Skip to main content

Psychology - စိတ်ပညာ သမိုင်းနှင့် လေ့လာ စမ်းသပ်မှုများ


 

Psychology - စိတ်ပညာ
သမိုင်းနှင့် လေ့လာ စမ်းသပ်မှုများ

အတွေးအခေါ်ပညာရှင် Rene Descartes (ရီနေး ဒေးကားတ်) က ပြောတယ်
“ဘာတွေ က သေချာလဲ” တဲ့
သူ့အမေးအဖြေတွေ ထဲ နာမည်အကြီးဆုံး မေးခွန်း တွေကတော့
“ဘုရားသခင်ရှိတယ်ဆိုတာ ယုံတယ် ဒါပေမဲ့ မသေချာဘူး”
“ငါ ချမ်းသာတဲ့ တိုင်းပြည်မှာနေနေတယ်လို့ သိတယ် ဒါပေမဲ့ ငါအလိမ်ခံနေရတာလဲဖြစ်နိုင်တယ်”
“ငါမှာ မိတ်ဆွေသူငယ်ချင်း၊ မိသားစု တွေ ရှိတယ် ဒါပေမဲ့ လှည့်စားခံထားရတာလဲ ဖြစ်နိုင်တယ်
နတ်ဆိုးတွေက လှည့်စားနေတာ လဲ ဖြစ်နိုင်တယ်၊ အခြားအရာ တစ်ခုခုက ငါတို့ ကို လှည့်စား ပြီး ယုံနေရတာ ဖြစ်နိုင်တယ်။ ငါ့မှာ တစ်ခါမှ မရှိတဲ့ အရာတွေ ကို ရှိနေတယ် ထင်နေအောင် လှည့်စားနေတာ ဖြစ်နိုင်တယ်”
“ငါခု အိပ်မက်မက်နေတာ မဟုတ်ဘူး ဆိုတာကော ဘယ်လို သိရမလဲ”
(ခေတ်သစ် အတွေးအခေါ်အရ) လူတွေ က Matrix ထဲရှိနေပြီး စိတ်ထဲ မှာ ခုလို စာဖတ်နေတယ်၊ လမ်းလျောက်နေတယ်၊အလုပ်လုပ်နေတယ် ဆိုပြီး ထင်နေတာ ဖြစ်နိုင်တယ် - Keanu Reeves ရဲ့ The Matrix ကား က ဒီ Dualism ပေါ် မူတည်ပြီး ရိုက်ပြထားတာ။
တခါက Elon Musk ကိုယ်တိုင်ပြောဖူးတယ်
ကျနော်တို့က Galactic Simulation ထဲမှာ Higher Dimension ကသူတွေ ဖန်းတီးထားတာထဲ နေနေရတယ်လို့ ပြေဖူးတယ်… ဒါတွေ ကတော့ စဥ်းစားရင် စဥ်းစား သလောက် လူကို အတွေးအခေါ်တစ်ခုခု ပေးနိုင်ပါတယ်
သံသယ ကို အခြေခံပြီး Dualism အတွေးအခေါ် ကို ပြောထားတာ ဖြစ်တယ် Dualism က​တော့ ဟိုးခေတ်ဦးကတည်း က ရှိခဲ့တဲ့ အတွေးအခေါ်ပါ
ဒေးကားတ် တစ်ယောက် ဒီလို မေးခွန်းတွေကို မေး၊ဖြေ နေပေမဲ့ သူသေချာတာတစ်ခုကတော့ “ခု သူတွေးနေတယ်” ဆိုတာကို သေချာ သိတဲ့စိတ်ပါပဲ
Dualism ဆိုတာ စိတ်ရယ် ရုပ်ရယ် သီးသန့်ရှိနေတယ် လို့ ဆိုတာပါ
ဒီအဆိုကိုလူတော်တော်များများ က ယုံကြပါတယ်
များသောအားဖြင့် ဘာသာရေးသမားတွေ တော်တော်များများက ယုံကြပါတယ်
လူတွေ ကို လိုက်မေးကြည့်ပါ
သေရင် ဘာဖြစ်မှာ လဲ လို့
၉၀% လောက်ရှိတဲ့ လူတွေ က တော့ ကောင်းကင်နိုင်ငံတော်၊ နတ်ပြည်၊ ဗြဟ္မပြည် ရောက်မယ်လို့ ဖြေကြလိမ့်မယ်
ဘာသာမဲ့တွေ ကို သွားမေးရင်တောင် ငါသေရင်နတ်ပြည်တက်မှာ လို့ ဖြေလိမ့်မယ် 😁
လူဝင်စားတွေ ကို ယုံကြတယ်။ ဒီရုပ်ခန္ဓာ ပျက်ဆီးသွားရင် စိတ်က (Soul က) နတ်ပြည် ငရဲပြည်ရောက်မယ်ဆိုပြီး Dualist တွေ ယုံကြပါတယ်
