Rocker ကြီးတွေက ဂီတာ စကေးလ်တွေ၊ ဒရမ်စကေးလ်တွေ အရမ်းပြ ပြီး သူတို့လောက်မတီးတက် မဆိုတက်ရင် စာရင်း မသွင်းဘူး။
ခေတ်တစ်ခုကို သူတို့ လွှမ်းခဲ့တယ်။
မျိုးဆက်သစ် လူငယ်တွေဟာ ဒါကို မကျေနပ်ဘူး။
ဂီတာ ကိုင်ပုံတွေကိုလည်း ပြောင်းပြလိုက်တယ်။
ဒါတင်မက သီချင်း စာသားထဲ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဝူးဝူးဝါးဝါးတွေ ထည့်ဆိုကြတယ်။
ခေတ်သစ် တစ်ခု ပြောင်းလဲလာချိန်မှာ အနုပညာဆိုလိုရင်း အဓိပ္ပါယ် ဖွင့်ဆိုချက်တွေပါ ပြောင်းလဲလာရတော့တယ်။
အနုပညာဆိုပြီး တသဝေမတိမ်း လူတွေ မြတ်နိုးခဲ့မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လမ်းဘေး အနုပညာဆိုပြီး ဂရပ်ဖက်တီတွေ ဆွဲ ကြရင်း မူလ အနုပညာကို ဆန့်ကျင်ပြတယ်။
postmodern လို့ဆိုရမှာပေါ့ဗျာ။
ဒါပေမယ့် မူလက ရည်ရွယ်ရင်း ကောင်းခဲ့တဲ့ အနာဂါတ်ချစ်မြတ်နိုးသူတွေဟာ ရှေးရိုးစွဲရောဂါ မျိုး ကူးစက်ခံရပြန်တယ်။
ဆံပင်ထောင်ထောင် လမ်းသလား ရင်း round chord နဲ့ ဝူးဝူးဝါးဝါးအော်နေတဲ့ လူငယ်Punk တွေ ပြီးတော့ Alternative Rock ဆိုပြီး rap ရော၊ pop ရော၊ rock ရော အစုံသုပ်ထားတဲ့ လူတွေ…..
သူတို့ အားလုံး ရှေးရိုးစွဲ ရောဂါ စွဲကပ်ကုန်ကြရပြီ။
Punk တစ်ယောက် က rocker တစ်ယောက်လိုပဲ။
Alternative သမားတွေလည်း ထူးမခြားနားလို့ ဆိုရမှာပဲ။
သူတို့ ဂီတ အမျိုးအစား၊ ဝတ်ပုံနေပုံ တွေ ထက် ဘာကိုမှ တန်ဖိုး ပိုမထား ကြတော့ဘူးလေ။
လမ်းဘေး အနုပညာဆိုပြီး မူလ ပန်းချီ တွေကို ဆန့်ကျင်ခဲ့သူတွေလည်း ထို့နည်းလည်းကောင်း ဖြစ်ကုန်ရတာပဲ။
Banksy ရဲ့ဂရပ်ဖက်တီ အနုပညာတွေလည်း ရောင်းတန်းထဲ သန်းချီ ရှိနေပြီ။
ရှေးရိုးစွဲ ရောဂါဟာ အလွန်ကြောက်စရာ ကောင်းတယ်။
ဒီရောဂါ စွဲကပ်လာသူဟာ မကြာခင်လေးမှာ ဟစ်တလာလို၊ မူဆိုလီနီ လို ….. ဖြစ်လာကုန်တော့မယ်။
ဒီလိုပါပဲ။
တော်လှန်ရေး သမားဆိုပြီး ကြွေးကြော်ခဲ့သူတွေ တဖြည်းဖြည်း မထူးဇာတ်ခင်းရင်း ပြောင်းလဲလာတာတွေ မြင်နေရ တွေ့နေရတယ်။
The first duty of rEVOLution is to be educated!
တော်လှန်ရေးရဲ့ ပထမ တာဝန် က ပညာတက်ဖို့။
ဒီစကားရဲ့ အဓိပ္ပါယ်က တော်လှန်ရေး အတွေးအခေါ်၊ အမြင် တွေပဲ။
လူတစ်ယောက် ကျဆုံးရေးက လမ်းစဉ်တစ်ခုလို မြင်နေသေးတဲ့ လူတွေ အများကြီးရှိသေးတယ်။
ဒါပေမယ့်လည်း တော်လှန်ပန်းတွေနွမ်းနေကြပြီ။
ရေလောင်းပေါင်းသင်မယ့် ဥယာဉ်မှူးတွေ လိုတာတော့ အမှန်တကယ်ပဲ။
ကယ်တင်ရှင်မျှော်ကိုးခြင်းလည်း မဟုတ်ဘူး။
သူရဲကောင်းကိုးကွယ်ခြင်းလည်း မဟုတ်ဘူး။
ရှေးရိုးစွဲ ရောဂါလေး မကပ်လာအောင် ကာကွယ်ဆေးလေး ထိုးစေချင် ရုံပါပဲ။
Comments