Psychology 3 - စိတ်ပညာ ၃ “မြင်တာတွေကို ယုံတာလား ယုံနေလို့ မြင်နေရတာလား”
ကိုယ့် ကို ကို သတ်သေတာ သတ္တိနည်းတဲ့ လုပ်ရပ်
သူရဲဘောကြောင် တဲ့ လုပ်ရပ်
တစ်ကိုယ်ကောင်းဆန်တယ်
အရူးတွေ
စိတ်ရောဂါ ရနေတဲ့ကောင်လေးတွေ
Depression ဝင်ဖို့ လောက်ပဲ သိတဲ့ ဟာလေးတွေ
အဖန် ၅၀၀ ၊ ၅ ကမ္ဘာ ခံစား ရမယ်
သေလဲ အေးတာပဲ မြေကြီးလေးတယ်
ဒီစကားတွေ က တော့ ကိုယ့်ကိုကို သတ်သေတဲ့ လူတွေ ကို ကျနော်တို့ပြောတဲ့စကား စကားတွေပါ
Facebook မှာ တွေ့လိုက်ရတယ်
“ ဇွဲကပင် က သတ်သေစရာနေရာ မဟုတ်ဘူး။ ပုံရိပ်တွေ ကို မဖျက်ဆီးပါနဲ့” တဲ့
တကယ်ပဲ Suicide က သူရဲဘောကြောင်တဲ့ လုပ်ရပ်လား
ကျနော် တို့ က တကယ်ပဲ နားလည် လို့ ပြောနေတာလား ဒါမှမဟုတ် သေသွားရင် ကျန်ရစ်သူတွေ ရဲ့ ဝမ်းနည်းစရာ ဘဝတွေ ကို စာနာလို့ ပြောနေတာ လား
Suicide လုပ်သူ တွေရဲ့ 90 % က အဲ့အချိန်မှာ စိတ်ရောဂါ (mental illness) တစ်ခုခု ရှိနေလို့ ပါ
အဓိက ဖြစ်စေတဲ့ အကြောင်းအရာ များကတော့ Psychological , physical and biological disorder သဘော သဘာဝအရ သတ်သေမှု တွေ က ဖြစ်ကြတာပါ။
လူအများ သိတဲ့ အကြောင်း က Depression ဝင် နေလို့ ။ စိတ်ကျရောဂါ ဖြစ်နေလို့ လို ပြောကြတယ်
ဟုတ်ပါတယ် များသောအားဖြင့် Depression ကြောင့် သတ်သေမှု တွေ ဖြစ်ကြတာ ပါ
စိတ်ရောဂါ တစ်ခုခု ဖြစ်နေသူတွေ ရဲ့ တစ်ခုထည်းရှိတဲ့ ရွေးချယ်စရာ က သေပလိုက်ဖို့ပါပဲ
ရွေးချယ်စရာတွေ ရှိတယ် လို့ကျနော်တို့ က ပြောကြတယ်
တကယ် ရွေးချယ်စရာ က သေဖို့ ပဲ ဆိုရင် ဘယ်လို လုပ်မလဲ
တော်တော်များများ ကလည်း သေဖို့ရွေးချယ်တာ က တကယ်တော့ မသေချင်သေးလို့ ပါ
ဒီနာကျင်နေမှု တွေက အဆုံးသတ်ချင်နေတယ်ဆိုတဲ့ စိတ်က အရင်းခံရှိနေသေးပါတယ်
ဒီ သတ်သေမှု တွေ ကို စကားလုံး ကြမ်းကြမ်းတွေ နဲ့ ရက်ရက်စက်စက် မပြောခင် ကျနော်တို့ ကိုယ့် စိတ် ကို ဘယ်လောက် နားလည်လဲ ဆိုတာ ကို ကြည့် ကြရအောင်
ကျနော် တို့ မြင်သမျှ ကြားသမျှ တွေ က ဒီဦးနှောက်ရဲ့ အလုပ်လုပ်ရာ ကနေ ဖြစ်လာတယ်ဆိုတာကို အပိုင်း ၂ မှာ ဖတ်ပြီး ရင် နားလည်မှာပါ။
အမြင်အာရုံ က သိစိတ်နှင့် ထိချိန်မှာ သိစိတ်က ဘာသာပြန်ပေးတယ်။ ဒါ က သင်ပင် ပဲ၊ ကားပဲ ၊ တောင်တန်း ကြီး တွေပဲ လို့ နားလည်လိုက်တယ်။
