပ်နေတာ၊ သိနေတာတွေ အကုန်လုံးက Nerve Cells or Neurons တွေကြောင့်ပါ။
ကျွန်တော်တို့သခင် ဦးနှောက်ကြီးအကြောင်း ရှင်းပြပေးချင်ပါတယ်။
ဆေးပညာ အသုံးအနုန်းတွေ ကို ဘာသာ ပြန် ရခတ် လို့ အဆင်ပြေသလို ရေးထား ပါတယ် ပျင်းစရာ ကောင်း နေမှာ ပါ
စိတ်ပညာ ကို လေ့လာသူဆို ဒီအကြောင်းတွေကို သိထားသင့်ပါတယ်
အကြီး ကြီးတွေက မစခင် သေးသေးလေးတွေက စကြရအောင်။ ဒါကတော့ Neurons တွေပါပဲ။
- Unipolar – Sensory Neurons – ခံစားမှု အထိအတွေ့တွေ သိတဲ့ neurons
- Multipolar – Motor Neurons - လှုပ်ရှားမှုတွေကိုထိန်းချုပ်တဲ့ neurons
- Bipolar – Interneurons - ခံစားမှု၊ လှုပ်ရှားမှုတွေကို ကြားထဲကနေ ကူညီဆုံးဖြတ်ချက် ချပေးတဲ့ Neurons
ဒီလို သုံးမျိုးခွဲ လေ့လာလို့ရတယ်။
နူရွန်တစ်ခုစီမှာ အပိုင်း သုံးပိုင်းရှိတယ်။
Cell body ( SOMA လို့လည်းခေါ်တယ်။သူ့အထဲမှာတော့ DNA, Mitochondria, Ribsomes တို့ရှိတယ်)။ အာရုံတစ်ခုခုပဲဖြစ်ဖြစ်၊ သတင်းအချက်အလက်တွေပဲဖြစ်ဖြစ် လက်ခံတဲ့အရာကို Dendrite လို့ခေါ်တယ် ။ သူက ဆိုမာကိုလာဆက်နေတယ်။ သစ်ပင်အမြစ်တွေလို၊ နွယ်ခွေတွေလို ဆိုမာကိုလာချိတ်နေတယ်။
Dendrite ကရတဲ့ သတင်းတွေကို ဆိုမာက စိစစ်ပြီး Axon ဆီကိုပို့တယ်။ Axon ကိုဘေးမှာ Myelin Sheath ( Tissue လိုပုံစံ) တွေက ဖုံးထားတယ်။ သူ့တာဝန်က နူရွန်တွေ မြန်မြန်ဆန်ဆန် သတင်း ပို့နိုင်အောင် ကူညီပေးတယ်။ ( နူရွန်ကို လူတစ်ယောက်လို သတ်မှတ်ကြည့်ရင် Dendrite က ဆံပင်တွေ၊ Soma က ကိုယ်လုံး၊ Axon က ခြေထောက်ပေါ့)။
Fun fact: နူရွန်တစ်ခုရဲ့ အရှည်က ခြေထောက်တစ်ချောင်းစာလောက် ရှည်တယ်လို့ဆိုတယ်။ ( 3 meters)
နူရွန် တစ်ခုချင်းစီက အခြား အခု ထောင်၊ သောင်းပေါင်းများစွာရှိတဲ့ နူရွန်တွေနဲ့ချိတ်နေတယ်။ နူရွန်တစ်ခုရဲ့ Axon က အခြားနူရွန်ရဲ့ Dendrite နဲ့ ချိတ်ဆက်နေပါတယ်။ လုံးဝထိကပ်ပြီး ချိတ်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ သိပ်ကို သေးငယ်တဲ့ ကွက်လပ်ကလေးရှိနေပါတယ်။ ဒါကို Synapse လို့ခေါ်တယ်။
ဒီနူရွန်တွေရဲ့ သဘော သဘာဝက ALL or NOTHING ပါ။
ရှိသမျှ အကုန်လုံးလှုပ်ရှားမလား၊ ဘာမှမလှုပ်ဘူးလားလို့ ဆိုချင်တာပါ။
