Emergent property
အချိန်က ထွန်းထွက်ပေါ်လာသော အရာတစ်ခုသာ ဖြစ်တယ်။
မဟာပေါက်ကွဲမှုကြီး ဖြစ်ပြီးမှ Spacetime ဆိုတာ ဖြစ်ပေါ်လာရတယ်။
ဒါပေမယ့် စကြာဝဠာကြီးက လည်ပတ်နေတာ မဟုတ်ဘဲ ပြန့်ကားနေတာဖြစ်လို့ အချိန်ကို fundamental အဖြစ် နားလည်ဖို့ဆိုတာ ခက်တယ်။
ဂြိုလ်တွေ၊ ကြယ်တွေ အားလုံးဟာလည်း ထွန်းထွက်ပေါ်လာတဲ့ အရာတစ်ခုသာဖြစ်တယ်။
နဂိုပကတိ က ရုန်းရင်းဆန်ခတ် အခြေခံ သဘောတွေမှ ထွန်းထွက်ပေါ်လာတဲ့ အရာတွေသာဖြစ်တယ်။
အက်တမ်ဆိုတဲ့ အသေးဆုံးအရာလေးတွေကို ထပ်မံ ခွဲစိတ်လေ့လာကြည့်တော့ quarks အဆင့်ထိ ရှာဖွေလေ့လာမိကြတယ်။
Quarks လေးတွေကို အခြေခံနဂိုပကတိ အဖြစ် လက်ခံထားကြတယ်။
Quarks တွေကို ထပ်မံခွဲစိတ်ဖို့အတွက်က တော့ လုံလောက်တဲ့ စွမ်းအင်မရှိထားလို့ လက်ရှိလူသားတို့ ရဲ့ နည်းပညာမှာ မဖြစ်နိုင်သေးဘူး။
Spacetime ဆိုတဲ့ ချည်မျှင်ထည်ကြီးမှာလည်း quarks လေးတွေ ရစ်တွယ် နေတဲ့ သဘောအဖြစ်နားလည်မိတယ်။
Quarks တွေဟာ သူ့ချည်း သီးသန့်ရှိနေကြပြီး ဗရမ်းဗတာ ဆန်ဆန် ပြုမှုနေထိုင်ကြတယ်။
သူတည်ရှိနေမှန်း သိကြတယ်။
ဘယ်လိုမျိုးအလုပ်လုပ်လည်း ဆိုတာကိုလည်း အနည်းငယ်သာ သိရတယ်။
ဒီလို တစ်ဦးချင်း ရုန်းရင်းဆန်ခတ် ပြုမှုနေတဲ့ quarks တွေပေါင်းစည်းမိတော့ ထွန်းထွက်ပေါ်လာတဲ့ အခြေအနေတရပ်ဖြစ်လာတယ်။
ဒါက Spacetime၊ ဒါဟာ ဂြိုလ်၊ ဒါဟာ ကြယ်။
ဒီလို ကြယ်တွေ သေဆုံးပြီးချိန်မှာ နောက်ထပ် ထွန်းထွက်ပေါ်လာတဲ့ အရာဝတ္ထုတစ်ခု အနေနဲ့ ၊ အက်တမ် တွေ စုမိရင်းက တစ်ခုထည်းသော ဆဲလ် လေးဖြစ်လာတယ်။
ဆဲလ်တွေရဲ့ အလုပ်လုပ်ပုံက သင်ယူတယ်၊ ပြုန့်ကားတယ်( မျိုးပွါးတယ်)။
Quarks တွေက နေရာမလပ် တည်ရှိနေတဲ့ အတွက် အက်တမ်များစွာကလည်း တည်ရှိနေတယ်။
ဒီလို အက်တမ်များစွာက တစ်ခုတည်းသောဆဲလ်လေးရဲ့ဘေးမှာ အမြဲ ရှိနေတော့ တစ်ခုထည်းသော ဆဲလ်လေးဟာ များစွာသော ဆဲလ်တွေဖြစ်လာတယ်။
သက်ရှိတွေဖြစ်ပေါ်လာတယ်။
သိစိတ်ဟာ နူရွန်တွေအားလုံးစုပေါင်းခြင်းက ထွန်းထွက်ဖြစ်ပေါ်လာတဲ့ အရာဝတ္ထု တစ်ခုသာဖြစ်တယ်။
ပုံစံတူတွေရှိပေမယ့် မူလအခြေခံမှာ ဗရမ်းပတာ ဆန်ဆန်ပြုမှုနေတဲ့ အက်တမ်တွေ ကြောင့် ၁၀၀% တူညီသော အရာဆိုတာဖြစ်မလာနိုင်ဘူး။