ဒီသဘောတရား နားလည် မှု (Perceptual) က အမှန်တရား ကို လုံးဝမသိပါဘူး။
ဒေါက်တာ Oliver Sacks ဆိုတဲ့ လူတစ်ယောက် ရှိတယ်
သူ လေ့လာ ထားတဲ့ ပညာတွေ က ကျနော် တို့ လေ့လာ လို့ မကုန် နိုင်သေးပါဘူး
တန်ဖိုးရှိတဲ့ အရာတွေ အများကြီး ရှာ ဖွေ ပေးထား ပါတယ်
သူက ဒီလို ဆုတွေ အများ ကြီး ရပြီး လောကကြီး ကို ကောင်းကျိုးပြုနေပေမဲ့ သူမလုပ်နိုင်တဲ့ အရာ တစ်ခု ကတော့ မွေးကာစ ကလေးငယ်လေးတွေ တောင် လုပ်နိုင်တဲ့ အရာ ပါ။ ဒါ ကတော့ သူ့မျက်နာ ကို သူ မမှတ်မိပါဘူး
မှန် ထဲ ကြည့် ရင် သူကြည့်တဲ့ လူ က သူလား အခြားလူလား ဆိုတာ မသိပါဘူး
Prosopagnosia လို့ ခေါ်တယ်။ မျက်နာ တွေ ကို မမှတ်မိတဲ့ ရောဂါ။ သူက အခြား အရာ တွေ ကို မှတ်မိနေပေမဲ့ မျက်နာ တွေ နှင့် ပတ်သတ် လာရင် မမှတ် မိတော့ ဘူး။ Face blindness ရောဂါ လို့ လဲ ခေါ်တယ်
သူ့မျက်လုံး က အကောင်းကြီး ဘာမှ ချို့ယွင်း မနေဘူး။
ဒီမှာ ကျနော်တို့ နားလည် လိုက်ရတာကတော့ မြင်တာ နဲ့ သိတာ က ဆက်သွယ် နေပေမဲ့ မတူတာ ကိုပဲ
Sensation and Perception are connected but different
ကျနော် တို့ က မြင်သမျှ ၊ကြားသမျှ ၊ထိသမျှ ကို အာရုံခံ မှု ကနေ နားလည်ကြပါတယ်
အာရုံခံ မှု ကို ကျနော်တို့ က ရာခိုင်နုန်း နှင့် တွက် ရပါတယ်
လုံးဝ အပြည်အဝ အာရုံခံနိုင်မှု က ၅၀ ရာခိုင်နုန်း ပါ
၁၀၀ ရာခိုင်နုန်း အာရုံခံ နိုင်တယ် ဆိုတာ ဘယ် သတ္တဝါမှ မရှိပါဘူး
မယုံရင် ကြိမ်နုန်း တူညီတဲ့ အသံ တစ်ခု ကို နား နား ကပ် နားထောင် ကြည့်ပါ
ကြိမ်နုန်း က မပြောင်း ပေမဲ့ တကယ် ကြား ရတာ က ၅၀ ရာခိုင်နုန်း လောက် ပဲ ရှိပါတယ် (အနည်းအများ တော့ နည်းနည်း ကွာလိမ့်မယ် ဒါပေမဲ့ တဝက်ပဲ ကြားရတယ် လို့ မှတ်ယူ ရမယ်) ဒါက ဦးနှောက်ရဲ့ နောက်ထပ်ရှုပ်ထွေး လှ တဲ့ အကြောင်းအရာ တစ်ခုပဲ
အာရုံခံ မှု နှင့် သိမှု ကို ကြည့်ရအောင်
ကျနော်တို့ ရဲ့ အာရုံခံမှု အားတွေ ထဲမှာ အား အပြင်းဆုံး မျက်လုံး က စပြောရအောင်
မြင်နေတာ တွေက အလင်းကြောင့် ဆိုတာ ကျနော် တို့ သိပြီး ဖြစ်ပါတယ်
အလင်း က လှိုင်းအဖြစ်လည်း ခရီး သွားတယ်၊ အမှုန် အဖြစ်လဲ ခရီးသွားတယ်
ဒီအလင်းရဲ့ အရောင် အကုန် ကို ကျနော် တို့ မမြင်နိုင်ပါဘူး
