Psychology 2 - စိတ်ပညာ ၂ KNOW YOUR MASTER ! သင့် သခင်ကို သိပါ "ဘာသာမဲ့တွေက သရဲကြောက်တယ်။ ကြားလို့မှ မကောင်းဘူး။ အစကတည်းက ဒီဘုရားဝါဒတွေ ပုံပြင်တွေထဲက သရဲတစ္ဆေတွေကို မယုံပါဘူးဆိုပြီး ခုတော့ ကြောက်တတ်နေလိုက်တာ" ဒီမေးခွန်းကိုကြားတိုင်း "မရှိတာကိုဘာလို့ကြောက်ရမှာလဲ။ နည်းနည်းလန့်တာ" ဒီ လောက်ပဲပြန်ပြောနိုင်ခဲ့ပါတယ်။ တစ်ကယ်က ကြောက်တာ၊ လန့်တာ၊ အနံ့ရတာ၊ အထိအတွေ့သာယာတာ၊ ကျွန်တော်တို့လုပ်နေတာ၊ သိနေတာတွေ အကုန်လုံးက Nerve Cells or Neurons တွေကြောင့်ပါ။ ကျွန်တော်တို့သခင် ဦးနှောက်ကြီးအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆေးပညာ အသုံးအနုန်းတွေ ကို ဘာသာ ပြန် ရခတ် လို့ အဆင်ပြေသလို ရေးထား ပါတယ် ပျင်းစရာ ကောင်း နေမှာ ပါ စိတ်ပညာ ကို လေ့လာသူဆို ဒီအကြောင်းတွေကို သိထားသင့်ပါတယ် အကြီး ကြီးတွေက မစခင် သေးသေးလေးတွေက စကြရအောင်။ ဒါကတော့ Neurons တွေပါပဲ။ Unipolar – Sensory Neurons – ခံစားမှု အထိအတွေ့တွေ သိတဲ့ neurons Multipolar – Motor Neurons - လှုပ်ရှားမှုတွေကိုထိန်းချုပ်တဲ့ neurons Bipolar – Interneurons - ခံစားမှု၊ လှုပ်ရှားမှုတွေကို ကြားထဲကနေ ကူညီဆုံးဖြတ်ချက် ချပေးတဲ့ Neurons ဒီလို သု...
This blog is to share knowledge and experiences of my life