ဒါပေမဲ့ ဟိုးအရင်ခေတ်တွေကတည်း က တွေးခေါ်ယုံကြည်နေတဲ့ ဒီ Dualism က အခြေခံကျတဲ့ မေးခွန်း တွေ ကို မဖြေနိုင်ပါဘူး
ဥပမာ ကလေးတွေ က ဘယ်လို ဘာသာစကားကို စသင်တာလဲ
ဘာလို အချို့အရာတွေကို လူတွေက ကြိုက်ပြီး အချို့အရာ ကို မကြိုက်ရတာလဲ။ စိတ်ရောဂါ က ဘာကြောင့် ဖြစ်တာလဲ စသဖြင့်ပေါ့
Dualism ရှုထောင့်က ဖြေမယ်ဆိုရင်တော့ ဒါတွေက စိတ်နဲ့ပဲဆိုင်တာလောက်ပဲ ဖြေနိုင်တယ် ပြီးတော့ သေချာရေရာစွာ မပြောနိုင်ကြဘူး
ဒီစိတ်နှင့် ခန္ဓာ ကိုယ် က တစ်ခုစီ ဆို ရင် ဘယ်လို ဆက်စပ်မှုရှိနေတာလဲ ဆိုတာကို မဖြေနိုင်ကြဘူး
ရုပ်ခန္ဓာ က စိတ်မပါဘဲ ဘာမှလုပ်မရဘူး ဆိုတာ မျိုးပြောကြတယ်
စိတ်မပါဘဲ ကျားထိုးတာ Chess ထိုးတွေ မလုပ်နိုင်ဘူး လို့ ဆိုကြတယ်
ဒီနေ့ခေတ်မှာတော့ မဟုတ်တော့ဘူး
စိတ်မပါဘဲ “ရုပ်” တွေ က အံ့ဖွယ်ရာတွေ လုပ်နိုင်နေတာ သိရပြီ
ဥပမာ စက် တွေ က ကျားလည်း ထိုးနိုင်သလို Chess လည်း ကစားနိုင်နေပြီ
သိပ္ပံပညာရှင်တွေရော၊ Neuroscientists ရော ဘာပြောသလဲဆိုတော့ ဒီ Dualism က မှားတယ်
စိတ်နဲ့ ခန္ဓာ က ခွဲပြီး ရှိမနေဘူး တကယ်တော့ စိတ်ဆိုတာ ဦးနှောက် အလုပ်လုပ်ရာမှ ထွက်ပေါ်လာတာ ဖြစ်တယ်
သက်သေပြစရာ မျိုးစုံလဲရှိနေပြီး ဖြစ်တယ်
CAT, PET, fMRI စတဲ့ စက်တွေ မှာ စစ်ကြည့်ရင် လူတွေရဲ့ စိတ်အခြေအနေလိုက် ဦးနှောက်မှာ ပေါ် နေကြတယ်
(ဒါကို စိတ်က ဦးနှောက် ကို ခိုင်းစေနေတယ် ဆိုပြီး စိတ်က သက်သက် ဦးနှောက်က သက်သက်လို့ပြောနေသေးရင်တော့ ထူးဆန်းနေပြီ။
သင်္ချာပုစ္ဆာလေး တစ်ပုဒ်လို တွက်ကြည့်ရင်တောင် အဖြေထွက်နေပါတယ်။
ဦးနှောက်မှာရှိတဲ့ sensory motor အပိုင်းကို ဖျက်ဆီးလိုက်မယ်ဆိုရင် ဘာပဲ မြင်မြင် ဘာမှန်းမသိတာ ဖြစ်သွားကော။
ဦးနှောက် အလုပ်လုပ်ရာမှ ဖြစ်ပေါ်လာ တာ ကို စိတ်လို့ ဆိုရင် အမှန်ပဲ ဖြစ်ပါတယ်။
ပတ်လည် လာရိုက်ပြီး စိတ်က ခိုင်းလို့ ဦးနှောက် က လုပ် ရတာ ၊ ဦးနှောက်ကြောင့် စိတ်ဖြစ်ရတာ လုပ်မနေပါနဲ့ 😂။ ဘယ် သိပ္ပံပညာရှင်ကမှ စိတ်ကြောင့် ဦးနှောက်က အလုပ်လုပ်နေရတယ်လို လက်မခံ ထားသလို စိတ်က သီးသန့်ကြီး ရှိနေတယ် လို့ လဲ လက်မခံ ထားပါဘူး။
ဒါနဲ့ “MIND BEYOND CONSCIOUSNESS - သိစိတ်တွေရဲ့ အလွန် စိတ်”ဆိုတာ မျိုးကိုတော့ လေ့လာနေ ကြတယ်။ ဒါကလဲ စိတ်က သီးသန့် ရှိနေတယ်လို့ ဆိုတာ မဟုတ်ဘူး စိတ် ကို ပိုနားလည်အောင် ကြိုးစားလေ့လာနေတာ ဖြစ်ပါတယ်။)