အမွှာပူးတွေဟာ ရှပ်ရည်ခြင်းတူနိုင်တယ်။ သိစိတ်မှာ ကွာခြားကုန်တယ်။
ဆင့်ကဲဖြစ်စဉ်ကနေ ထွန်းထွက်ပေါ်လာတဲ့ ဒီလူသားတွေမှာ တစ်ဦးခြင်းတယောက်ခြင်း၊ ပုဂ္ဂလိကဆိုတဲ့ သဘောကြီးက မဖြစ်မနေကို ပါဝင်လာတယ်။
လူသားတို့ဟာ တစ်ဦးခြင်းတစ်ယောက်ခြင်းပဲ ဖြစ်တယ်။
ဒါတင်မက ပုဂ္ဂလိက အရမ်းဆန်လွန်းတယ်။
ဒီသဘောတရားက quarks တွေစုပေါင်းပြီး နောက်ထပ် ထွန်းထွက်ပေါ်လာမယ့်အရာဝတ္ထုတွေ ဖြစ်နေသလိုပဲ။ ပုဂ္ဂလိကဆန်လွန်းတဲ့ လူသားတို့ ပေါင်းစည်းမိတဲ့အခါ နောက်ထပ် ထွန်းထွက်ပေါ်လာတဲ့ အရာဝတ္ထုတစ်ခု ဖြစ်လာရတယ်။
ဒါဟာ လူ့ဘောင်အဖွဲ့အစည်းတစ်ခု၊ ယဉ်ကျေးမှုတွေ၊ ဘောင်တွေ ကမ်းတွေနဲ့ တည်ရှိလာတော့တယ်။
ဒီဘောင်တွေကမ်းတွေဟာ emergent property တစ်ခုဖြစ်သလို ဒီဘောင်တွေကမ်းတွေပြင်ပကို ထွက်ဖို့ကြိုးစားနေသူတို့ဟာလည်း ပကတိအရှိတရားတွေစီပြန်ပြန်ကပ်နေသူတွေဖြစ်တယ်။
စည်းပြင်ကလူတွေ ပေါင်းစည်းမိကြတဲ့အခါမှာလည်း နောက်ထပ် emergent property တစ်ခု ထပ်ဖြစ်ရပြန်တယ်။
ဒါဟာ လောကပါလ မဟာအမှန်တရားကြီးပဲ။
Homo sapiens ဆိုပြီး လူသားမျိုးနွယ်ကို အမည်တပ်ခေါ်တယ်။
လူသားမျိုးနွယ်ဟာ လက်ရှိကမ္ဘာကြီးကို ကြီးစိုးနိုင်တဲ့ အချက်တွေထဲမှာ တစ်ခုက ပုံရိပ်ယောင် အမှန်တရားတွေကို ဖန်တီးထားနိုင်လို့ပဲ။
ဒီလို အမှား၊အတု အမှန်တရားကို ဖန်တီးဖို့ကလည်းမဖြစ်မနေဖြစ်ပေါ်လာတယ် ထင်ပါတယ်။
ဘာလို့ဆို လူသားတို့က ပုဂ္ဂလိက အရမ်းဆန်ကြလို့ပဲ။
ဒီတော့ အတူတူ စုပေါင်းနေထိုင်ကြဖို့အတွက် ပကတိအရှိတရားတွေအပေါ်မှာ မဖြစ်နိုင်ဘူး။
အမှန်တရားအတုတွေပေါ်မှာသာ ဖြစ်နိုင်တယ်။
ဆိုတော့ Homo sapiens ဆိုပြီး အမည်တပ်ခေါ်ဝေါ်တာမဖြစ်သင့်ဘူး။
လူသားတွေ အမှန်တရားအစစ်ကို မသိနိုင်တော့တဲ့အထိဖြစ်လာလို့ တုံးအ ကြတဲ့ မျိုးနွယ်စုလို့သာ အမည်တပ်ခေါ်ဝေါ်ရတော့မယ်။
အမှန်တရားအတုတွေနဲ့ စုပေါင်းနေထိုင်နေကြတဲ့ လူသားမျိုးနွယ်ဟာ တဖြည်းဖြည်း အမှန်တရားအစစ်ပေါ်ကို ပြန်ရောက်လာရမှာ ဓမ္မတာပဲ။
တကယ်တော့ တချိန်လုံးလည်း အမှန်တရားအစစ်ပေါ်ကို လျှောက်လှမ်းနေရတယ်။
လူတွေသေဆုံးကြတယ်။
အက်တမ်တွေ ပြန်ဖြစ်ကုန်တယ်။
Quarks တွေ ဖြစ်ကုန်တယ်။
