Tesla the Greatest
ကမ္ဘာကြီး ကို အလင်းပေးသူ က Thomas Edison
ဟားဟားဟား သူခိုးကြီး Tom လို့ ပဲ ခေါ်တော့မယ်
ငယ်ငယ်ကတည်း က ကျောင်းစာတွေထဲမှာ သင်ရတာ လျှပ်စစ်မီးကို စတင် ထွင်ပြီး တစ်ကမ္ဘာ လုံး ကို အလင်းရစေသူ ကြီး ပေါ့
“Sai Sai Khem Hlaing” သီချင်း နားထောင်ပြီး Hip Hop လောက ရဲ့ ဆရာတပါး လို့ ထင်နေသလို ထင်ခဲ့မိတာ
G-Tone တို့၊ Bigg Y တို့ ရသ တို့ သီချင်း ကို အရင်နားမထောင်ဖူး ခဲ့ သူ မို့ သနားစရာ ကောင်းလှပါတယ်
Thomas Edison က electric current လောက ကို အနိုင်ရသူဖြစ်ပြီး သူဌေး ကြီး ဖြစ်သွားတာ သူတိုင်း သိကြပေမယ့် Tesla ကို မသိကြတာ အတော် ခံပြင်းဖို့ကောင်း တယ်
ဘယ်သူဆီ က သူခိုး ခဲ့တာ လဲ
1856 July 10 ရက်နေ့၊ မိုးကြိုးမုန်တိုင်းတွေ ကျနေတဲ့ ည သန်းခေါင်ယံ အချိန်မှာ လူတစ်ယောက် လူ့ပြည်ရောက်လာတယ်။
ဒီနေခေတ်အခါအရ တော့ Croatia နိုင်ငံလို့ခေါ်တယ်
ဟိုးအရင်တုန်း က Austria empire ကြီးစိုးနေတဲ့ နယ်ပေါ့
အဲဒီနေရာ မှာ Orthodox ခရစ်ယန်ဘုန်တော်ကြီး ရဲ့ ဒုတိယသားလေး တစ်ယောက် မွေးလာခဲ့တယ်
ပထမ သားကတော့ အချစ်ဆုံးသား လေး Dane လို့ ခေါ်တယ်
အဖေရော အမေရောက သိပ်ချစ်ပြီး ဂုဏ်ယူစရာတွေ ပြည့်နေတဲ့ သားလေး ပေါ့
ခု မိုးကြိုးမုန်းတိုင်းကြားထဲမှာ မွေးလာတဲ့ လူဆိုးကောင်လေး အမည် က Nikola Tesla တဲ့
မွေးရာပါ ဉာဏ်ရည်အလွန်ကောင်းသူ ဖြစ်ပြီး ဘာသာစကား ၈ မျိုး ကို မိခင်ဘာသာစကားအတိုင်း ပြောနိုင်သူ
Calculus ကို ခေါင်းထဲမှာ ပဲ အေးဆေး တွက်ပြနိုင်သူ
ကြိုက်တဲ့စာအုပ်တစ်အုပ်လုံး ကို ဖတ်ခိုင်း
စိတ်ကြိုက် အချိန်မရွေး ပြန်ရွတ်ပြနိုင်သူ
ဉာဏ်ကြီးရှင်လေး Tesla က သူ့အဖေရဲ့ အာရုံစိုက်မူ ကို ကြိုးစား လိုချင်နေသူ ပေါ့
သူ့အကို Dane ကို လဲအရမ်း ချစ်ပြီး သူ့ဘဝရဲ့ Idol အဖြစ်မှတ်ယူထားခဲ့တာ
တနေ့ Dane တစ်ယောက် မတော်တဆ ဖြစ်ပြီး သေပါလေ ရော
မြင်းပေါ်က လိမ့်ကြ ပြီး ဒါဏ်ရာနဲ့ ဆုံးသွားတာ
မိဘတွေ လဲ ဝမ်းနည်း သူရဲ့ အချစ်ဆုံး အကိုဆုံးတော့ သူလဲ ယူကြုံးမရ ဖြစ်နေတာ ပေါ့
သားကြီးဆုံးတော့ သားငယ် ကို ပိုချစ် လာမလား မှတ်တယ်
သားအကြီး ရဲ့ စံတွေ နဲ့ တိုင်းပြီး သားကြီး အတိုင်း ဖြစ်လာစေချင်ကြတယ်
အဖေ က သူ့ကို ဘုန်ကြီး ဖြစ်စေချင်တယ်
သူကတော့ ဘာသာရေးထက် သိပ္ပံပညာ ကို စည်းပူးချင်နေသူ engineer ဖြစ်ချင်နေသူ
ကျောင်းမှာ စာအတော်ဆုံးကျောင်းသား ဖြစ်ပြီး
ဘာသာရေး စာ ကို တော့ မနှစ်မျို့ဘဲ အမှတ်နည်း နေတက်တယ်
