လိင်စိတ်က အားကြီးသလား
ဒေါသစိတ်က ပိုအားကြီးသလား
ပီမိုးနင်းက တခါက စာတအုပ်ထဲ မှာဖော်ပြဖူးတယ်
“လိင်စိတ်က လူတွေရဲ့ စိတ်မှာ ဖြစ်လာသမျှ အားတွေထဲမှာ အားကြီးတယ်
ဒါကြောင့် လိင်စိတ်ရဲ့အားကိုပြောင်း ပြီး ကျနော်တို့ က အခြားအရာပေါ်မှာ လေ့လာမယ်ဆို ပိုကောင်းနိုင်တယ်” လို့ သူ က အကြံ ပြုရေး ဖူး တယ်
(သူရေးထားတဲ့အတိုင်းမမှတ်မိလို့ ဒီအတိုင်းပြန်ရေး ပြချင်းပါ)
ကျနော်တို့က စိတ်ရဲ့အားကိုတော့ ကောင်းကောင်းနားလည် ခံစားရပါတယ်
ဥပမာ ဒေါသဖြစ်ချိန်မှာ ထွက်လာတဲ့ စိတ်ရဲ့အားက အရမ်းပြင်းထန်လို့ ကျနော်တို့ ရဲ့ ပုံမှန် အသိစိတ်ကို (consciences) လွှမ်းခြုံ နိုင်ပါတယ်
ရိုက်တာ၊ထိုးတာ၊ လူသတ်တာ တွေ ဖြစ်လာနိုင်ပါတယ်
ပုံမှန်စာဖတ်နေချိန်မှာ ဖြစ်တဲ့ စိတ်ရဲ့အားကတော့ အသိစိတ်နဲ့ ယှဉ်ပြီးတွဲနေလို့အား ငယ်တယ်လို့ ပြောရမတပ်ပါ
လိင်စိတ်ဖြစ်ချိန်မှာကော တကယ်ပဲအားကြီးသလား
ဆိုတော့ စိတ်ဆိုတာ ဘာလဲ ဘယ်လိုတွေ ဖြစ်နေတာလဲ ကို အရင်နားလည်ကြည့်ကြရအောင်
ကျနော်ကသိပ္ပံပညာကိုယုံတော့ဖတ်သိနားလည်ထားတဲ့ သိပ္ပံနဲ့ ယှဉ်ပြီး ပြောပြချင်ပါတယ်
စိတ်ဆိုတာက ဦးနှောက်ကြီးပါပဲ
➡️အချို့ကတော့ စိတ်ဆိုတာ ဦးနှောက်မဟုတ်ဘဲ ဦးနှောက်က စိတ်ကိုဘာသာပြန်ပေးသူအဆင့်ပဲ လို့ဆိုကြပါတယ် ဒါကတော့ ၁၉ရာစုကအယူအဆပါ
ယနေ့ခေတ် Neuroscienceကပြောတာတော့ စိတ်ဆိုတာ ဦးနှောက်ပါပဲ ပြီးတော့ စိတ်ဗေဒတွေ အကုန်လုံးက ဇီဝဗေဒ တွေပါပဲ (everything psychological is biological)
ဦးနှောက်ကိုလေ့လာရအောင်
ကျနော် တို့ ဦးနှောက် ကို အပိုင်းသုံးပိုင်း ခွဲ ပြီး နားလည် လို့ ရတယ်
Cerebrum, cerebellum and brainstem
Cerebrum ကအကြီးဆုံး အပိုင်း (သူကတော့ စိတ်ခံစားချက်၊မှတ်ဉာဏ်၊ အာရုံငါးပါး အကုန်လုံးနဲ့ ဆိုင်တာ ရှိတယ်)
သူ့အောက်မှာ cerebellum ရှိတယ် (သူ့ထဲမှာတော့ ကိုယ်နေကိုယ်ဟန်ညီအောင် ထိန်းပေးတာ)
သူတို့နှစ်ခုကြားထဲမှာbrainstemရှိတယ်နှစ်ခုစလုံးကို ချိတ်ဆက်ပေးနေပြီးကိုယ်၊လက်၊ခြေ၊ကျန်တာတွေကို ဆက်ထားပြီးသတင်းအချက်အလက်ပို့ပေးနေတာ)
Cerebrumကနှစ်ခြမ်း ရှိတယ် (ဘယ်၊ညာ)
ကြားထဲမှာcorpusအမျှင်တွေကဆက်သွယ်ပေးပြီး
ဘယ်ဘတ် အပိုင်းက ညာဘက် ခန္ဓာကိုယ်ကို ထိန်းချုပ်နေပြီး
ညာဘတ် အပိုင်းက ဘယ်ဘက် ခန္ဓာကိုယ်ကို ထိန်းချုပ်နေတယ်
