အနုတ်သဘော ဆောင်မှု ကို ထပ်တလဲလဲ ပြုရတာ ကြိုက်တဲ့ လူသား များ
ကျနော်တို့ ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေမှာ အနုတ်သဘောဆောင် တဲ့ စိတ်ခံစား ချက်က လည်းတစ်ခု ပါ
သောက ပရိဒေဝ မီးတွေ လောင်မြိုက် တိုင်း အားကိုးရာရှာ မရအောင် ဖြစ်တတ်ကြ တယ်
ဟုတ်တယ် ကျနော်တို့ ဒီခန္ဓာ ဟာ အနုတ်သဘော ဆောင်တဲ့ စိတ် တွေ ကို ပိုကြိုက်ကြတယ်
ပျော်စရာ စိတ်ဆို ခဏ လေး မသိမသာ ပျောက်ကွယ်သွားတယ်
အနုတ်သဘောဆောင်တဲ့ စိတ်ဆို အကြာကြီး ရှိတတ်ကြတယ်
ကျနော် တို့ က ဝမ်းနည်းစရာ ၊ စိတ်ညစ်စရာ တွေ ကို မှတ်ဉာဏ်အဖြစ် သိမ်းချိန်မှာ နူရွန် တွေ က နှစ်ဆ ကိန်းအောင်း အောင်ကို သိမ်းပါတယ်
ပျော်စရာ မှတ်ဉာဏ်တွေ ကိုတော့ ပုံမှန်အတိုင်း သိမ်း တယ်
ဒီနူရွန်တွေ နှစ်ဆ သိမ်းထား တော့ ဝမ်းနည်း စရာတွေ က အလွယ်တကူ ဖြစ်နေတာ၊ ပြန်ဖော် နိုင်တာ တွေ က မထူးဆန်းတော့ပါ ဘူး
ဒါက Evolution ဖြစ်စဉ် မှာ ကျနော်တို့ရဲ့ ရှေး ဘိုးဘွား Homo Sapiens တွေ ရဲ့ အသက်ဆက်လက်ရှင်သန်ရေး အတွက် အသုံး ဝင်ခဲ့ပါတယ်
သားရဲတိရိစ္ဆာန် တွေ ဘေးမှာ မရှိပေမဲ့လည်း ရှိတယ် ဆိုတဲ့ စိတ်နှင့် နေနေခြင်း က သူတို့အတွက် ဆက်လက် ရှင်သန်ဖို့ အားဖြစ်စေခဲ့ သလို သတိ ရှိစေခဲ့တယ်။
University of California က ပါမောက္ခ Alison Ledgerwood က လေ့လာမှု တစ်ခု လုပ်ခဲ့ တယ်။
အနုတ်သဘောဆောင်တဲ့ စိတ်နှင့် အကောင်း မြင်တတ်တဲ့ စိတ် နှစ် ခု ကို လေ့လာ ကြည့် ချင်လို့ လူ စု နှစ်ခု ခွဲ ပြီး ခွဲစိပ်ခန်းမှာ ဆရာဝန်တွေကို လက်တွေ့ လုပ်ခိုင်း ကြည့်ပါတယ်
ပထမ လူတစ်စု ကိုတော့ ဒီ ခွဲစိပ် မှု က ၇၀% အောင်မြင်နိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောလိုက်တယ်
ဒုတိယ တစ်စု ကို တော့ အောင် မြင်နိုင်မှု ၃၀% ပဲ ရှိတယ် လို့ ပြော ကြတယ်
တကယ် ခွဲစိပ်မှု က အတူတူ ပဲ။ နာပါတ်တွေ ကို ပဲ ပြော ပြလိုက်တာ ပါ။
အဖြေ က ဘာထွက်လာလဲ ဆိုတော့ ၇၀% အောင်မြင်မယ် လို့ ပြော ပြ ထားတဲ့ လူတစ်စု က ၃၀% တောင် ကျရုံး နိုင်တယ်ဆိုတာ ကြီး ကို စိတ်ထဲ ဝင်နေ ကြတယ်
၃၀% ပဲ အောင်မြင်တယ် လို့ပြော ထားတဲ့ လူတွေ ကျတော့ လည်း ၇၀% တောင် ကျရုံးမယ်ဆိုပြီး တွေးနေကြပါတယ်
လူတွေ ပြောင်း ပြီး ဒီ လို စမ်းသပ် ပေမဲ့ လူတွေ က အနုတ်သဘောဆောင်တဲ့ စိတ်တွေ မှာ ပဲ တွယ်ကပ် နေ ကြတယ်
ဟိုမိုဆေးပိယန်း (homo sapiens) တွေ ကတည်း က ရှိလာတဲ့ ဒီ ဦးနှောက်ဖြစ်စဉ်တွေ က ခုထိ ဆက်လက် အားကြီးကြီး တွယ်ကပ်နေတာ အပြစ်လို့ ပြော လို့ မရပါဘူး