Dualist တွေ၊ ဘာသာရေးရှုထောင့် ကပဲ ကြည့်သူတွေ အတွက် ဒီ စိတ်ပညာစာ က ငြင်းခုန်စရာတွေ ပိုတိုးလာနိုင်ပေမဲ့ သိပ္ပံပညာ ကို အမှန်တကယ်လက်ခံနေသူတွေ အဖို့ စိတ်ဝင်စားစရာ စာလေး ဖြစ်နေမှာပါ
စိတ်ပညာကို လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်ထဲက တရုတ်ရဲ့အစိုးရစာမေးပွဲတွေမှာ စိတ်ပညာဆိုင်ရာမေးခွန်း တွေကို ထည့်မေး တာ သိရတယ်
ဒါတွေ ကိုဖြေပြီး အောင်မှ အစိုးရဝန်ထမ်း ဖြစ်ခွင့်ရှိတယ်
နောက်နှစ်ပေါင်း ၈၀၀ လောက်ကြာတော့ ပါရှန်းဆရာဝန် Muhammad Ibn Zakaria Al-Rhazes (“ရာဇီး” လို့ ခေါ်ကြတယ်) က ပထမဦးဆုံးသော စိတ်ရောဂါ ကို ရောဂါတစ်ခုအနေနဲ့ ကုသပေးသူ အဖြစ်မှတ်တမ်းတင်ထားတယ်
ဒီနေ့ခေတ်မှာ စိတ်ပညာ အကြောင်းပြောတော့မယ်ဆို လူတစ်ယောက် ကို မေ့ထားလို့မရပါဘူး
သူက ဂျူးနွယ်ဝင် စစ်ဂ်မွန် ဖရွိုက် (Sigmund Freud)
သူကလဲ ဟိုးလွန်ခဲ့သော နှစ်များစွာက ရှိပြီးသား စိတ်ပညာစာပေတွေကို လေ့လာပြီး သူ့ရဲ့ အအောင်မြင်ဆုံး Psychoanalysis ပညာရပ်ကို ထုတ်ဝေခဲ့တယ်
သူမတိုင်ခင် စိတ်ပညာရပ်များစွာလည်း ရှိခဲ့တယ် ဒီအထဲ ကမှ အထင်ရှား ဆုံး က Structuralism နှင့် Functionalism ဖြစ်ပါတယ်
ပထမဆုံးသော သိပ္ပံနည်းအရ စိတ်ပညာစာအုပ်လို့မှတ်ယူလိုရမဲ့စာအုပ် ကိုတော့ 1879 မှာ Wilhelm Wundt (ဗွန်) တို့ က Structuralism နည်းအရ စိတ်ပညာ ကို ချဉ်းကပ်ရင်း ထုတ်ဝေခဲ့တယ်
ရူပဗေဒ၊ ဓာတုဗေဒ ပညာ ရပ်တွေ က အရာဝတ္ထု တွေ ကိုလေ့လာ သလို စိတ်ပညာကိုလဲ Structure အလိုက်လေ့လာကြတယ်
ဒါပေမဲ့ သူတို့ အယူအဆ က ခေါင်းစဥ်တစ်ခု ကို အခြေခံထားကြလို့ ကြာကြာသက်စိုးမရှည်လိုက်ရဘူး
ဥပမာ ကော်ဖီ အနံ က ဘယ်လိုရှိတယ်၊ ခွေး ကို လျာနဲ့ ပြန်လျက်ကြည့်ရင် ဘယ်လို အရသာ ရှိတယ် ဆိုတာ မျိုး နှင့် သေချာ လေ့လာပြီး စာအုပ်ထုတ်ဝေခဲ့တာ ပါ
လူတွေ ကသူတို့ လေ့လာ မှုက ရတဲ့ အဖြေ တွေ ထက် အခြား အရာတွေ မှာလဲ တူညီတဲ့ စိတ်ခံစားချက်တွေ အထိအတွေ့ ခံစား ချက်တွေ ရနေတော့ သူတို့ Structuralism က လုံးဝဥဿုံ မမှန်တော့ ဘူးလေ
နောက် နှစ်အနည်းငယ် ကြာတော့ အမေရီကန် စိတ်ပညာရှင် William James ကတော့ ဦးနှောက်ရဲ့ Functions တွေဘက်ကနေ ချဥ်းကပ်ပြီး
Functionalism စိတ်ပညာအဖြစ် စာအုပ်တွေထုတ်ဝေခဲ့တယ် Charles Darwin ရဲ့ Evolution Theory အပေါ် အခြေခံပြီး တည်ဆောက်ထားလေ့လာခဲ့တယ်
သူ့ သီအိုရီတွေ ကတော့ ဒီနေ့အထိ လေ့လာလို့ ရနေတုန်း ပဲ
Sigmund Freud ကတော့ စိတ်ပညာလောက ထဲ ဝင်လာတာ နည်းနည်းနောက်ကျတယ်