တကယ်လို့ ကျနော် တို့ က အလင်း ကို လှိုင်းပုံစံနှင့် ခရီးသွားနေတယ်လို့ မှတ်ယူရင် လှိုင်း ရဲ့ အမြင့် ၊ အကျယ် (ကြိမ်နုန်း)တွေ ကြောင့် ပိုတောက် တဲ့ အရောင်၊ မှိန်တဲ့ အရောင် အဖြစ် ပြောင်းသွား တာ ပါ
(အလင်း အကြောင်း ပြောရင်တော့ Particles Physics ခေါင်းစဥ် က သွားမှ ပိုပြည့်စုံ မှာမို့ ဒီလောက်ပဲ နားလည်ရင် အရောင်မတူတာတွေကို ဘာလို့ မြင်ရလဲ ဆိုတာ ရှင်းလောက်ပါပြီ)
အလင်း က Cornea , pupil တို့ကို ထိပြီး Lens ကို ရောက်လာတယ်။ ပိုတိကျတဲ့ အရောင်တွေ ကို Retina ကို ပို့ပေးတယ်
Retina မှာ Rods and Cones ဆိုပြီး လက်ခံ သူတွေ ရှိတယ်
Rods က မထင်မရှား အရောင်တွေကို လက်ခံတယ်
Cones က ထင်ရှားတဲ့ အရောင်တွေ ကို လက်ခံတယ်
Cones က အရောင် သုံးမျိုး ကို အဓီက နားလည် တယ် လို့ ပြောကြတယ် ။ Red, Green, Blue ကို နားလည်ပြီး အခြားအရောင်တွေ အဖြစ် ပေါင်းစည်းပေးတယ်။
“ယောက်ျားလေးတွေ တော်တော်များက အရောင်နှင့်ပတ်သက်ရင် အမျိုးသမီးတွေ လောက် မမြင်နိုင်ဘူး လို့ ဆိုတယ်”
ဒီအရောင်တွေ ကို Bipolar cells (interneurons) တွေက လက်ခံ ပြီး ဦးနှောက် ကို သတင်း ပို့တယ်
Occipital lobes ဆီ ကို ရောက်တယ်
ဘယ်ဘက် မျက်လုံး က သတင်း ကို
ဦးနှောက်ညာဘက်ပိုင်းဆီ ရောက်ပြီး
ညာဘက် မျက်လုံးကသတင်း ကတော့ ဘယ်ဘက် ဦးနှောက် ဆီ ရောက်တယ်
ရောက်လာတဲ့ သတင်းတွေ ကို ဦးနှောက် က ဘယ်လို ဘာသာပြန်လဲ ဆိုတော့ ပုံစံ၊ အရောင်၊ လှုပ်ရှားမှု ၊အကွာအဝေး တွေ ကို စုပြီး ဘာသာပြန် လိုက်ပါတယ်
ပြီး တော့ 3 D ကမ္ဘာ အဖြစ် နားလည်လိုက်ပါတယ်
အမြင်လိုမျိုး အကြားအာရုံ ကလည်း ဒီလိုပါပဲ
အသံတွေ က “လေ” ဆိုတဲ့ ကြားခံနယ် ကြောင့် အသံ ဖြစ်လာတာ သိပြီး ဖြစ်ပါတယ်။
နားက တကယ်လို့ တဖက် ပဲရှိရင် 3 D အသံတွေ ကို ကြား ရမှာ မဟုတ်ပါဘူး
လေတွေ တုန်ခါမှု ကတွေ ဖြစ်လာတဲ့ အသံတွေ က နားထဲ က နားစည် ကို ထိ တယ်။ Ossicles bones က ခရုပုံစံဖြစ်နေတဲ့ Cochlea ဆီ ကို ရောက်တယ်။ Cochlea မှာ အရမ်းသေးတဲ့ သန်းပေါင်းများစွာသော အမွှေးလေး တွေ ရှိတယ်။ သူ့ဘေးမှာ အရည် တွေ ရှိတယ်။ Cochlea ကို လာထိနေတဲ့ နူရွန် တွေက ဦးနှောက် ဆီကို ကို သတင်းတွေ ယူသွားတယ်