ဒါပေမဲ့ ကျွန်တော်တို့က အသာလေးထိလိုက်ရင် မနာဘဲ အတင်းရိုက်လိုက်ရင် ဘာလို့နာတာလဲ။ နူရွန်တွေက အကုန်လုံးလှုပ်ရှားနေတယ်ဆိုပြီး ဘာလို့ နာတာ၊ သာယာတာကို သိနေရတာလဲ။
ဒီအတွက် အဖြေက နူရွန်တွေက intensity ကိုတွက်နိုင်ပါတယ်။ ဘယ်လိုတွက်လဲဆိုတော့ ကြိမ်နှုန်းပါ။ နူရွန်တစ်ခုက အခြားတစ်ခုကိုသတင်းပို့တဲ့အခါ ကြိမ်နှုန်းမတူတာတွေရှိပါတယ်။ ကြိမ်နှုန်းက နှေးတဲ့အခါတစ်မျိုး၊ မြန်တဲ့အခါ တစ်မျိုးရှိပါတယ်။
ဒါကို Neurotransmitters လို့ခေါ်တယ်။ အမျိုးအစားမတူတဲ့ Neurotransmitters ပေါင်း ၁၀၀ ကျော်ရှိတယ်။
တချို့က excitatory ( တက်ကြွနေတဲ့ Neurotransmitters)
တချို့က Inhibitory ( ငြိမ်တဲ့ Neurotransmitters)
Excitatory Neurotransmitters ထဲမှာ လူသိများတဲ့ Endorphins.. လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာ၊ ခဏနားလိုက်ချိန်မှာထွက်လာတတ်တဲ့ "နေလို့ထိုင်လို့ ကောင်းတဲ့ နူရွန်လို့ ပြောရမလား"..
Norepinephrine က သတိထားနေတဲ့စိတ်၊ တက်ကြွတဲ့စိတ် ( Arousel)
Glutamate က မှတ်ဉာဏ်တွေ အတွက်သုံးတယ်။
Inhibitory Neurotransmitters ထဲမှာတော့ GABA ( gamma- aminobutyric acid) က အဓိက တာဝန်ယူတယ်။
Acetylcholine - လှုပ်ရှားတာ၊ သင်ယူတာအပြင် မှတ်ဉာဏ်တွေကိုလည်း တာဝန်ယူပေးတယ်။
Alzheimer- လူနာတွေက Acetylcholine နည်းနေတာ
Serotonin က စိတ်ခံစားချက်တွေဖြစ်တာ၊ အိပ်ချင်တာ၊ ဆာလောင်တာတွေဖြစ်စေတယ်။ တကယ်လို့ Serotonin နည်းနေရင် depression ဖြစ်ပြီ။
Prozac ဆေးက Serotonin ပိုများလာအောင် လုပ်ပေးနိုင်တယ်။ (ကိုယ်တိုင်ဆေးဝယ် သောက်မယ်ဆို တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
ကျွန်တော်က ဖတ်ထားတာလေးကို ရေးတာဖြစ်လို့ ဒီဆေးက အမှန်တကယ် ကောင်းတယ် မပြောနိုင်ပါ)
Dopamine - သာယာဖွယ် ခံစားချက်တွေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ပိုအားကောင်း အောင်လုပ် ပေးတာ။ သူနည်းနေရင်တော့ လှုပ်ရှားရတာ အဆင်မပြေတော့ဘူး။
L-DOPA ဆေးက Dopamine ပိုများလာအောင်လုပ်ပေးတယ်။
အရက်နဲ့ပတ်သက်ပြီးပြောရရင် အရက်က တကယ်တော့ excitatory neurotransmitters တွေချည်းပဲမဟုတ်ဘူး။ inhibitory neurotransmitters များပါတယ်။