1886 မှာ Vienna က ဆေးရုံမှာ အလုပ်လုပ်ရင်း စတင်လေ့လာခဲ့တယ်
Anna O ဆိုတဲ့ လူနာ အမျိုးသမီး ကို စကားစမြည်ပြောရင်း ဆေးကုလိုက်တာ သက်သာလာတာ တွေ့လိုက်ရတယ်
Anna O နှင့် စကားပြောပြီးကုသ ရင်း က သိ လာတဲ့ အတွေးအခေါ်တွေ နဲ့ 1900 ခုနှစ်ရောက်တော့ The Interpretation of Dreams စာအုပ်ကို ထုတ်ဝေဖြစ်တယ် ဒီစာအုပ်က စိတ်ပညာလောက ရဲ့ တော်လှန်ရေးစာ လို ဖြစ်ပြီး Freud ကိုလည်း နာမည်ကြီး လူတစ်ယောက် အဖြစ်ပြောင်းသွားစေပါတယ်
လူတွေကို မသိစိတ်ဆိုတာကြီး ကမောင်းနှင်နေတယ်ဆိုသော အယူအဆက အဲ့အချိန်က လူတွေ မသိသေးတော့ အရမ်းကို ကြီးကျယ်ခမ်းနား တဲ့ အကြောင်းအရာဖြစ်နေတာပေါ့
(ခုခေတ်မြန်မာပြည်မလဲ မသိစိတ်ဆိုတာ ကို လက်မခံ ကြသေးသလို နားမလည်သေးတဲ့လူတွေ ရှိပါသေးတယ် အထူးသဖြင့် ဘာသာရေးသမားတွေ)
ဒီမသိစိတ်တွေ ကို အိပ်မက်တွေ၊ ကိုယ်ကို့ ကို သိရှိမှု‌တွေ ကတဆင့် ပြန်ရှာတွေ့နိုင်တယ် ဆိုတာကို ပြနိုင်ခဲ့တယ်
နောက်ပိုင်းတော့ စာအုပ်ပေါင်း ၂၀ကျော် ထုတ်ဝေဖြစ်တယ်
Freud ရဲ့ မသိစိတ် သိစိတ် သီအိုရီ က တော့ အခြေခံ သုံးမျိုး ရှိတယ်
ID မွေးရာပါ စိတ်၊ စားမယ်၊အီးပါမယ်၊ လိင်စိတ်ဆန္ဒပြည့်ဝချင်တယ် (မသိစိတ်)
Ego - အမှန်တရား ကို စစ်ထုတ်ပေးတဲ့ စိတ် (သိစိတ်)
Super Ego - မိဘတွေနှင့် ပတ်ဝန်းကျင် က ထိန်း လို့ မြုတ်နေတဲ့ စိတ် (သိစိတ် နည်းနည်း မသိစိတ် များများ)
ဒီသီအိုရိ ကို ရေထဲ နည်းနည်းပေါ်နေတဲ့ ရေခဲအဆိုင်ကြီး လို ပုံစံမျိုး နှင့်ဥပမာ ပေး တယ်
အပေါ်မှာ ပေါ်နေတာ ကတော့ သိစိတ် နည်းနည်း လေးရယ်
(ဒါက Ego)
အောက်ဆုံးမှာ မြုတ်နေတာ ကတော့ ID
အနက်ရိုင်းဆုံး ပဲ
သူတို့ နှစ်ခု ကြား မှာ တော့ Super Ego ရှိတယ်
သိစိတ်နှင့် ယှဉ်သလို မသိစိတ်တွေ ထဲ လဲ အများကြီး ကိန်းအောင်းနေတယ်
Freud က မိတ်ဆွေသူငယ်ချင်းတွေ နှင့် အဆင်မပြေဘူး
မိတ်ဆွေတွေ က သူ့ ကို မုန်းတယ် မမုန်းပါဘူးလို့ပြောတဲ့ သူဆိုရင်တောင် ဒီလူကြီးကို မနှစ်မျို့ ကြဘူး
စိတ်ဆိုတာ ဦးနှောက်မှာ ဖြစ်နေတယ် ဆိုတာတွေ ကို လုံးဝ လက်မခံဘူး
သူရှာနေတဲ့ အခြေခံစိတ်ပညာတော်တော် များများ က လူသားအားလုံး ကို ကိုယ်စားမပြုဘဲ သူဌေးသား၊သမီးတွေ လောက်ကို သာ အဓိက ထား လေ့လာနေသလို ဖြစ်နေတယ်
ပြီးတော့ ကျားဝါဒီ သမား အကြီးကြီး
အဆောက်အဦးတွေ အကုန်လုံး က ကျားလိင် အင်္ဂါ ကို ရည်ညွန်းထားတယ် ဆိုတယ်
မိန်းကလေးတွေ က ကျားလိင်အင်္ဂါ ကို မနာလိုတဲ့ စိတ် (Penis Envy) ဆိုတဲ့ ပြင်းပြတဲ့စိတ် ရှိတယ် ဆိုတယ်