(သို့သော် အကုန်လုံး ကို ထိန်းချုပ်နေတာ တော့မဟုတ်ပြန်ဘူး)
ဘယ်ဘက် ဦးနှောက်အပိုင်းက စကားပြောတာ၊နားလည်နိုင်စွမ်းရှိတာ၊ဂဏန်းသင်္ချာ၊စာရေးတာ (ပြီးတော့ ဘယ်သန် ညာသန် ဖြစ်တာ ကို ထိန်းချုပ်ပြန်တယ်)
ညာဘက်ဦးနှောက်ပိုင်းကတော့ spatial ability (ဘာသာပြန်ရခတ်နေတယ် 😂)၊ အနုပညာခံစားမူ၊ဂီတခံစားမူ တွေကို ပြုတယ်
အချို့လူတွေက ပြောကြတယ် ဘယ်သန် ဆို အနုပညာခံစားမူအားကောင်း ပြီး အနုပညာရှင်ဖြစ်နိုင်တယ် တဲ့လေ (တကယ်က ဘယ်သန် ၊ညာသန်နဲ့ မဆိုင်ဘူး ညာဘက်ဦးနှောက်က ပိုပြီးအားကောင်းလို့ပါ)
ဦးနှောက်ကို အသေးစိတ်လေ့လာကြည့်ရအောင်
ထို ဦးနှောက်အခြမ်းတခုစီမှာ lobes တွေ ၄ ပိုင်းရှိသေးပါတယ်
Frontal lobe, Temporal lobe, Parietal lobe and Occipital lobe
Frontal lobe ထဲမှာ Broca area ဆိုတာ ရှိတယ်
သူက စကားပြောတာ စာရေးတာ တွေကို ထိန်းချုပ်တယ်
Motor strip ဆိုတဲ့ အပိုင်းလဲ ရှိတယ် သူက ခန္ဓာကိုယ်လှုပ်ရှားတာ ကို ထိန်းချုပ်တာ
Frontal cortex အပိုင်းကြီးက တော့ စိတ်ခံစားချက်(emotion) တွေ၊ ဆုံးဖြတ်ချက်ချတာ၊ပြဿနာတွေရှင်းတာ၊အာရုံစူးစိုက်တာ၊ ဉာဏ်ရည်၊ကိုယ့်ကိုကို သိနေတာတွေ (self-awareness) ကိုလုပ်ဆောင်တယ်
Parietal lobe ထဲမှာ တော့ sensor strip ဆိုတာ ရှိတယ်
သူက အာရုံငါးပါးကိုသိနေတာ
စကားလုံးတွေ ကိုသိနေတာ၊ ဘာသာပြန်တဲ့ အရည်းအချင်းကို လုပ်ဆောင်နေတာ
Occipital lobe ကတော့ အရောင်တွေကိုသိပြီး ဘာသာပြန်ပေးနေတာ
Temporal lobe ထဲမှာ တော့ Wernicke area ဆိုတာ ရှိတယ် သူက ဘာသာစကားနားလည်နိုင်စွမ်းကို ပြုမူတာ
Temporal lobe အထဲမှာအကြားအာရုံကိုလဲ သူကအဓိက တာဝန်ယူပေးတယ်
မှတ်ဉာဏ်တွေကိုလဲသူ့နေရာမှာသိမ်းထားတာ
တစ်ခု သိထားရမှာက ထို lobes များ က တခုထည်း အလုပ်မလုပ်ဘူး အကုန်လုံးကတက်ညီလက်ညီ အလုပ်လုပ်နေကြတာ
ဘယ်ဘက်ဦးနှောက်ကတော့ ဘာသာစကားပြောတာ နားလည်တာ တွေကို အဓိကထား လုပ်တယ်
ညာဘက်ဦးနှောက်ဘက်ပိုင်းကတော့ ပုံရိပ်တွေကို ဘာသာပြန်တာ အဓိက ထားလုပ်တယ်
ဘယ်သန်တော်တော်များများရဲ့ စကားပြောနိုင်စွမ်းတွေက ဦးနှောက်ရဲ့ ညာဘက်ခြမ်းမှာ ရှိနိုင် တယ်
စကားမစပ်ကျနော်က ဘယ်သန်ပါ တကယ်လို့ ကျနော်က တခုခုဖြစ်ပြီးစကားပြောနိုင်စွမ်းကျသွားရင် ကျနော့်ရဲ့ ဘယ်ဘက်ပိုင်းကို ခွဲစိတ်ရမှာမဟုတ်ဘဲ ညာဘက်ကို ခွဲစိတ်ရဖို့ ဖြစ်နိုင်ခြေများတယ်