Alcohol make you calm ပါနော်။ များများသောက်ရင်တော့ Norepinephrine ကိုပိုများစေတယ်။ ဒါကြောင့် ထ က တာတွေ၊ ရန်ဖြစ်တာတွေ ဖြစ်လာတာ။ နည်းနည်းသောက်ရင် စိတ်အေးချမ်းတယ်။ များများသောက်ရင်တော့ ထကြွလာလိမ့်မယ်။
ဦးနှောက်ထဲမှာ ဒီနူရွန်တွေပဲ အဓိက တာဝန်တွေကို လုပ်နေသလားဆိုတော့ မဟုတ်ပါဘူး။ ပြိုင်ဘက် cell တွေရှိသေးတယ်။ Endocrine system လို့ခေါ်တယ်။ Glands တွေ၊ hormones တွေ ကိုပြော တာပါ။
Hormones - စိတ်ခံစားချက်တွေ၊ တက်ကြွတဲ့စိတ်တွေ၊ ဇီဝကမ္မဖြစ်စဉ်တွေ၊ ကိုယ်ခံအားစနစ်ကို တိုင်းတယ်။ ခန္ဓာကိုယ် ကြီးထွားအောင် လုပ်ပေးတယ်။
ဥပမာ အခြေအနေလေးတစ်ခုကြည့်ရအောင်။
ကျွန်တော်တို့က တစ်ခုခုကို စိတ်ဝင်စားနေတယ်။ တစ်ခုခုစားနေတယ်။ ဒေါသထွက်နေတယ်။ ဒီအချိန်မှာ neurons တွေက သတင်းတွေ အပြန်အလှန်ပို့နေတယ်။ အရမ်းမြန်တဲ့ အရှိန်တွေနဲ့ အလုပ်လုပ်နေကြတယ်။
Endocrine system ကတော့ နှေးတယ်။ သွေးကြောထဲကို ဟော်မုန်းတွေ၊ ဂလန်းစ်တွေ ထုတ်ပေးပြီး ဖြည်းဖြည်းချင်း လှုပ်ရှားနေတယ်။ ကြာကြာလည်း ထိန်းထားနိုင်တယ်။
တကယ်လို့ ကျွန်တော်တို့က တိတ်ဆိတ်တဲ့ ညအချိန် သရဲကား ကြည့်နေတုန်း မီးဖိုချောင်ထဲ အိုးခွက်တွေ ပြုတ်ကျသံအကျယ်ကြီး ကြားလိုက်တယ်။ နှလုံးခုန်သံတွေ မြန်လာ မယ်။ ချွေးတွေထွက်လာလိမ့်မယ်။ လုံးဝကြောက်လန့်သွားမှာပါ။
ကြောင်လုပ်လို့ အိုးခွက်ပြုတ်ကျတာကို သိလိုက်ရတယ်။ သိပြီးတာတောင် နှလုံးခုန်တာ မရပ်သေးဘူး။ (မငြိမ်သေးဘူး) ကြောက်နေတုန်းပါပဲ။
နူရွန်တွေက ပုံမှန် အလုပ်လုပ်နေရင်းက အသံကျယ်ကြီးကြောင့် ပိုမြန်မြန်လုပ်လာကြတယ်။
Endocrine system ကလည်း တူညီတဲ့အချိန်မှာ အလုပ်ထလုပ်တယ်။
ကျောက်ကပ်က ထုတ်ပေးတဲ့ Adrenal Glands ထွက်လာတယ်။
Fight or Flights Hormones ပါ။ သိစိတ်က "အော် ဒါကြောင့် လုပ်တာပဲ " လို့သိပြီး နူရွန်တွေ ပုံမှန်ပြန်အလုပ်လုပ်နေတယ်။ Hormones တွေကတော့ သိပြီးလည်း ဆက်ရှိနေသေးတယ်။ ဆက်ပြီး နှလုံးခုန်နေသေးတယ်။ ချွေးပျံနေသေးတယ်။ ကြောက်နေသေးတယ်။
အရှင်းဆုံးပြောရရင် ကျွန်တော်တို့က ကြောက်စိတ်ကို လုံး၀ ထိန်းချုပ်လို့မရပါဘူး။ သဘာဝပါပဲ။ ဘာသာမဲ့လည်း ကြောက်စိတ်ကို ထိန်းချုပ်လို့မရပါဘူး။