ဒါပေမယ့် ကျန်ရစ်သူတို့ကတော့ ဒီပကတိအမှန်တရားကိူ လက်မခံနိုင်ဘဲ နောက်ထပ် အမှန်တရားအတုတွေဖန်တီးနေဆဲပဲ။
“သေပြီး ထာဝရဘုရားသခင်ဆီ ရောက်မယ်။
နတ်ပြည်ရောက်မယ်။
ငရဲပြည်ရောက်မယ်။”
အမှန်တရားအတုတွေ မရှိတော့ရင် လူသားမျိုးနွယ်ဟာ ခုလောက်ထိဖြစ်လာနိုင်စရာမရှိဘူး။
ဒါပေမယ့်လည်း ခုလို အမှန်တရားအတုတွေကြောင့်ပဲ လူသားမျိုးနွယ်ဟာ အမှန်တရားအစစ်ပေါ်ပြန်ရောက်လာမယ်။
အားလုံးမျိုးတုန်းသေဆုံးခြင်းလည်း ဖြစ်လာနိုင်မယ်။
ခုလက်ရှိလောကကြီးကို ဂြိုလ်တု တစ်ခုပေါ်က ထိုင်ကြည့်နေသလိုအတွေးနယ်ကျဲ့ကြည့်ရင် အရာရာဟာ emergent property တွေပဲ ဖြစ်နေတယ်။
လူသားတို့ ပုဂ္ဂလိက ဆန်နေခြင်းကို ပကတိအရှိအမှန်တရားအဖြစ် နားလည်ရင် အားလုံးစုပေါင်းဖို့ ပုံရိပ်ယောင် အမှန်တရားတွေအတင်းပုံစံသွင်းနေခြင်းဟာ မဖြစ်လာနိုင်ဘူး။
လောကကြီးက ဗရမ်းပတာပါပဲ။
ဗရမ်းဗတာတွေစုမိပြီးမှာ အစီအစဉ်တကျ လို့ထင်ရလောက်တဲ့ ဖြစ်ရပ်တွေပေါ်လာရတယ်။
ကမ္ဘာ့စီးပွါးရေးဟာ emergent property ပဲ။
Capitalism လို့ခေါ်ကြမယ် ထင်ပါတယ်။
ဒီ capitalism ကို အတင်းဖိနှိပ်ဖို့ ကြိုးစားခြင်းဟာ ဘာ့ကြောင့် မအောင်မြင်သလဲ ဆိုရင် လူသားတို့ဟာ ပုဂ္ဂလိက ဆန်လွန်းနေလို့ပဲ။
ပုဂ္ဂလိကဆန်လွန်းတဲ့ လူသားတွေကို တန်းတူညီမျှအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ မင်းတစ်ကျပ် ငါ တစ်ကျပ် လုပ်နေရင် အောင်မြင်မှာ မဟုတ်ဘူး။
ဘာလို့ဆို စကြာဝဠာကြီးရဲ့ ပကတိစည်းမျဉ်းက randomness ဖြစ်နေလို့ပဲ။
Randomness က emergent Property တွေဖြစ်လာလို့ပဲ။
ဒီသဘောတရားကို အခြေခံပြီး ပြောရရင် အနာခစ်စင် ဆိုတဲ့ မင်းမဲ့ နိုင်ငံမဲ့ ဥပဒေမဲ့ ဝါဒ တစ်ခုဟာ ပကတိအမှန်တရားအပေါ် အခြေခံထားလို နောင်းအချိန်မှာ ပြောင်းလဲ သက်ရောက်ရမယ့် နိုင်ငံရေး လမ်းစဉ်တစ်ခု၊ လူမှုနေထိုင်ရေး လမ်းစဉ်တစ်ခု ပါပဲ။
အနာခစ်စင်ဟာ ကျယ်ပြန့်တဲ့ ဝါဒ ရောင်စဉ်တန်းဖြစ်လို့ ယူတိုးပီးယားသဘောတွေနဲ့ ချည်းကပ်လို့ မရဘူး။
Anarcho-capitalism ရှိသလို anarcho-communism လည်း ရှိတယ်။
မင်းမဲ့နိုင်ငံမဲ့ ဘာသာရှိလည်း ရှိသလို မင်းမဲ့နိုင်ငံမဲ့ဘာသာမဲ့လည်း ရှိတယ်။
Comments