(ထိုအချိန်က ကျောင်းစာတွေမှာ ဘာသာရေး ကိုလဲ သင်ရတယ်)
တစ်နေ့ သူအပြင်းဖျားတော့ သေလုဆဲဆဲ ဖြစ်နေပြီ
သူ့အဖေကို ပြောလိုက်တယ် သူမသေဘူးဆို သူ Engineer ဖြစ်ချင်တယ်
Engineer ဖြစ်ခွင့်ပေးလို့ တောင်းဆို တော့
သူ့အဖေကလဲ ခွင့်ပြုရှာတယ်
ကမ္ဘာကြီး ရဲ့ သူရဲကောင်း ရှေ့ဆောင်လမ်းပြသူ ဖြစ်လာမယ့် Tesla က ထူးဆန်းစွာ ပြန်လည် ကျန်းမာ လာတယ်
တက္ကသိုလ် တက်ပြီး သူ့အဖေ ရဲ့ ဂုဏ်ယူတယ်ဆိုတာ ကို ကြားချင်လို့ နေ့မအိပ် ညမအိပ် ကြိုးစား နေတာ
သူ့ကျန်းမာရေး ကို ဆရာတွေကပါ စိုးရိမ်လာပြီး သူ့အဖေ ကို ပြောခဲ့ရတယ်
သူ့အဖေ က ကျောင်းကို ရောက်လာပြီး သူနဲ့ အတူ ဘုန်းကြီး လုပ်ဖို့ မဲဆွယ်ပြန်ကော
သူလဲ ကျောင်း က ထွက်ပြေး ပြီ လောင်းကစား တွေ လုပ်။ အထူးသဖြင့် ဘီလိယပ် ထိုးတာ အရမ်း ကြိုက်တယ့်သူ့ လေ
နောက်ဆုံး ရဲဖမ်းခံရပြီး ဘုန်းတော်ကြီး ဖြစ်တဲ့ ဖခင် ကို ရွဲ့ ခဲ့တယ်
ဖခင်ရဲ့ ဩဝါဒတွေ နားမခံ နိုင်တော့ ဘဲ နောက်ဆုံး သူ့ဦးလေး ရှိရာ Budapest ကိုသွားခဲ့တယ်
သူ့ဦးလေး က Thomas Edison ရဲ့ Company မှာ လုပ်နေတာ ဖြစ်ပြီး သူ့ရဲ့ ပညာစွမ်းတွေကြောင့် Edison ရဲ့ မဖြေရှင်းနိုင်တဲ့ Electric Currrent တွေကို ပြင်ပြ လိုက်နိုင်တယ်
ပြင်သစ် ကိုလဲ သွားပြီး ပြင်ပေးရတယ်
သူ့ရဲ့ ကျွမ်းကျင်မှု တွေက နောက်ဆုံး Edison နား ပေါက်သွားတယ်
Edison က သူ့ကို အမေရီက ခေါ်ပြီး သူစမ်းသပ်နေတဲ့ Direct Current တွေ ကို ပြင်ခိုင်းတယ်။ သူ့ရဲ့ dynamo ကို ပြင်ခိုင်းတယ်
သူ့ကို ဒေါ်လာ ၅၀,၀၀၀ ပေးမယ် ဆိုပြီး လုပ်ခိုင်းတယ်
(ဒီနေ့ခေတ်နဲ့ တွက်မယ်ဆို ဒေါ် လာ ၁၃ သန်း လောက် ရှိတဲ့ ပိုက်ဆံပေါ့)
သူပြင်ပြီး ချိန်မှာ သူခိုးကြီး Tom က ဘာပြောလဲ ဆိုတော့
“မင်းက အမေရီကန်ဟာသ ကို နားမလည်ဘူးပဲ” လို့ပြော လိုက်တယ်
“Tesla, you don’t understand our American humor” တဲ့လေ
Reference: Alex Knapp on Forbes Magazine, The Oatmeal Comic and Richard Munson book “Tesla, inventor of the modern”
Tesla က Edison နဲ့ ငြင်းခုန်မှု တွေ ခဏခဏ ရှိနေပါတယ်
DCသုံး ဖို့ ရယ် AC သုံးဖို့ရယ်
AC က High- voltage electricity ဖြစ်လို့ Edison ကကြောက်ပါတယ်
ပညာရှင် Tesla ကတော့ DC လိုပါမွှား ထက် AC လို လျှပ်စစ် ကို Long-distance ပို့လို့ရတာ ကို ပိုပြီး ကြိုက်တယ်
ပညာရှင်ဆိုတော့ ပိုပြီး ကြီးတာ တွေကို သိနေတာ လေ