ခန္ဓာကိုယ်ထဲမှာ အဓိက ဂလန်းစ်တွေ ထုတ်ပေးတဲ့နေရာရှိပါတယ်။
- Kidney က Adrenal glands ( fight or flight response) – Adrenaline hormones
နှလုံးခုန်မြန်မယ်။ သွေးပေါင်ချိန်တက်လာမယ်။
- Pancreas က insulin, glucagon hormones - အချိုဓာတ်
- Thyroid gland – metabolism
- Parathyroid - သွေးလည်ပတ်မှု
- ဝှေးစေ့၊ မ မျိုးဥတွေက sex hormones တွေ အသီးသီးထုတ်ပေးကြတယ်။
ဒီဟော်မုန်းတွေ အားလုံးကိုထိန်းချုပ်နေတဲ့ ဆရာကြီးကတော့ ဦးနှောက်ထဲမှာရှိပါတယ်။
Pituitary Gland ပဲစေ့လောက် သေးသေးလေးဆိုပေမဲ့ အစွမ်းက အံ့မခန်းပါ။ ဟော်မုန်းတွေကို ပိုကြီးထွားအောင်လုပ်ပေးတယ်။ အရိုးအကြောတွေကို ပိုဖွံ့ဖြိုးအောင်လုပ်ပေးတယ်။
မေတ္တာ ဟော်မုန်းလို့ခေါ်တဲ့ Oxytocin ထုတ်ပေးတယ်။ Oxytocin မေတ္တာတရားရဲ့ နွေးထွေးတဲ့ စိတ်ခံစားချက်ကိုရတယ်။ လူတွေက ချစ်စရာပါလားဆိုတာမျိုးပေါ့။ လူတောတိုးတဲ့အခါ လုံခြုံတယ်ဆိုတဲ့ စိတ်ပေါ့။
Oxytocin များရင် လိင်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်နိုင်တယ်။ ( ခုထိသေချာတဲ့အဖြေမရှိသေးပါဘူး။ ဆီးသွားလို့မရနိုင်တဲ့ရောဂါက Oxytocin နဲ့ ဆက်စပ်နေတယ်လို့ ခန့်မှန်းထားကြတယ်)
Oxytocin နည်းနေရင်တော့ Autism ဖြစ်နိုင်တယ်။ ဒီ Oxytocin က မိခင်တွေ နို့ရည်ထွက်လာစေတဲ့ အဓိက အကြောင်းလည်းဖြစ်တယ်။ ပြောရရင်တော့ သူကဆရာကြီးပဲ။
Oxytocin အနည်းအများကြောင့် ဖြစ်နိုင်ခြေ ရောဂါတွေက ခန့်မှန်းလေ့လာနေတုန်း။ သူက အကုန်လုံးကို လုပ်ပေးသလိုဖြစ်နေတာကိုး။
Pituitary Gland ကဆရာကြီးဆိုပေမဲ့ သူ့မှာလည်းဆရာရှိသေးတယ်။ Hypothalamus တဲ့။ ကြားတာပဲဖြစ်ဖြစ်၊ မြင်တာပဲဖြစ်ဖြစ် ဒီ sensor တွေက Hypothalamus ကိုဖြတ်သွားပြီး sensory motor တွေဆီ ရောက်တယ်။
Hypothalamus ကစပြီး Gland တွေထုတ်ပေးတယ်။ Pituitary Gland ကထပ်ပြီး ကျောက်ကပ်ကို Adrenaline ထုတ်ခိုင်းတယ်။
ကဲ ကြောက်လန့်သွားရပြီ။ ပြီးတော့ ကျောက်ကပ်ကပြန်ပြီး Pituitary Gland ကို ပြန်သတင်းပို့နဲ့ အချိန်ကြာသွားတယ်။ သိစိတ်ကတော့ မြန်မြန်ဆန်ဆန်သိပြီးဖြစ်တယ်။
ဦးနှောက်အကြီးပိုင်းတွေလေ့လာရအောင်