တကယ်လို့ ခန္ဓာကိုယ် ကို လှည့် တဲ့ အခါ လူက မူးနေပြီး လမ်းတောင် ဖြောင့်အောင် လျောက်မရတာ က ဒီ Cochlea ဘေးက အရှည်တွေက ဆက်ပြီး လှုပ်ရှားနေသေးလို့ပါ
လူက လှည့်နေတာ ရပ်သွားပေမယ့် ဦးနှောက် မှာရနေတဲ့ သတင်းတွေက သေချာ မသိရတော့ အမြင်အာရုံတွေ ဝေဝါးတာတွေ ဖြစ်ကုန်တာပါ
ဦးနှောက် က ဘယ်လောက်တောင် ကျနော် တို့ ကို အရူးလုပ်နေသလဲ ဆိုတာ ဒီမှာ အဖြေတန်းတွေ့ရတာပဲ
အရသာ အာရုံ ကို သိတဲ့ လျှာ က ချို၊ချဉ်၊ဖန်၊ခါး၊ငံ တယ် ဆိုတဲ့ အရသာ ငါးမျိုး ကို လျှာရဲ့ နေရာတစ်ခုစီ က လက်ခံ ပါတယ်
ပြီးရင် ဦးနှောက် ကို သတင်းပို့တယ်
အရသာခံတယ်ဆို တာ အနံ မပါရင် ဘာမှ မသိပါဘူး
ဒါကလဲ အာရုံခံ ဆဲလ် တွေ ရဲ့ ထူးခြားတဲ့ ဆက်နွယ်မူ တစ်ခု ပဲ
အချို့ စကားလုံးတွေ ကို ကြားလိုက်တာနှင့် အရသာ တစ်ခုခု ကို သွားသတိရတာ မျိုးဖြစ်လား
သီချင်းအသံ ကြောင့် အရောင်တစ်ခုခုကို မြင်သွားလား
အနံ တစ်ခု ရလိုက်လို့ လူကို လာထိ သွားသလို မျိုး ခံစား ရလား
လူတော်တော် များများ ကတော့ မရဘူး လို့ဖြေနိုင်ပေမယ် အချို့ က ရတယ်လို့ ဖြေနိုင်ပါတယ်
ဒါက အာရုံခံ မှု တွေ အချင်းချင်း ရှုပ်ထွေးတဲ့ ဆက်နွယ်မှုတွေ ပြုနေကြတာ ပါ
ဒါကို ဖြေရှင်းဖို့ သီအိုရီ မျိုးစုံ ရှိပါတယ်
ဒီထဲက သီအိုရီ တစ်ခု ကတော့ ကျနော် တို့ အာရုံခံ မူ တွေ က မှတ်ဉာဏ်တွေ သိမ်းတဲ့ Amygdala ရယ် Hippocampus ဘေးနား ရှိနေလို့ အာရုံတွေ က တစ်ခုနှင့်တစ်ခု ချိတ်နေတယ်လို့ ပြောပါတယ်
အထိအတွေ့ ကတော့ ဖိအား၊ အေးတာ၊ ပူတာ၊နာတာ စတဲ့ အခြေခံ ၄ မျိုးအပေါ် မှာ မူတည်ပြီး သိတာ ပါ
ဒီသာမန် အာရုံခံ အင်္ဂါတွေ က လူတွေ ကို အရူးလုပ်နေသလို ကျနော် တို့ ရဲ့ ဦးနှောက် က ဒီ အာရုံခံ အင်္ဂါတွေ ကပေးတဲ့ သတင်း တွေ ကို ဘာသာပြန် ပြီး အချက်အလက်ထုတ်ချိန်မှာ ပိုဆိုးပါတယ်
ဦးနှောက် က နားလည်သိမှု မရှိရင် မြင်သမျှက ပုံရိပ်တွေ ပဲ ဖြစ်ပြီး ကြားသမျှ ကလဲ အသံတွေပဲ ဖြစ်နေမှာပါ
ကျနော်တို့ က ဒီဦးနှောက်ကြီး ကို လှည့်စားလို့ ရပါတယ် (မျက်လှည့် ဆရာတွေ လုပ်နေတာ တွေ ကို ကျနော် တို့ အံသြ ပြီး ယုံ နေရတာ က သက်သေပါပဲ)
ဥပမာ ပုံ ကို ကြည့် ကြည့်ပါ
ယုန် ကို မြင်ရလား
လင်းပိုင်လေးတွေ ကို ကော မြင်ရလား
(ပုံအရင် ကြည့်ထား သူဆိုရင်တော့ ဘဲ ရယ်၊ လူ နှစ်ခု ဖက် နေတာ မြင်ရမှာပါ၊ ခု သွားပြန် ကြည့်မယ် ဆိုရင် အရာ နှစ်ခု ကို ပြောင်း ပြီး မြင်နေရမှာပါ)