သဘာဝ ဖြစ်သွား ပါပြီ
ဒီ အနုတ်သဘောဆောင်တဲ့ စိတ်တွေ ကို ပြောင်း ချင်တယ်။ ကောင်းတဲ့ ဘက် က ကြည့် ဆိုပြီး စိတ် ကို ခိုင်းလို့ မရပါဘူး ။
စိတ်က အော်တို လိုက်ပြောင်း ပေးနိုင်မှာ မဟုတ်ပါဘူး ။
နေ့စဉ်ဘဝ မှာ ထပ်ခါထပ်ခါ လေ့ကျင့်မှု တွေ လုပ်ရင်း က ပဲ အကောင်းမြင်စိတ်တွေ ၊ အကောင်းဘက် ကို ကြည့်နိုင်တဲ့ စိတ်တွေ ရနိုင်ပါတယ်
တနေ့ ကို ၁၅ မိနစ်လောက် ပဲ ဖြစ်ဖြစ် အချိန်ပေးပြီး
ကိုယ် လုပ်ခဲ့တာ တွေ ထဲ က ဂုဏ်ယူစရာ တွေ ကို စဉ်းစား ပေး ရင် တော့ ဒီ အနုတ်သဘောဆောင်တဲ့ စိတ်တွေ ကနေ အကောင်း ဘက် စိတ် ကို ပြောင်း မြင်နိုင်ဖို့ လွယ် သွားမှာ ပါ
အနုတ်သဘောဆောင်တဲ့ စိတ်က ပျောက်ကွယ် သွားမယ်လို့ တော့ မမျှော်လင့်ပါနှင့် အကောင်းမြင်စိတ်ဘက် ကို နည်းနည်း ပြောင်း လို့ ရအောင် ပဲ လုပ်လို့ရပါတယ်။
ကျနော်တို့ ဦးနှောက် ဖွဲ့စည်းပုံ က ပြင်လို့ မရတော့ ပါဘူး။
ပြန်စဉ်းစား ကြည့်ရင် ကျနော်တို့ ခုထိ အသက်ရှင်နေခြင်းရဲ့ (ဟိုမို ဆေးပိယန်း ဘဝ က နေ ဒီနေ့ခေတ် လူသားတွေထိ ) ကောင်းကျိုး က ဒီ အနုတ်သဘောဆောင်တဲ့ စိတ်တွေ ကြောင့်ပါပဲ။
Negative Energy တွေ ကို မလိုချင်ပေမယ့် အော်တို ရရှိနေတာ ကတော့ သဘာဝ ဖြစ်စဉ် ကြီး ပဲ မို့ လူတော်တော်များများ က ဒီလို ဖြစ်နေတာ ကို နားလည် နိုင်မှာပါ။
ဒါက ခုလောလောဆယ် ပါ
တနေ့နေ့မှာ ၊ နောင် နှစ်ပေါင်း 100-200 လောက်မှာပေါ့ ၊ ကျနော်တို့ရဲ့ ဦးနှောက် ကို အပြည့်အဝနားလည်ပြီး ထိန်းချုပ် နိုင်ခဲ့ ရင် ဒီစိတ်တွေ ကိုလည်း ကောင်းကောင်းထိန်းချုပ် နိုင်မှာပါ
ဘာလို့ ဆို Professor Michio Kakku က သူ့ရဲ့ The Future of Mind စာအုပ် အကြောင်းပြောရင်း သူပြောခဲ့တာ ရှိတယ်
သိပ္ပံပညာရှင်တွေက ယင်ကောင်တွေရဲ့ ဦးနှောက် ကို လေ့လာ ကြည့် ပြီး ပြီ ဆိုတယ်
နူရွန် ပေါင်း 100 millions ကျော် ရှိတဲ့ ယင်ကောင် ရဲ့ ဦးနှောက် အလုပ်လုပ် ပုံ ကို သိပြီး ဖြစ်တော့
နောက် နှစ် 100 လောက်မှာ နူရွန်ပေါင်း 100 billions ကျော် ရှိတဲ့ လူတွေ ရဲ့ ဦးနှောက် ကို လေ့လာပြီး ဒီ နူရွန် တွေကို ထိန်းချုပ်နိုင်သွားရင် သူတို့ က ဗုဒ္ဓဘာသာ ကဖွင့်ဆိုတဲ့ ရဟန္တာ ဖြစ်သွား မလား။
ဘာလို့ဆို ဘုရား၊ရဟန္တာတွေ မှာ ဒီစိတ်တွေ မရှိဘူး လို့ ပြောတာ ကိုး။
တကယ်လို့ ထိုလူတွေ ရှိနေသေးတယ် ဆိုရင် သူတို့တွေ ရဲ့ ဦးနှောက် ကို ကြည့်ချင်မိပါတယ်။
Neuroscientist တွေ ကတော့ လုံးဝ သဘောကျ မှာ ပါ
ခုတော့ အနုတ်သဘော ဆောင်တတ်တဲ့ စိတ်ကလေး ကို ကျေးဇူးတင်ပြီး နားလည် လက်ခံပေးလိုက်ပါ

Comments