သူခိုးကြီး Tom ကတော့ ပိုက်ဆံရဖို့လောက် သိသူ ဆိုတော့ အမြင် မကျယ် ဘူး
Tesla က သူရစရာ ရှိတာ မရလို့ ကိုယ်တိုင် Company ထောင်လိုက်တယ်
ပြီးတော့AC ကို Niagara ရေတံခွန်က နေ Chicago World’s fair ထိ မီးရအောင် လုပ်ပြလိုက်တယ်
AC က လူသိများလာချိန် သူခိုးကြီး Tom ဘာလုပ်သလဲ
အသုံးမကျ တဲ့ စီးပွါးရေး သမား တပို့ တဲ့ သမား က ကျောင်းသားငယ်လေးတွေ ကို ပိုက်ဆံ ပေး ပြီး အိမ်တွေက ကြောင်တွေ ၊ ခွေးတွေ ကို ဖမ်းခေါ်လာခိုင်းတယ်
ပြီး တော့ ရက်ရက်စက်စက် ဓါတ်ကင် ပြီး သတ်ပလိုက်တယ်
ပြီးမှ လမ်းပေါ် သွား တင်ထားလိုက်တယ်
လူတွေ ကို AC ကြောင့် အိမ်မွေးတိရစ္ဆာန် တွေ သေကုန်ပြီ လို့ သတင်းလွင့် တယ်
နောက်ဆုံးတော့ AC က နာမည် မှိန် လာရတော့တာပေါ့
Edison ကိုယ်တိုင်က တော့ Manhattan မှာ ရှိတဲ့ Pearl Street ကို ပထမဆုံး လမ်းမီး ပေးနိုင်သူ ဖြစ်သွားတယ်
Tesla လုပ်ပေးခဲ့တဲ့ Dynamo ကြောင့်လေ
Tesla က Company ထောင်ပြီး Westinghouse ဆိုတဲ့ လူနဲ့အတူတူ Electric Motor တွေ ကို ရောင်းချ ခဲ့တယ်
Royalty fees လေးနဲ့ ပေါ့
သောက်ကျင့် မကောင်းတဲ့ Eidson နဲ့ Westinghouse တို့ အားပြိုင်မှု ကနေ မဆိုင်တဲ့ Tesla ရဲ့ Electric Motor တွေရဲ့ Royalty fees လေးပါ လက်လျော့ လိုက်ရတယ်
ပထမ က motor တစ်ခု ထုတ်တိုင်း ပိုက်ဆံ ရနေတာ ကနေ Westinghouse က အဆင်မပြေ တော့လို့ မပေးနိုင်တော့ဘူး ပြောတာ ကို အေးဆေး လက်ခံ ခဲ့တယ်
သူ့အနေနဲ့ ငြင်းလို့ ရပေမဲ့၊ Patent ပိုင်ဆိုင်မှု ကို တရားရင်ဆိုင် လို့ ရပေမဲ့၊ လူသားအကြိုးပြုဖို့ စဉ်းစားနေတဲ့ Tesla က လွယ်လွယ်ပဲ လက်လျော့ပေးလိုက်တယ်
ဒါပေမယ့် သူလက်မလျော့တာ က ပိုကြီး တဲ့ အရာတွေ လုပ်ဖို့ ပါပဲ
သူဆက်လက် ထွင်ခဲ့တဲ့ နည်ရပညားတိုင်း ကလဲ ကံမကောင်းစွာ သူခိုးတွေ လက်ထဲ မှာ ပဲ အဆုံးသတ်သွားရတယ်
Radio ထွင်လိုက် မှုကြောင့် Macroni ဆိုတဲ့ လူဟာ Nobel Prize ရသွားတယ်
Tesla ဆီမှာ လာလေ့လာပြီး Tesla လုပ်နေတာ တွေကို ယူသွားတာ
သူတော်ကောင်းကြီး Tesla ကတော့ ဘာတခွန်းမှ မဟ
သူဘာပြောသလဲ
“Macroni is a good fellow. Let him continue” တဲ့လေ
Radar ကိုကော ကြားဖူး လား
ဘယ်သူစခဲ့တဲ့ အကြံထင်တုန်း Tesla ပဲ
Robert A Watson-watt က 1935 မှာ radar ကို စတွင်ပြီး မှုပိုင်ခွင့်ရခဲ့တယ်
လွန်ခဲ့ သော ၁၈ နှစ် 1917 မှာ Tesla တစ်ယောက် ကမ္ဘာစစ်ကြီးမှာ ဒုံးတွေ ကို ဖမ်းနိုင်မယ့် ဟာ ကို အမေရီကန်စစ်တပ် ကို အကြံသွားပေးတယ်