အမျိုးသမီး တွေ က ယောက်ျားတွေ လို စိတ်တွေ မပိုင်ဆိုင်သလို သူ့ သီအိုရီ တော်တော်များများ က ကျားလိင်စိတ်ဆန္ဒတွေကိုသာအခြေခံထားတယ်
လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) က ငယ်ငယ် က ရှိခဲ့တဲ့ Psycho-sexual စိတ်ပေါ်မှာပဲ ရှိတယ်လို ဆိုတယ်
  1. Oral Stage မွေးတဲ့ အချိန်မှာ မိခင်နို့သောက်တယ် တကယ် လို့ မိခင်နို့ ပြည်ဝစွာ မရရင် ကိုယ်ရည်ကိုယ်သွေး က မတူတဲ့ ဆိုးရွား လာလိမ့်မယ်
    သူတို့က တချိန်လုံး အစားစားချင်နေသူတွေ ၊ အရက်စွဲတာ ၊ ဆေးလိပ်စွဲတာ တွေ ဖြစ်လိမ့်မယ်
  2. Anal Stage စားသောက်ပြီး စွန့်စရာတွေ ကိုကောင်းကောင်းမစွန့်ဘဲ နေတယ်ဆိုရင် ကြီးလာရင် ကပ်စီးနည်းတဲ့လူ ဖြစ်မယ်
  3. Phallic Stage ကျား၊မ အင်္ဂါဇာတ်ပေါ် မှာ စိတ်က အပြည့်အဝ ခံစားကြပြီး Oedipus Complex လို့ သူကတင်စား ပြောဆိုတဲ့ အကြောင်း အရာဖြစ်လာတယ်
ယောက်ျားလေး က သူ့အမေ ကို လိင်စိတ်ဆန္ဒ ရှိတယ်
သူ့အဖေကို သတ် ပြီး သူ့အမေ ကို ယူမယ် ဒီစိတ်က လူတိုင်းရှိတယ် ဆိုတယ်
ဒဏ္ဌာရီ ထဲက Oedipus ဆိုတဲ့ ဘုရင် က ဒီလို လုပ်ခဲ့တာ ကို အခြေခံ ပြီး သီအိုရီထုတ်ခဲ့တာ ပါ
တကယ်လို ကလေးတွေ ကို Single Parent က ပျိုးထောင် ခဲ့ရင်ကော ဆိုတဲ့ အခါ သူ့မှာ အဖြေမရှိပါဘူး
ဆင်းရဲတဲ့ နိုင်ငံ က ကလေးတွေ ကိုလဲ အခြေခံ ပြီး လေ့လာထားတာ မဟုတ်ပြန်ဘူး
4) ဒီအဆင့် က ကျော်ပြီး အမေ့အပေါ် မှာ လိင်စိတ်က အဖေ့ ကို ကြောက်လို့ ပျောက်ပြီး အမေ့ ကိုရိုးရိုးအချစ်နဲ့ ချစ်တာ က တော့ Latency Stage
5) Genital Stage ဒီအဆင့်မှာ တော့ ဆန့်ကျင်ဘက် လိင်ကိုပို စိတ်ဝင်စားပြီး လူကြီး ဘဝ ကို ရောက် တယ်
ဆိုတော့ ဒီအဆင့်တွေ ကိုတော်တော်များများ က လက်ခံ ကြသလို လူနည်းစု ကိုသာ လေ့လာထားတာ မို့ မမှန်ဘူး လို့ ပြောနေကြသူတွေ လဲ ရှိတယ်
သေချာတာကတော့ ကျနော် တို့ ကို လိင်စိတ်တစ်ခု ထဲ က မောင်းနှင်နေတာ မဟုတ်တာပါပဲ
Sigmund Freud က ဆေးတံသောက်တာ အရမ်း ကြိုက်တယ် ဆေးလိပ်စွဲ နေတဲ့သူ
နောက်ပိုင်း မူးယစ်ဆေးတွေ သုံး တယ်
သူ့ကို ပိုပြီး အာရုံစူးစိုက်စေတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ပါ
ဒီဆေးလိပ် ကြိုက်လွန်းလို့ သူ့ဘဝ မှာ အကြိမ် ၃၀ ထက်မနည်း နာကျင်လွန်းတဲ့ ခွဲစိပ်မှု တွေ လုပ်ရတယ်
ဒုတိယ ကမ္ဘာစစ် မှာ နာဇီ တွေ ကြီးစိုး လာတော့ England ကို ထွက်ပြေး ပြီး အဲ့မှာနေရင်း က အသက် ၈၃ မှာ ဆုံးတယ်