တကယ်လို့ (ယုန် ၊ ဘဲ ) ပုံဘေး မှာ မုံလာဥ ပုံလေး ဆွဲထား လိုက်ရင် ဘဲ ကို မမြင်ရတော့ ဘဲ ယုန် ကို ပဲ မြင်နေရမှာ ပါ။ ဒါကို Perception လို့ခေါ်တာ ပါ။
ဒီ perceptual (သဘာတရားနာလည်မှု ၊ အာရုံဆိုင်ရာ သိမှု) တွေ စိတ်ခံစားချက်တွေ၊မှတ်ဉာဏ်တွေ နှင့် ဆက်စပ် နေနိုင်ပါတယ်
သီချင်းနားထောင်ပြီး ပြေးတာ က ပို ပြေးနိုင်တယ် လို့ အချို့ က ပြောပြီး
သူငယ်ချင်းတွေ နှင့် ပြေးတာ က ပို ပြေးနိုင်တယ် လို့ အချို့ က ပြော ပါလိမ့်မယ်
ဒီ Perceptual field က ရှုပ်ထွေး လွန်း လို့ သီအိုရီ မျိုးစုံ ထုတ် လေ့လာ နေကြတယ်
Perceptual set ပတ်ဝန်းကျင် ကို မူတည် ပြီး အာရုံတွေ မှာ နားလည်မှု လို့ ဆိုရမယ်
ဒီ Perceptual Set သီအိုရီ က သင်ပြပေးတာ ကတော့ မြင်နေလို့ သိရတာ မဟုတ် ဘဲ သိနေလို့ မြင်ရတာ ပါ ပဲ
(Google မှာ Optical Illusions ဆိုတာ ကို ရှာ ကြည့်ပါ
ဘယ်လောက်ထိ ကျနော် တို့ မြင်တာ တွေ ကို ယုံ လို့ မရနိုင် လဲ ဆိုတာ အဖြေ တွေ့ ရမှာ ပါ)
Form Perception
(Figures and Ground relationships ဆိုတာ ကို ရှာ ကြည့်ကြည့်ပါ
ပုံ က တစ်ပုံ ထဲ ဆိုပေမယ့် နောက်ခံ ကို ကြည့်လိုက် ၊ ရှေ့ က ပုံ ကို ကြည့်လိုက် ဖြစ်နေပါလိမ့်မယ်)
ဒီ Form perception က မျက်လုံး ပေါ်ပဲ ဖြစ်နေတာ တော့မဟုတ်ဘူး
အသံ ပေါ် လည်းဖြစ်တယ်
ဥပမာ ဘား တစ်ခုခု မှာ ရောက်နေချိန် တစ်ဆိုင်လုံး က နားညီး အောင် ပြောနေကြပေမယ့် ကိုယ့်ဘေး က သူငယ်ချင်းတွေ ပြော တာ ကို ပို ကြား နေရသလို ပေါ့
တကယ်လို့ ဟိုး အဝေး က လူက ကိုယ့်နာမည် ကို ခေါ်လိုက်ရင် ကိုယ့်စိတ်က အာ့အသံ ဆီ ကိုရောက်သွား မှာ ပါ
Depth Perception မျက်လုံး ကို ရောက်လာတဲ့ သတင်းတွေ က 2 D သတင်း တွေ ဖြစ်နေပေမယ့် တကယ်ခေါင်းထဲ မှာ ဘာသာပြန် လိုက်တာ ကတော့ 3D မြင်ကွင်း ပါ။ ဒါကို Depth Perception လို့ လဲ ခေါ်တယ်
Perceptual field ကို ဆက်လေ့လာ ကြည့်ပါ
ကျနော် လဲ အများ ကြီး လေ့လာ ရပါဦးမယ် ဆိုတော့ ဒီလောက် ပဲ အကြမ်းဖျဥ်း ရှင်းပြပေးနိုင်ပါတယ်
အပေါ် မှာရေးခဲ့တဲ့ ကိုယ့်ကို ကို သတ်သေသူတွေ က သူရဲဘောင်ကြောင်သူတွေ လား ဆိုတာ ကို