ဦးနှောက်ရဲ့ အပေါ်ကအကာ တွေကို cortex လို့ခေါ်ပြီး grey matter လို့လဲ ခေါ်တယ်
အောက်က အလွှာကို တော့ white matter လို့ခေါ်တယ်
White matter တွေက grey matter နဲ့ ချိတ်ဆက်နေပြီးneuron တွေကို lobe တခုကနေ နောက် တခုကို ဆက်သွယ်နေပါတယ်
ထိုအလွှာတွေရဲ့ အောက်ဆုံးအလွှာမှာ hypothalamus ဆိုတာရှိတယ်
သူကတော့ အဓိက ရေဆာတာ၊ဗိုက်ဆာတာ၊သေးပေါက်ချင်တာ 😁၊အိပ်တာ၊လိင်စိတ်တွေကို ဖြစ်စေတာ
ခန္ဓာကိုယ်အပူချိန်တွေကိုလဲထိန်းတယ်
သွေးပေါင်ချိန်တွေကိုလဲသူကထိန်းချုပ်တယ်
စိတ်ခံစားချက် (emotions) တွေလဲ ထိုနေရာမှာ အဓိကဖြစ်တယ်
ဟော်မုန်းတွေကိုလဲ ထုတ်ပေးနေတဲ့နေရာလို့လဲပြောလို့ ရတယ်
Everything psychological is biological ဆိုတာကို ဆက်ကြရအောင်
စိတ် ဖြစ်လာတာတွေက ဇီဝဖြစ်စဉ်တွေနဲ့ အတူတူ ပဲ ဆိုတာ ဘာကိုခေါ်သလဲ
Hormones တွေကို ပြောချင်တာပါ
Master gland လို့လူသိများပြီးpituitary gland က ဦးခေါင်းခွံ နား မှ ကပ်နေတဲ့ အရာပါ
သူကတော့ hypothalamus နဲ့ချိတ်ဆက်နေပြီး ဟော်မုန်းတွေကိုထုတ်ပေးနေပါတယ်
လိင်စိတ်နဲ့ ဆိုင်တာတွေ၊ အရိုးဖွံ့ဖြိုးမူတွေကို အဓိကလုပ်ပေးနေပါတယ်
သူကအခြားဟော်မုန်း တွေကို ကြီးထွားပိုများအောင်လဲလုပ်ပေးတယ်
ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ အဓိကထုတ်ပေးနေတဲ့ နေရာတွေ ကဘာတွေလဲ
၁။အဆုတ်
Adrenal gland ကိုထုတ်ပေးတယ်
သူကကြောက်လန့်စေချင်း ကိုဖြစ်တဲ့ ဟော်မုန်း
(အခြားဟော်မုန်းတွေလဲအများကြီးထုတ်တယ်)
၂။Pancrea
သူက သွေးထဲအချိုဓာတ်ပါဝင်နုန်း ကိုချိန်ညှိပေးတာ
၃။Thyroid gland (လည်ပင်းနားမှာရှိတာ)
သူက ဇီဝကာမ ဖြစ်စဉ်ကို ပြုမူတယ်
၄။Parathyroid (လည်ပင်းမှာပဲ ရှိတာ)
သွေးလည်ပတ်မူကောင်းအောင်ကူညီပေးတာ
၅။Testicle (ဝှေးစေ့)/Ovary
ကျား/မ လိင်စိတ်ဆန္ဒ ကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်ပေးတာ
ထိုထို ဟော်မုန်းထုတ်ပေးတဲ့ နေရာတွေရဲ့ ခေါင်ကြီးကတော့ pituitary gland ၊ master gland လို့လူသိများတဲ့အရာ ဦးနှောက်ရဲ့ hypothalamus နဲ့ ချိတ်နေပြီး ထိန်းချုပ်ခံနေရတယ်
ဆိုတော့ လိင်စိတ်ကို ဥပမာ ပြရလျင် ဝှေးစေ့ (သို့) မမျိုးဥ တွေက ထွက်လာတဲ့ ဟော်မုန်းတွေကြောင် လိင်စိတ်ဖြစ်လာတာ