မေးရိုးကင်ဆာ နှင့် ဆုံး သွား တာ ပါ
Freud ရဲ့ သီအိုရီတွေ က ပြောတဲ့ အဓိက အကြောင်း က တော့ စိတ်ရောဂါ ကို Talk Therapy က နေပဲ ကုလို့ ရတယ် ဆိုတာ ကိုပါ
ဒီနေ့ ထိ အချို့ စိတ်ပညာရှင်များ က သူ့သီအိုရီ အတိုင်း လိုက်လုပ်နေကြတာ ရှိသလို စကားပြော ကုရုံနဲ့ မရတာ တွေ ရှိတာ ကို လဲ လက်ခံ ထားကြပါတယ်
သူ့အတွက် အပြင်းထန်ဆုံး ဝေဖန်ချက်တွေကတော့ သူ့ သီအိုရီတွေ က ဗေဒင်ဆရာ အယူအဆ လိုဖြစ်နေတာပါပဲ
(ကျနော့် ကိုတော့ Freudian တွေ လာတိုက်ခိုက်တော့မယ် 😁)
ဗေဒင်ဆရာ အယူအဆ တွေ ကို ဥပမာ ပြောရရင်
Sigmund Freud ကပြောတယ် “ မင်း က မင်းအမေ ကို မုန်းနေတယ်”
လူနာ က ပြန်ပြောတယ် “ဟုတ်မယ်ထင်တယ်ဗျ”
Sigmund Freud “ငါပြောတာ မှန်တယ်”
“မင်းက မင်းအမေ ကို မုန်းနေတယ်”
“ဟာ မဟုတ်ပါဘူး ခင်ဗျား ဘာတွေ ပြောနေတာလဲ”
“မင်းဒေါသ ထွက်နေတာ က ငါပြောတာ မှန်နေလို့လေ”
Freudian တွေ က တကယ့် သိပ္ပံပညာရှင်တွေနှင့် ငြင်းခုန် ပွဲတွေ၊ သိပ္ပံဆွေးနွေးပွဲတွေမှာတောင် ဒီလို ပြန်ပြောတယ်
“လူကြီးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး (Personality Traits) ဟာ ငယ်ငယ်က လိင်စိတ်နှင့် ပတ်သတ်ပြီး ဖြစ်ပေါ်လာတယ်
အိပ်မက်တွေ က ဆန္ဒတွေ ကို ပြည့် ချင်လို့ မက်နေတာ
Psychoanalysis က အကောင်းဆုံး စိတ်ဝေဒနာ ခံစားနေရသူတွေကို ကုပေးနိုင်တဲ့ ပညာရပ်ပဲ”
သိပ္ပံပညာရှင်တွေ က “ ဟာ မဟုတ်ဘူး ဒါတွေ အတွက် တိကျတဲ့ သက်သေပြချက်တွေ မရှိဘူး မဟုတ်ဘူး”
“မင်း က ငါ့အဆိုကိုငြင်းနေတာ ငါ့အဆို တွေ က မင်းအတွက် စိတ်ခြောက်ခြားစရာဖြစ်နေလို့”
ဒါက ဘာဆိုလိုတာ လဲ ဆိုတော့ ငါ မှန်နေလို့
ပြီးတော့ မင်းမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပြီ”
😁😁😁😁😁
ဒီလိုမျိုး ကို ပြန်ပြော ကြပါတယ်
Freud သီအိုရီတွေ ကို တကယ့် စိတ်ပညာစာသင်ကျောင်းတွေမှာ မသင်ပါဘူး
သမိုင်းနှင့် ဘာသာစကား အဆင့်ထဲလောက်ပဲ ထည့်ထားပါတယ်
Yale University မှာဆို Freud သီအိုရီတွေ ကို စိတ်ပညာ အဖြစ်လက်ခံ သင်မပြပါဘူး
ကျောရိုး လောက် ပဲ ယူသုံး ကြတာ များတယ်
Child psychological development တို့ Talk Therapy တို့ လောက် သာ ယူသုံး ကြတယ်
အိပ်မက်တွေ က ဆန္ဒတွေ ကို ဖော်ဆောင်နေတယ် ဆိုတာ တွေ က မှားနေပြီ
ဒီနေ့ ခေတ်မှာ အိပ်မက်တွေ ကြည့်လို့ ရနေ ပြီ ဆိုတော့ မှား သွားပြီ