၁၈၀၀ ခုနှစ် ဝန်းကျင်လောက်မှာ German Physician Franz Joseph Gall လေ့လာခဲ့တာကတော့ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက ဦးခေါင်းခွံကြောင့်လို့ဆိုတယ်။ သူ့ခေါင်းကလည်း သာမန်ထက်ပိုတယ်။ နဖူးပြောင်ပြောင် ခေါင်းကြီးကြီးဆိုတော့ သူ့ကိုယ်သူ ကြည့်ပြီး Theory ထုတ်ခဲ့လားမသိဘူး။
နောက်ဆယ်စုနှစ်တွေထိ သူ့ Theory တွေကို လူတွေက လက်ခံခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ သိပ္ပံတု (Pseudoscience) လို့ သတ်မှတ်ထားတယ်။ ဦးခေါင်းခွံကြောင့်လို့ ထင်နေမှာ စိုးလို့ထည့်ပြောတာ။
ဦးနှောက်ကိုလေ့လာရင် Darwin ရဲ့ Evolution Theory ကိုပိုနားလည်သွားလိမ့်မယ်။ ဦးနှောက်က ဟိုးရှေးဦး သတ္တဝါတွေက စပြီးခုထိ ဆင့်ကဲဖြစ်လာတာ။ Brain Stem ဆို ရှေးကတည်းက ရှိခဲ့တယ်။ Cortex ပိုင်းကတော့ လူတွေနဲ့ Primate တွေမှာပဲရှိတာပါ။ ( ဦးနှောက်ရဲ့ ၈၀ ရာခိုင်နှုန်းက Cortex ပါ)
ငှက်တွေနဲ့ Reptile တွေမှာ နည်းနည်းပဲရှိတယ်။ ငါးတွေမှာလုံးဝမရှိဘူး။ တစ်စုံတစ်ယောက်က ပုဇွန်ဦးနှောက်လို့ပြောရင် ဦးနှောက်သေးတာ မဟုတ်ဘူး။ စိတ်ဆိုတဲ့အရာ သူတို့မှာမရှိတာ။ Cortex က စိတ်ဆိုတဲ့ အရာပါပဲ။
ဒီ Cortex ကို အပိုင်း လေးပိုင်းခွဲ လေ့လာလို့ရတယ်။ Lobes လေးခုပေါ့။
Frontal Lobe
Parietal Lobe
Occipital lobe
Temporal lobe
- Frontal lobe ထဲမှာ Broca area ဆိုတာရှိတယ်။ သူက စကားပြောတာ၊ စာရေးတာတွေကို ထိန်းချုပ်တယ်။
Motor strip ဆိုတဲ့အပိုင်းလည်းရှိတယ်။ သူက ခနာကိုယ်လှုပ်ရှားတာကို ထိန်းချုပ်တယ်။
Frontal cortex အပိုင်းကြီးကတော့ စိတ်ခံစားချက် တွေ၊ ဆုံးဖြတ်ချက်ချတာ၊ ပြဿနာတွေရှင်းတာ၊ အာရုံစူးစိုက်တာ၊ ဉာဏ်ရည်၊ ကိုယ့်ကိုကိုယ် သိနေတာတွေ ကိုလုပ်ဆောင်တယ်။ ( သိစိတ်ဆိုတာ သူ့ဆီမှာဖြစ်နေတာ)
- Parietal lobe ထဲမှာတော့ sensor strip ဆိုတာရှိတယ်။ သူကအာရုံငါးပါးကိုသိနေတာ။ စကားလုံးတွေကကိုသိနေတာ။ ဘာသာပြန်တဲ့ အရည်အချင်းကိုလုပ်ဆောင်နေတယ်။
- Occiptial lobe ကတော့ အရောင်တွေကိုသိပြီး ဘာသာပြန်ပေးနေတာ။
- Temporal lobe ထဲမှာတော့ Wernicke area ဆိုတာရှိတယ်။ သူက ဘာသာစကားနားလည်နိုင်စွမ်းကိုပြုမူတာ။ အကြားအာရုံကိုလည်း သူက အဓိက တာဝန်ယူပေးတယ်။ မှတ်ဉာဏ်တွေကိုလည်း သူ့နေရာမှာသိမ်းထားတာ။ ( မှတ်ဉာဏ်က DNA ထဲမှာ သိမ်းထားတယ်လို့လည်းဆိုကြတယ်)