ထိုနေရာက ဟော်မုန်းကောင်းကောင်း ထွက်နိုင်အောင်ကို လဲ master gland ကနေထိန်းချုပ်နေတယ်
(လူအပြောများနေတဲ့ အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့ အချိန် လိင်စိတ်ဆန္ဒ မရှိတော့ဘူး၊ ယောက်ျားတွေကတော့ ဖွဲတဆုပ် ကိုင်နိုင်တဲ့အရွယ် (အဘိုးကြီးအရွယ်) ထိတောင် လိင်စိတ်ရှိတုန်း ဆိုတာ အမှန်ပါပဲ)
အပေါ်မှာ ပီမိုးနင်း ပြောတဲ့ လိင်စိတ်ကအားကြီးတယ်ဆိုတာ ဟုတ်ရဲ့လား
ဒေါသစိတ်ကကောအားကြီးတယ်မဟုတ်လား
(လိင်စိတ်ကတော့ အကြောင်းအမျိုးမျိုးကြောင့်မူတည်ပြီး ဖြစ်လာနိုင်ပါတယ်။ကိုယ်လုံးတီး ကောင်လေး ကောင်မလေး ကိုမြင်လိုက်လို့ (သို့) မှတ်ဉာဏ်ထဲက ပြန်ဖော်လိုက်လို့)
ကျနော်တို့ လိင်စိတ်ဖြစ်ချိန်မှာ master gland ကနေ ဟော်မုန်းတွေ ထုတ်ပေးလိုက်တယ်
ဝှေးစေ့(သို့)မမျိုးဥ ရှိရာက ထပ်ဆင့်ဟော်မုန်းထုတ်ပေးတယ်
ထိုဟော်မုန်းဖြစ်စဉ်က အရမ်းမြန်ပါတယ် ကျနော် တို့ prefrontal cortex (အသိစိတ်) ကဝေဖန်ပိုင်းခြားမူ မပြုနိုင်ခင်မှာပဲ ထိုဟော်မုန်းတွေက အသွား (master gland ကနေ ဝှေးစေ့/မမျိုးဥ ရှိရာ) အပြန်ကို လုပ်နေပါပြီ
အသိစိတ်ကဝေဖန်ပိုင်းခြားမူပြုနေချိန်မှာလဲ ဟော်မုန်းတွေကဖြစ်နေပြီး ကျနော်တို့တခုခု လုပ်ဖို့ အသိစိတ်က ညွန်းကြားလိုက်ပါတယ်
Masturbation (တကိုယ်ရည်အာသာဖြေမူ) ပြုဖို့ ဒါမှ မဟုတ်ကိုယ့်ရဲ့ partner နဲ့ လိင်ဆက်ဆံဖို့ ညွန်ကြားပါတယ်
(ချစ်သူနဲ့ နှစ်ယောက်ထဲ ရှိချိန်မှာတော့ အာသာဖြေဖို့ အသိစိတ်က မညွန်ကြားတာကြိမ်းသေပါပဲ 😂)
ဆိုတော့ မုဒိမ်းမူကြူးလွန်သူတွေကို သိပ္ပံရှူထောင့်ကနေကြည့်ရင်
prefrontal cortex က ညွန်ကြားမူ အလွဲကို လက်ခံလိုက်ရပြီး လုပ်ကြတယ်လို့မြင်မိတယ်
(ညွန်ကြားမူ အလွဲလို့လဲပြောမရဘူး လိင်စိတ်ဖြစ်ချိန်မှာသူက အာသာဖြေဖို့နဲ့ လိင်ဆက်ဆံဖို့ပဲ ညွန်ကြားမှာ သို့ပေမယ့် ဟော်မုန်းတွေကများနေပြီး prefrontal cortex ရဲ့ဆုံးဖြတ်ချက်ချတာက အချိန်မလုံလောက်တော့ဘဲ အခြားtemporal lobe တို့ဘာတို့ ကပေးပို့တဲ့ သတင်းတွေနဲ့ ရှုပ်ကုန်ပြီး ဥပမာ ရှေ့ကဖြတ်လျောက်သွားတဲ့ကောင်မလေးလှတယ်ကွာ လုပ်ကွာ ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တာဖြစ်နိုင်ပါတယ်)