သူခိုးကြီး Tom က အာ့မှာ နေရာကြီးကြီး ယူထားတော့ သူ့အကြံ ကို ပယ်လိုက်တယ် လေ
အော်ရယ်လိုက်ချင်တယ် Edison ရယ်
X-rays ကို ဘယ်သူ စတင်ခဲ့ လဲ သိလား
သူတော်ကောင်းကြီး Tesla ပဲလေ
ဒါပေမယ့် X-rays ရဲ့ ဆိုကြိုး ကို ကြိုသိထား လို့ သူက စမ်းသပ် ဖို့ ငြင်းဆန်ခဲ့တယ်
အမောင် Edison တို့ကတော့ သူ့ဝန်ထမ်း တစ်ယောက်နဲ့ တောင် စမ်းလိုက်သေး
ထိုကောင်လေး က လဲ Radioactivity ကြောင့် သေသွား ရတယ်လေ
ဟားဟား ဟား Edison ရယ်
နောက်ဆုံးတော့ “Don’t talk to me about X-rays. I am afraid of them” တဲ့ လား
Hydroelectric လား Tesla ထွင်ခဲ့တာ
Earthquake machine လား
Remote Control လား
Wireless communication တွေလား
စက်ရုပ်လား
Tesla ကြီး စတင်ခဲ့တာ တွေချည်း ပဲ
Tesla မှာ ယုံကြည်ချက် တစ်ခု ရှိတယ် တစ်ကမ္ဘာလုံး က လျှပ်စစ် ကို Wirelessly သုံးလို့ ရဖို့ ရယ်
ဒီကမ္ဘာမြေကြီး ကနေ ကြိမ်နုန်း တွေ ထွက်နေတာ သိလို့ သူစတင်ခဲ့တယ်လေ
နောက်ဆုံး funding မရတော့ လို့ ရပ်လိုက်ရတယ်
စဉ်းစားကြည့်
တစ်ကမ္ဘာလုံး က လျှပ်စစ်မီး ကို အိမ်ထဲမှာ ပဲ ပလပ် ထိုး ပြီး သုံးလို့ ရနေရင်
ခုလို ကြိုးတွေနဲ့ မဟုတ်ရင်
တစ်ကမ္ဘာလုံး နော်
မြို့ကြီး တွေ တင်မဟုတ် ဘူး
ကျေးရွာတွေက အစ
တစ်ကမ္ဘာလုံး
တနေ့ သူရဲ့ စက်ရုံကြီး မီးလောင် သွားတယ်
ဘာကြောင့်လဲ ဆိုတာတော့ မသိရဘူး
ဒါပေမယ့် သူစနေတဲ့ ပညာတွေ အကုန်လုံး မီးထဲ ပါသွားတယ်
သူ့ရဲ့ ပိုက်ဆံတွေ လဲ ကုန် ပြီ
ဟိုတယ်တွေ မှာ အိပ်ရတယ်
အကြွေးတွေ ဝိုင်းနေတယ်
နောက်ဆုံး သူနေတဲ့ဟိုတယ် နဲ့ အနီးဆုံး ပန်းခြံ ကို လမ်းလျောက်ရင်း သူဒါဏ်ရာ ရလာတယ်
ဘယ်အကောင် လာလုပ်တာ လဲ မသိရ သူလဲ ထုတ်မပြော ခဲ့ဘူး
ဆေးကုဖို့ လဲ ငြင်းဆန်ခဲ့တယ်
ပန်းခြံထဲမှာ ခိုစာကျွေး ရင်း သူ့ရဲ့ နောက်ဆုံးနေ့တွေ ကို ရှင်သန်ခဲ့ရတယ်
ထိုဒါဏ်ရာ ကြောင့်ပဲ သေဆုံးသွား ရတယ်
သူသေတော့ သူ့ ရဲ့ Diary တွေ နည်းပညာတွေ ကို FBI က သိမ်းထားလိုက်တယ်
ဘာလို့ဆို သူမသေခင် က ပြောခဲ့တာ ရှိတယ်
ဒီစစ်ပွဲတွေ ကို ရပ်နိုင်တဲ့ နည်းပညာ သူ့မှာ ရှိတယ်
သူခိုးတွေကိုကြောက်လို့ ထုတ်မပြခဲ့ တာ
Death-rays လို့ ခေါ်တယ်
တိုင်းပြည်ထဲ လေပေါ်က လာလာ ရေပေါ်ကလာလာ
ဘာနဲ့ လာလာ အကုန်မျိုးပြုတ်အောင် လုပ်ပစ်လို့ ရတဲ့ နည်းပညာတဲ့ လေ
သူက Einstein ကို သဘောကျတယ်
Mark Twain နဲ့ သူငယ်ချင်း အရင်းကြီး
Einstein ရဲ့ speed of light က အမြန်ဆုံး ဆိုတာ ကို လက်မခံ ခဲ့ဘူး