9/11 WTC က လူတွေ ခုန် ချ သတ်သေနေတဲ့ ပုံ တွေ ကို သွား ကြည့်ပါ
ဒီလူတွေက သူရဲဘောကြောင်တဲ့ လုပ်ရပ် လုပ်နေတာ လား ဆိုတာ နားလည်ကြည့်ပါ
သတ်သေမှု ကျူးလွန်နေတဲ့ လူတွေ ရဲ့ Perceptual field က ကျနော် တို့လို သာမန် လူတွေ လို မဟုတ်ပါဘူး
ဥပမာ လမ်းဖြတ်ကူး ရင်း ကားတိုက် မလို ဖြစ်တော့ စိတ်ထဲ ကြောက်လန့် သွား ရတာ မျိုး ကြုံ ဖူးကြရဲ့လား မသိဘူး
ပြီး ရင် လန့်သွား ပြီး ကားတွေ နဲ့ ဝေးရာ ကို ပြေးသွား ချင်နေတဲ့ စိတ် ဖြစ်သွား ပါတယ်။ ပြီး တော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွား ပါတယ်
Suicidal attempt လုပ်သူတွေရဲ့ စိတ်ကတော့ အာ့လို မဟုတ် ဘူး သူတို့ စိတ်ထဲ ဒီဟာ ကြီး က တချိန်လုံး လွှမ်းမိုး နေပါတယ်
သာမန် လူတွေ ရဲ့ Perceptual field က ဘယ်လောက် အမှန်တရား မသိလဲ ဆိုတာ နားလည်ရင် စိတ်ကျ ရောဂါ ရှိနေသူတွေ ရဲ့ Perceptual field ကို တွေးကြည့်ပါ
တကယ်တော့ လူ ၄ ယောက်မှာ ၁ ယောက် က စိတ်ကျ ရောဂါ ခံစားနေရနိုင်ပါတယ်
ကျနော်တို့လဲ ဘဝတစ်ကွေ့မှာ ကြုံဖူး ခဲ့ ကြပါတယ်
အာ့တော့ သူတို့ ကို နားမလည်နိုင်အောင် အပြစ်တွေ ထိုင်ပြောနေနိုင်လောက်အောင် ကျနော် တို့ က မမှန် ပါဘူး
ကိုယ့်ကို ကို အကြိမ်ကြိမ် သတ်သေဖို့ ကြိုးစား ဖူးတဲ့ Mark Henrick က ဘာပြောလဲ ဆိုတော့
“သတ်သေဖို့ ကြိုးစားနေတာ လား “
အေး လုပ် ပလိုက်
တကယ်လို့ စိတ်ထဲ ကနေ ငါ တရက်လောက် ထပ် နေကြည့် ဦး မယ် လို့ ပြောလာရင် နေကြည့် ပါ
ပြီးတော့ ဒီ အကြောင်းတွေ ကို ရင်ဖွင့် ပါ
တကယ်နားထောင် တဲ့ လူတွေ ရှိပါသေးတယ်” တဲ့
စိတ်ကျရောဂါ ခံစားနေရပြီး သတ်သေဖို့ ကြိုးစားနေသူတွေ ကို တွေ့ရင် အကောင်းဆုံး က သူတို့ ပြောတာ နားထောင်ပေးဖို့ ပါ
သူတို့ ဘဝကို စာနာတယ် ၊ လူတွေ အများ ကြီး သူတို့လို ကြုံနေရတယ် ဆိုတာ မျိုး ပြောလဲ တကယ် ထူးလာမှာ မဟုတ် ပါဘူး
အဖြေက နားထောင်ပေးဖို့ ပါပဲ
စာတော့ နည်းနည်းရှည် သွားတယ်
ခုလောလောဆယ် Suicide ကို အပြစ်လို မြင်ပြီး ပြောနေတာတွေ မြင်ရတော့ ဒီ အကြောင်းလေးလည်း ထည့်ပြောချင် နေလို့ ပါ
ကျနော် တို့ ကို အရူးလုပ်နေတဲ့ ဒီဦးနှောက်ကြီး ကို ပိုနားလည် ကြပါစေ
နောက် အပိုင်းမှာ တော့ အသိစိတ် အခြေအနေ တွေ ကို ရေးပါမယ်
Stages of Consciousness

Comments