ကျနော်တို့ လိင်စိတ်ကို နားလည်ပါပြီ
ဒေါသ စိတ်ကလဲ ထို့အတူပါ
ဥပမာလေး တခုကြည့်ရအောင်
လူတစ်ယောက်က သံရိုက်နေတယ်
ဘေးနားက လူတစ်ယောက်လဲ ရှိတယ်
ဘေးနားက လူကြောင့် သူကလက်ကိုတူနဲ့ ထုလိုက်မိတယ်
သူက ချက်ချင်း ဒေါသ ထွက်သွားတယ်
ဘေးနားကလူကို ထ ထိုးမလား ၊ သူ့လက်အနာ ပျောက်အောင်နေမလားဆိုတာက တော့ သူ့ဆုံးဖြတ်ချက်ပေါ့လေ
Neuroscience အမြင်ကနေ ကြည့်ရင်တော့ တူနဲ့ လက်ကို ထုမိလိုက်ချိန်မှာ ချက်ချင်းလက်ငင်း cell တွေက brainstem ကို သတင်းပို့တယ်
Brainstem ကနေ 4 lobes ကို ဆက်တယ်
(ထို 4 lobes ကလဲ တခုထည်းအလုပ်မလုပ်ဘဲ တက်ညီလက်ညီ အလုပ်လုပ်ကြတယ်)
Parietal lobes ထဲက sensor strip ကိုသတင်းရောက်တယ်
ထို sensor ကနေ pain နာကျင်မူဆိုပြီး သတင်းပြန်ပေးတယ်
ထိုတချိန်ထဲမှာပဲ cells တွေကအချင်းချင်း သတင်းတွေပို့ကြတာ လက်ကိုချက်ချင်းနေရာပြောင်းဖို့ ခိုင်းလိုက်သလို hypothalamus ရဲ့ emotion တွေသိရာ နေရာကို လဲ ရောက်လာတယ်
Prefrontal cortex က သေချာဝေဖန်ဆုံးဖြတ်ချက်မချနိုင်ခင်မှာ emotions အားကောင်းပြီး brainstem ကို ချက်ချင်းခိုင်းလိုက်တာ က တူကို လွှင့်ပစ်လိုက်ကွာ၊ အာ့ကောင်ကို ဆဲလိုက်ကွာ၊ ထ ထိုးပလိုက်ကွာ ဆိုတာမျိုးပါ
ထိုအချိန်မှာ ဟော်မုန်းတွေကလဲအတူတူ အလုပ်လုပ်နေကြပါတယ်
ထူးခြားတာက ဒေါသထွက်ချိန်မှာ နှလုံးခုန်နုန်း မြန်လာတယ် သွေးကြောတွေတင်းသွားတယ်၊ Testosterone ဟော်မုန်းတွေ အများကြီး ထွက်လာပါတယ် (ဒါကဝှေးစေ့က ထွက်တဲ့ဟော်မုန်း… ဒါကြောင့်မိန်းကလေးတွေက ဒေါသထွက်တာ နည်းတာလားမသိဘူး၊ စိတ်ပဲကောက်ကြတာများတာ 😂)
ပြီးတော့ ဦးနှောက်ရဲ့ ဘယ် အခြမ်းက ဒေါသထွက်နေချိန်မှာ ပိုအလုပ်လုပ်နေပါတယ်
ကျနော်တို့ ဒေါသပြေချိန် (ဟော်မုန်းတွေငြိမ်ချိန်)
မှာ prefrontal cortex က ပြန်သုံးသပ်ပြီး မှားတယ်မှန်တယ် ပြောတာပါ
မှတ်ဉာဏ်ထဲ ပြန်တူးဖော်ရင်း ဟော်မုန်းတွေကိုပြန်ဖော်ကာ တချိန်လုံးလဲ ဒေါိသထွက်နေနိုင်ပါတယ်
Emotions တွေအကုန်လုံးက ထူးခြားမူတခုစီ ပိုင်ဆိုင်ထားကြတယ်
မတူညီကြပါဘူး
ဒါကြောင့် ဒေါသစိတ်အားနဲ့ လိင်စိတ်အား ကို ယှဉ်ဖို့ ခုထိတိုင်းတာလို့ မရသေးပါဘူး
ဘယ်ဟာက အားကောင်းလဲ
ပီမိုးနင်း ပြောသလို လိင်စိတ်က အားအကောင်းဆုံးလားဆိုတာ ကတော့ မသိသေးပါဘူး
Comments