တစ်ခု သိထားရမှာက lobes တွေက တခုထည်း အလုပ်မလုပ်ဘူး အကုန်လုံးကတက်ညီလက်ညီ အလုပ်လုပ်နေကြတာ (Neurons တစ်ခုကဘေးက အခု ထောင်ပေါင်းများစွာသော neurons တွေနဲ့ ချိတ်နေတာကိုး)
ဒီ Cortex ကြီး ကို အပြင်ထုတ် ကြည့် ရင် စကောဝိုင်း တစ်ခုစာလောက် ကြီး တယ် ခေါင်းထဲ ရှိနေချိန်မှာတော့ သွေး တွေ နဲ့ နီနီရဲရဲ ရွံစရာကြီး လို့ဆိုတယ်။ အပြင် ထုတ်လိုက်ရင် Grey , white ဆို ပြီး အရောင်တွေ ဖြစ်ကုန် ရော
ဒါကို ပဲ Grey Matter , White Matter ဆိုပြီး ခေါင်းစဥ်ခွဲ ဆက်လေ့လာ နေကြတယ်
အခြမ်း ၂ ခြမ်း ရှိတယ်လို့လည်း ခွဲပြီး လေ့လာနေကြတယ်
ဘယ်ဘက်ဦးနှောက်ကတော့ ဘာသာစကားပြောတာ နားလည်တာ တွေကို အဓိကထား လုပ်တယ်
ညာဘက်ဦးနှောက်ဘက်ပိုင်းကတော့ ပုံရိပ်တွေကို ဘာသာပြန်တာ အဓိက ထားလုပ်တယ်
ဘယ်သန်တော်တော်များများရဲ့ စကားပြောနိုင်စွမ်းတွေက ဦးနှောက်ရဲ့ ညာဘက်ခြမ်းမှာ ရှိနိုင် တယ်
ဦးနှောက်ထဲ မှာ သင့် ခန္ဓာကိုယ်ရဲ့ Map ရှိပါတယ်
McGill University က Dr Panfield စမ်းသပ် လုပ်ဖူးတဲ့ အကြောင်းရှိပါတယ်။ ဦးနှောက်ရဲ့ တစ်နေရာ ထိရင် လက် လှုပ်လာတာ ၊ ခြေလှုပ်လာတာ တွေ ကို မှတ်တမ်းတင်ထားပါတယ်
ခုထိတော့ ဦးနှောက်ကို လေ့လာနေတာ မဆုံးနိုင်သေးပါဘူး အများကြီး လေ့လာရပါဦးမယ်
ဒါနဲ့ Neuroscientist တွေ က Helmet Law ကို မကြိုက်ဘူး ဗျ
သေအောင် မော်တော်ဆိုင်ကယ် မောင်း၊ ခေါင်း ထိပြီး ဘယ်လို ရောဂါ ဖြစ်သွားလဲ ဆိုတာ သိချင်လို့တဲ့ 
ဦးနှောက်အကြောင်းပြောရင်တော့ အများကြီး ပါ Rene Descartes တစ်ယောက် ခုနေ စိတ်ဆိုတာ ဦးနှောက်ကြီး ကြောင့်လို သိရရင် “ Ridiculus” လို့ ပြောမှာ အသေအချာ ပဲ
ဦးနှောက် က ဒီလောက် အရေးပါနေရင် ကျနော်တို့ လုပ်သမျ အရာတွေကဦးနှောက် ကြောင့်ပဲ လားဆိုတော့လည်း မဟုတ်ပါဘူး
အန်တာ
ယောက်ျားလေးတွေ မနက်မိုးလင်းရင် လိင်တံ ထောင်မတ် လာတာ
မွေးလာတဲ့ ကလေးလက်စုပ် တာ
ခေါင်း ဖျတ်လိုက်ရင် လက်က အော်တို ကွေးလာတာ တွေ က ဦးနှောက်မပါဘဲ လုပ်နိုင်ကြပါတယ်
နောက်အပိုင်းမှာ Sensation and Perception ကို ရေးပါမယ်
မြင်တာ ကို ယုံတာလား ၊ ယုံနေလို့ မြင်ရတာ လား
Seeing is believing or Believing is seeing !!!

Comments