၂၀ ရာစု ကိုရောက်တော့ IVAN Pavlov , John B.Watson , B.F. Skinner တို့ရဲ့ Behavior တွေ ပေါ်မှာ မူတည်ပြီး စိတ်ပညာ ကို ပိုတိုးတက်လာအောင် လေ့လာတွေ့ ရှိကြတယ်
Skinner က ကြွက်တွေ၊ ခိုတွေ နှင့် ကလေးငယ်တွေ ကိုပါ သေတ္တာ တစ်ခု ထဲ ထည့် ပြီး လေ့လာခဲ့ တယ်
Freud ကြီး England ရောက်နေတဲ့ အချိန်လောက်မှာ Skinner က Behaviorism of Organisms စာအုပ်ကို ထုတ်ဝေနိုင်ခဲ့တယ်
Freud ရဲ့ Psychoanalysis ကို Psycho-dynamic ဆိုပြီး နောက်ပိုင်း စိတ်ပညာရှင်တွေက ပြုပြင် ပြီး Behaviorism နှင့်ပေါင်း ကာ စိတ်ပညာ ကို ပိုလေ့လာ ဖြစ်ကြတယ်
ဒီခေတ်မှာ စိတ်ပညာလို့ ဆိုရင်တော့ စိတ်အပြင် Behaviorism ကိုပါ လေ့လာတာ လို့ အဓိပ္ပါယ် ရောက်ပါတယ်
စိတ်ပညာဆိုတာ စိတ်တစ်ခုထဲ မဟုတ်ဘဲ Behavior ကပါ အရေး ကြီးတဲ့ နေရာက ဝင်ပါနေပါတယ်
B.F. Skinner က ဘာပြောသလဲ ဆိုတော့
“Give me a child and I will shape him into anything”
စိတ်က ဦးနှောက်မှာ ရှိတာကို ဆက်ရေးပါမယ်
Reference: Yale University Online Course - Psychology

Comments

Popular posts from this blog

TABOO 1

  Taboo 1 ညီမ ပထမဆုံးက married ဖြစ်နေတဲ့လူနဲ့ စင်္ကာပူရောက်တုန်း ဖြစ်ခဲ့တာ။ သူက နာမည်ကြီးပဲ။ သူ့နာမည်က *******။ ဟာ သူက အိမ်ထောင်ရှိတာလား။ သူ့စာတွေ တော့ ဖတ်ဖူးတယ်။ လူပျိုပဲ ထင်တာ။ မဟုတ်ဘူး။ အိမ်ထောင်နဲ့။ အာ့ညက သူနဲ့ အတူတူ ပထမဆုံးဖြတ်သန်းမိတယ်။ ကြောက်လိုက်တာပြောမနေနဲ့။ ငိုပြီးတော့ morning after pill ဆိုပြီး ဆေးဆိုင်ပြေးပြီး ချက်ချင်းဝယ်သောက်ခဲ့ရသေး။ ရယ်ရတယ်။ နောက်ပိုင်းရော သူနဲ့ တွေ့ဖြစ်လား။ ရန်ကုန်ကို သူပြန်ရောက်ချိန်တော့ နေဖြစ်တယ်။ Threesome ရော နေဖြစ်လား။ သူကတော့ သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ ပြီးတော့ threesome ဖို့ ပြောပါသေးတယ်။ မနေဖြစ်ဘူး။ တစ်ယောက်ခြင်းပဲ တလှည့်ကျ နေလိုက်တယ်။ ပြုံးပြုံးကလေး လုပ်ပြနေလေရဲ့။ သူ့ကို ကျနော်က V လို့ ခေါ်တယ်။ သူနဲ့ က ဆန္ဒပြရင်း ဆိုင်းဘုတ်မှာ စာရေးထားတာခြင်း အဓိပ္ပါယ် ခပ်ဆင်ဆင်ဖြစ်နေတော့ စကားပြောဖြစ်ကြတယ်။ ပြီးတော့ သူ့တိုက်ခန်းကို လိုက်သွားဖြစ်ခဲ့တယ်။ … တံတွေးထွေးထည့်ပေး။ ရုတ်တရုတ်အတူတူ နေနေရင်း သူထပြောလိုက်တယ်။ မျက်လုံးတွေကို မှိတ်ထားနေလေရဲ့။ သူပြောသလို တံတွေးတွေ သူ့ပါးစပ်ထဲကိုထွေးထည့်ပေးလိုက်တယ်။ သူ့မျက်နာမှာ အရမ်းကျေနပ်နေယောင် ပုံရိပ်တွေ မြင်ရတယ်။ ...