သက်သေပြဖို့ ကြိုးစား ခဲ့တယ်
Einstein ထက် အသက်ကြီးတယ်
သူလက်ခံ ထားတဲ့ Physic က ဟိုးအရင်ကသီအိုရီတွေ ဖြစ်လို့ Einstein သီအိုရီ ကို လက်မခံ ခဲ့တာ
သူလဲ မှန်ချင်မှန်နေမှာ ပေါ့
ငယ်ငယ်ကတည်း က မိဘရဲ့ ချစ်ခင်မှု ကို အပြည့်အဝ မရ
ဂုဏ်ယူတယ် ဆိုတဲ့ စကား ကို မကြား ခဲ့ ရတဲ့ Tesla ဟာ သေဆုံး ချိန်ထိ ကမ္ဘာကြီး က သူ့ ကို အသိအမှတ် မပြုနိုင်ခဲ့ ဘူး
ဒီနေ့ခေတ်မှာ တော့ Tesla လို့ပြော လိုက် ရင် Elon Musk ရဲ့ company လို့ ပဲ လူသိများ ကြတယ်
Physicist Elon Musk ကလည်း Tesla ကို ဂုဏ်ပြုပြီး Company ထောင်ထားခဲ့တာ
အခြား Physicist တွေ ကလဲ unit of magnetism ကို Tesla လို့ နာမည် ပေးထားတယ်
1 Tesla = 10,000 gauss, 20,000 times of magnetic fields
T အကြီး လို့ သင်္ကေတ မှတ်ယူတယ်
တကယ်လို့ ဆေးရုံရောက် ပြီး MRI စက်နဲ့ စမ်း ကြည့် တဲ့အခါ ထို MRI စက်ရဲ့ magnetic field က 1 Tesla လို့ ခေါ် ကြတယ်
Thomas Edison က သာမန် စီးပွါးရေး ပညာရှင်လေး ပါ
Nikola Tesla ကတော့ ကျုပ်တို့ရဲ့ ကျေးဇူးရှင်
တွေးမိတယ်
သူသာ လုပ်ပိုင်ခွင့်တွေ အကုန် ရရင် ခု ကျနော်တို့ က Interstellar ကို လုပ်နိုင်နေတော့မှာ ပဲ
Elon Musk ကတော့ Space X ကို လွှင့်လိုက်ပြီ လေ
သားလေး မွေးလာ ခဲ့ ရဲ့ Tesla လို့ နာမည် ပေးမယ်
သမီးလေး မွေးလာရင် Nikola လို့ နာမည် ပေးမယ်
generation အဆက်ဆက် Nikola Tesla ကို ဂုဏ်ယူ နေပါစေ
“I don’t care they stole my ideas ……, I care that they don’t have any of their own” - Tesla
“If your HATE could be turned into electricity, it would light up the whole world.” - Tesla
“It takes a thousand men to invent a telegraph, or a steam engine, or a phonograph, or a photograph, or a telephone or any other important thing—and the last man gets the credit and we forget the others. He added his little mite — that is all he did. These object lessons should teach us that ninety-nine parts of all things that proceed from the intellect are plagiarisms, pure and simple; and the lesson ought to make us modest. But nothing can do that.” – Mark Twain
Ref: Interview of Richard Munson by Michio Kaku
, Alex Knapp , The Oatmeal

Comments