“တာဘူး TABOOS” 2

Taboo 2  သူ့နာမည် က ****** ။ မျက်ဝန်းနက်နက်ကလေး။ နဖူးပြင် ကျဉ်းတယ်။ ပါးလေးတွေက ဖောင်းအိနေတာပဲ။ နှုတ်ခမ်းလေးက က ကြီး သေးသေးရေးထားသလို။ မျက်နာမှာ အမွှေးပါးပါးလေးတွေလည်း ရှိထားသေးတယ်။ အရပ်ကလေးက ပုတယ်။ MARRY သီချင်းတွေကို ရူးသွပ်ရုံတင်မကဘူး။ စကားပြောရင်လည်း အသံတိုးတိုးလေး နဲ့ Marry သီချင်းသံနေလေးကြားနေရသလို။ စကားတစ်လုံးခြင်းကို ဆွဲငင်ပြီးပြောတက်တယ်။ စကားပြောတိုင်း ဝိုင်တခွက်လို ချိုသွားတယ်။ ပြီးတော့ ရီဝေဝေလေး ဖြစ်စေတယ်လေ။ ခါးနားလေးက စပြီး ဒူးခေါင်းအထိ classical guitar အိုးလေး တစ်လုံး ပြောင်းပြန်လှန်ထောင်ထားသလိုပဲ။ Classical Guitar လေးတီးဖို့ ဆိုရင်ခွင်ထဲ အပြည့်ထည့်ထားမှ အသံကောင်းကောင်း ထွက်လာတယ်။ သူ့ကို လည်း ရင်ခွင်ထဲ အပြည့်ထည့်ပြီး ရင်သားလေးတွေကို ကိုင်တွယ်ဆော့ကစားတော့ သူ့ဘဝရဲ့ လွမ်းမောဖွယ်လေးသံစဉ်လေးတွေကို ကြားလိုက်ရတယ်။ Recuerdos De La Alhambra သီချင်းသံစဉ်လေး နားထဲ ဆွတ်ပျံ့ ကြားနေရသလိုလို။ ….. ကျေးဇူးတင်ပါတယ် လို့ စင်ပေါ်က ဒေါက်တာ ဦးတင့်စိုးနိုင်ပြောလိုက်ချိန် ဟောပြောပွဲတစ်ခုလုံးမှာ ပရိသတ်အားလုံး ခြိမ့်ခြိမ့်သဲ လက်ခုပ်တွေတီးပြီးအားပေးကြတယ်။ သူကလေးကတော့ ထူးထူးခြားခြား ရင်ခုန်စိတ်လှ...

Emergent property

  Emergent property အချိန်က ထွန်းထွက်ပေါ်လာသော အရာတစ်ခုသာ ဖြစ်တယ်။ မဟာပေါက်ကွဲမှုကြီး ဖြစ်ပြီးမှ Spacetime ဆိုတာ ဖြစ်ပေါ်လာရတယ်။ အချိန်ကို ဒီစကြာဝဠာမှာ အခြေခံ အရာတစ်ခု အဖြစ် နှူတန်က တွက်ချက်သလို၊ quantum gravity မှာလည်း တွက်ချက် လက်ခံထားတယ်။ ဒါပေမယ့် စကြာဝဠာကြီးက လည်ပတ်နေတာ မဟုတ်ဘဲ ပြန့်ကားနေတာဖြစ်လို့ အချိန်ကို fundamental အဖြစ် နားလည်ဖို့ဆိုတာ ခက်တယ်။ ဂြိုလ်တွေ၊ ကြယ်တွေ အားလုံးဟာလည်း ထွန်းထွက်ပေါ်လာတဲ့ အရာတစ်ခုသာဖြစ်တယ်။ နဂိုပကတိ က ရုန်းရင်းဆန်ခတ် အခြေခံ သဘောတွေမှ ထွန်းထွက်ပေါ်လာတဲ့ အရာတွေသာဖြစ်တယ်။ အက်တမ်ဆိုတဲ့ အသေးဆုံးအရာလေးတွေကို ထပ်မံ ခွဲစိတ်လေ့လာကြည့်တော့ quarks အဆင့်ထိ ရှာ​ဖွေလေ့လာမိကြတယ်။ Quarks လေးတွေကို အခြေခံနဂိုပကတိ အဖြစ် လက်ခံထားကြတယ်။ Quarks တွေကို ထပ်မံခွဲစိတ်ဖို့အတွက်က တော့ လုံလောက်တဲ့ စွမ်းအင်မရှိထားလို့ လက်ရှိလူသားတို့ ရဲ့ နည်းပညာမှာ မဖြစ်နိုင်သေးဘူး။ Spacetime ဆိုတဲ့ ချည်မျှင်ထည်ကြီးမှာလည်း quarks လေး​တွေ ရစ်တွယ် နေတဲ့ သဘောအဖြစ်နားလည်မိတယ်။ Quarks တွေဟာ သူ့ချည်း သီးသန့်ရှိနေကြပြီး ဗရမ်းဗတာ ဆန်ဆန် ပြုမှုနေထိုင်ကြတယ်။ သူတည်ရှိနေမှန်း သိကြတယ်။ ဘယ်လိုမျိုးအလုပ်လုပ်လ...